<Unicode>
Ch. 56.Saved ( ကယ်ပေးခဲ့သော..)
#Translated by Irisbellar
မင်းသမီး Duanjiaလည်း တစ်ယောက် စိတ်ထဲမှာ တကျီကျီ ပြောနေရင်းနဲ့ မျက်လုံးတောင့်စွန်းကို ပွတ်သပ် နေတော့သည်။
"ချူးလျှို့! ငတုံးမလေး!
ဒါပြီးရင် နင်ကောင်းကောင်း အသက်ရှင် ပေးရမယ်။
နင် ဒီမင်းသမီးလေးကို ဘဲကင် တစ်ကောင်လုံး အကြွေးတင် နေသေးတာနော်။ နောက်တစ်ခါ ငါတို့၂ ယောက်လုံး အတူတူ ဘဲကင်ကြအုံးမယ်လို့လဲ နင်ကတိပေးထားသေးတယ်။! နင့်ကတိကို နင်ပြန် ရုတ်သိမ်းလို့မရဘူး။ အဲ့လိုသာဆို ဒီမင်းသမိးက ကျင်းအန် အိမ်တော်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်မှာ ။အထူးသဖြင့် နင့်ရဲ့ စိတ်ပျက်စရာ ဟို ငတုံး ယောက်ျားကို ပေါ့"
မင်းသမီး Daunjia စိတ်ထဲ ဟေးချန်အကြောင်း မမျှော်လင့်ဘဲ ပြောမိလိုက်သည်။ နှစ်ယောက်သား တော်တော်များများ အတူတူ စကားပြောလာခဲ့ကြတော့ ချူးလန်က သူမ အချစ်ဆုံး သူငယ်ချင်း ဖြစ်လာခဲ့ပြိးပြီ။ဒါတွေမက, ချူးလန်က လူကောင်း တစ်ယောက်။ ဒါကိုတောင် ဟိုဟေးချန်ဆိုတဲ့အကောင်က သူမကို ပစ်ထားရက်ခဲ့သေးတယ်။ တကယ့်ကို ရက်စက် တဲ့ လူ့တိရစ္ဆာန်ပဲ!!!
(ငါ့ဟေးချန်လေးကုန်ပါပြီဟယ်😢😢)
ချူးလန်ကတော့ အဆောင်ငယ်လေးထဲမှာ မတ်တပ်ရပ်နေခဲ့ပြီး ဘာမှ စဉ်းစားမရ ဖြစ်နေခဲ့သည်။ရင်ဘတ်ထဲက နှလုံးသားက ပေါက်ကွဲထွက်မတက် အမြန်ခုန်နေပြီ။ အခုချိန်မှာ မကြောက်ဘူးဘို့ ပြောရင် လိမ်တာပါ။ ဒါပေမယ့်လည်း ရွေးချယ်စရာ တစ်ခုတောင် မရှိဘူးလေ။ မင်းသမီး Daunjia ရဲ့ အပေါ်ထပ်အကျီကို အမြန်စွဲဝတ်ပြီး ပိတ်ထားတဲ့အဆောင်ရဲ့ ဝင်ပေါက်က မီးခိုးခေါင်းတိုင်နားကို ပြေးထွက်သွားခဲ့သည်။ သူမအကြီးအကျယ် ထိန့်လန့်မူကြီးကို ခံစားနေရ၏။မြက်ခြောက်တစ်ချို့ ဖုံးအုပ်ထားတဲ့ အောက်မှာ
ဝပ်နေရင်း သူမတုတ်တုတ် မလှုပ်ဘဲရှိနေသည်။အတွင်းစိတ်ကတော့ ဒီအဆောင်က နေ ပြေးလွှတ်နိုင်မယ့် လမ်းကြောင်းကို မြေပုံဆွဲကြည့် နေ၏။
သူမညာလက်လက်နဲ့ ရင်ဘက်ပေါ်ဖိပြီး နှလုံးခုန်သံ ခံစားကြည့်လိုက်သည်။ ဝမ်လန်ကိုသာ စစ်ကူခေါ်ပြီး မြန်မြန် ပြန် ရောက်လာပါစေလို့ အတွင်းထဲက ဆုတောင်းနေမိတော့သည်။
သူမအပေါ် ဖုံးအုပ်ထားတဲ့ မြက်ပင်တွေ ကြားအပေါက်လေး တွေကနေ လှမ်းကြည့်လိုက် တော့ သူတို့နောက် လိုက်လာသူ ၂ယောက်က ဒီအဆောင်ထဲကို တစ်လှမ်းချင်း ဝင်လာနေပြီဖြစ်သည်။အဲ့လူတွေက တစ်ကိုယ်လုံး အနက်ဝတ်စုံအပြည့် ဝတ်ထားပြီး အန္တရာယ်ပြုတော့မယ့် ပုံစံနဲ့ ပြူးပြဲရှာ နေကြတဲ့ မျက်လုံးတွေ ကလွဲပီး မျက်နှာကိုတောင် အဝတ်မဲနဲ့ အုပ်ထားခဲ့ကြသည်။ သူတို့လက်ထဲက ကိုင်ထားတဲ့ ဓားရှည်တွေပေါ်မှာ သွေးတွေ ပေကျံနေပြီး နီရဲရဲ သွေးစက်တွေက ဓားသွားထက်ထက် တစ်လျှောက် စီးကျနေပြီး ကြွေးပြားကြမ်းပြင် ပေါ်ကို တစ်စက်ပြီးတစ်စက် စိးကျနေသည်။ ချူးလန်ကတော့ သူ့နားထဲ သွေးစက်တွေ ကျနေသံကိုသာ တတောက်.တောက် နဲ့ ကြားနေသလို ခံစားနေခဲ့ရသည်။
သူမရဲ့နှလုံးကလည်း တစ် ဒိတ်ဒိတ်နဲ့ လည်ချောင်းအဝ ရောက်နေပြီး လူသတ်သမားတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့် နေခဲ့သည်။ ထိုလူ၂ယောက်က ဝင်ဝင်လာချင်းပဲ အခန်းထဲကို အကြည့်တစ်ချက် ဝှေ့ယမ်းခဲ့ပြီး ချူးလန်တို့ ၂ယောက်ထဲက တစ်ယောက်ယောက်ကို များမိမလား ရှာကြည့်လိုက်သည်။
ချူးလန် မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ပြီးနောက် မှာတော့ ညကောင်းကင်ယံက ကြယ်ကလေးများ ကဲ့သို့ သူမ မျက်လုံးများ လင်းလက်တောက်ပစွာ ပြန်ဖွင့်လာခဲ့သည်။
ထို့နောက် သူမ စိတ်ထဲကနေ ၁,၂,၃ လို့ရေလိုက်ပြီး သူမအပေါ်က ဖုံးဖိထားတာ တွေကို ဘေးကို တွန်းချကာ ဘာမှ ထပ်မတွေးတော့ဘဲ အခန်းဝင်ပေါက်ဆီသို့သာ တည့်တည့် ပြေးသွားလိုက်ပါတော့သည်။
လူသတ်သမား၂ယောက်လည်း အရှေ့က ထွက်လာတဲ့ မိန်းခလေးကို ကွင်းကွင်းကွက်ကွက် မြင်ခဲ့ကြပြီး တစ်ယောက်က နောက်ကလိုက်သွားကာ ကျန်တစ်ယောက်က အခန်းထဲ နေရစ်ခဲ့သည်။
ကျန်နေခဲ့တဲ့ လူသတ်သမားလဲ ချူးလန် ပုန်းနေခဲ့တဲ့ မီးခိုးခေါင်းတိုင်နား လျှောက်လာပြီး သူ့ဓားနဲ့ ဟိုလှန်ဒီလှန် ရှာကြည့် လိုက်သည်။ မြက်တွေကို ဖယ်လိုက်တော့ အထဲမှာ ပုန်းကျန် နေခဲ့တဲ့သူ တစ်ယောက်မှ မရှိတာ မြင်ပြီး ဒေါသငယ်ထိပ် ရောက်သွားခဲ့သည်။ အဲ့ဒီနောက် သူ အဆောင်တစ်ခုလုံးကို ဆက်ရှာ ကြည့်တော့သည်။
ဒီလူသတ်သမားတွေက အချဉ်တော့ မဟုတ်!!!
ထိုသို့လိုက်ကြည့် နေရင်း လူသတ်ကောင်ရဲ့ မျက်လုံးတွေက ဒီအဆောင်ရဲ့ တစ်ခုတည်းသော ရေတွင်းဆီသို့ ရှောက်ရှိသွားခဲ့သည်။
ထို့နောက် သူ ရေတွင်းဆီကို ခြေလှမ်းကျဲကျဲဖြင့် လှမ်းသွား၍ အပေါ်က သစ်သားအဖုံးကို မပြီး အတွင်းထဲကို စိုက်ကြည့်လိုက်သည်။ရေတွင်းက အတော် နက်တယ်ဆိုပေမယ့်လဲ နေရောင်.ဖြာကျ နေတာကြောင့် အောက်ခြေထိ ကောင်းကောင်း မြင်နိုင်ခဲ့၏။
ရေပေါ်မှာ မျောနေတဲ့ သစ်သားပြား တစ်ခုက လွဲလို့ ဘာမှ မတွေ့ခဲ့ရတော့ သူလည်း စိတ်လျှော့ပြီး ပြန်လှည့်သွားလိုက်သည်။
သစ်သားအပိုင်းလေးအောက်မှာတော့ ပုန်းကွယ်နေတဲ့ တော်ဝင်မင်းသမီ Duanjia ရှိသည်။ သူမ အပေါ်မှာ လေအဝရှူထားပြီး သစ်သားအပိုင်း အောက် မိနစ် အနည်းငယ်လောက် ဝင်ပုန်းနေခဲ့ခြင်းဖြစ်သည်။သူမ စိတ်ထဲမှာတော့ ထိုလူသတ်သမားတွေကို အကြိမ်တစ်ရာမက ကျိမ်ဆဲနေပြီး ချူးလန် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေခဲ့သည်။
အသက်ကို အမောတပန်း ရှူရိုက်နေရင်း ချူးလျန်ရဲ့ ခြေလှမ်းတွေက လေးသထက် လေးလာခဲ့သည်။
အနောက်က လိုက်လာတဲ့ ခြေလှမ်းသံ တွေက နီးသထက်နီး လာပြီးကြည့်ရတာ သူမ အတွက် မျှော်လင့်စရာ တစ်စက်မှ မရှိတော့ဘူးလို့ ထင်နေရသည်။
သူ့မအက်ျီ လက်ရှည် ခပ်ပွပွ အောက်မှာ ခေါင်းကနေဖြုတ်ယူထားတဲ့ ရွှေဆံထိုး ကို ကိုင်ထားခဲ့သည်။ တကယ်လို့ ဘာမှရွေးချယ်စရာ မရှိတော့ရင်တော့ သူမကိုယ် သူမ သတ်သေဖို့ ချူးလန် ဆုံးဖြတ်ထားခဲ့သည်။
သူမ ပင့်သက် တစ်ချက်ရှိုက် လိုက်သည်။ သွေးပူနေတဲ့ ချူးလန် တစ်ယောက် အခုချိန် သေရရင် တောင် မမှုတော့ပေ။ အကယ်၍သေသွားခဲ့မယ်ဆိုရင် တောင် သူမရဲ့ ကိုယ်ပိုင် အရင် ကမ္ဘာသို့ ပြန်ရောက် သွားနိုင်မလား စိတ်ထဲ တွေးမိခဲ့သည်။တကယ်သာ ပြန်ရောက် သွားရင် အရင်ဆုံး သူမလုပ်ချင်တာက ဒီ ဝတ္ထုရေးသူ စာရေးဆရာကို ပြစ်တင်ရှုံ့ချတဲ့ ဝေဖန်စာကို စာမျက်နာ ၅၀၀ လောက် ရေးပစ်ချင်နေတာဖြစ်သည်။
သူမနောက် လိုက်ဖမ်းတဲ့သူရဲ့အနက်ရောင် ပိတ်စနောက်ကွယ်က မျက်နာပေါ်မှာ မုန်းစရာကောင်းတဲ့ အပြုံးကြီး နဲ့ဖြစ်နေသည်။ လေကိုဆန်ပြီး သူမရှေ့တည့်တည့် တိုးဝင်လာတဲ့ ဓါးသွားထက်ထက်ကို ချူးလန် ခံစားရလို့ နီးနီးဖြစ်နေပြီ။
ချူးလန် အရုပ်ကြိုးပျက် အားအင် ကုန်ခမ်းသွားပြီး သူမ အသက်ရှူနိုင်ဖို့တောင် မနည်းရုန်းကန် နေရသည်။ လူသတ်သမားရဲ့ တိုက်ခိုက်မှုကို ရှောင်နိုင်ဖို့ ချူးလန် ရှိသမျှအားစုပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လာသော လူသတ်သမားကို မတွန်းလှန်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ချူးလန် ပစ်လှဲ ကျသွားပြီး နောက် လူသတ်သမား ဘက်ပြန်လှည့်ကာ သူ့မျက်နှာကို စိုက်ကြည့်နေခဲ့သည်။
ချူးလန် ကနှုတ်ခမ်းကို တင်းကြပ်စွာ ဖိကိုက်ထားခဲ့ပြီး ဆုံးဖြတ်ချက် ခိုင်မာလွန်းတဲ့ အမူအရာက သူမမျက်နှာပေါ်မှာ အထင်းသား မြင်တွေ့နေရသည်။
လူသတ်သမားကလဲ နောက်ဆုံးတော့ သူ့ပစ်မှတ်ထားပြိး လိုက်နေတဲ့ သူမမျက်နာကို မြင်တွေ့လိုက်ရပြီး သူ့မျက်လုံးထဲ စိတ်ပျက်မှု အရိပ်ရောင် သန်းသွားခဲ့သည်။ သူ လူမှားပြီး နောက်က လိုက်လာခဲ့ မိသွားပြီ!!!
ထိုသူ ဒေါသထွက်ပြီး စိတ်တိုတိုနဲ့ အော်ပြောလိုက်သည်။
".ဟာ...အယုတ်တမာမ ခွေးမပဲ"
နင် ငါ့ကို လှည်းစားဖို့ လုပ်ခဲ့တာပေါ့။
တော်ဝင်မင်း သမိး မဟုတ်လည်း မင်းကို အသက်ရှင်ခွင့် ပေးလိုက်လို့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ "
ပြောပြော ပြီးချင်းပဲ သူ့လက်ထဲက ဓားရှည်ကို ကိုင်မြောက်ပြီး ချူးလန်ရဲ့ ဖွေးဖွေးနုနု လည်ကုပ်ဆီသို့ ဦးတည် လိုက်သည်။
ဓားသွား အရောင်က ချူးလန် မျက်လုံးထဲ ရောင်ပြန် ဟပ်သွား၏။
သူမမျက်လုံး ပြူးကျယ်သွားခဲ့သည်။ သူမ 'အရှုံးပေးလိုက်တော့မယ်' ဆိုတဲ့ အတွေးကို ဖယ်ထုတ်လိုက်၏။ အခုအချိန်က ကျင်းထဲကျပ်ထဲ ရောက်နေတာ ဖြစ်ပေမယ့်လည်း သူမအရှုံးတော့မပေးလိုက်ချင်ပေ။ သူမဘယ်နေရာမှာပဲ ရောက်နေရောက်နေ သူမပိုင်ဆိုင်တဲ့ သူမကိုယ်ပိုင် အသက်ထက် ဘယ်အရာကမှ ပိုအရေးမကြီးပေ။ သူမ ကိုယ်ထဲ က ရသမျှ အတွင်းအား အကုန်ပေါင်းသွားပြီး မျက်လုံးထဲ အလင်းရောင် စက်ကလေး တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ ဆက်ကနဲ ရှောင်၍ လူသတ်ကောင်ရဲ့ တိုက်ခိုက်မှုကို ပြန်ခုခံလိုက်သည်။ တစ်ချိန်ထဲမှာဘဲ ထိုသူရဲ့ ခြေထောက် ဘေးနားကို လိမ့်သွားလိုက်၏။
ထို့နောက်မှာတော့ ဆံထိုးကို လက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ထိုလူ ခြေထောက်ထဲ ထိုးထည့် လိုက်ပါတော့သည်။
လူသတ်ကောင်လည်း နာကျင်မှုကြောင့် အော်ဟစ်သဖြင့် မျက်လုံးထဲ သွေးကြောများ နီရဲ နေခဲ့သည်။ ဒီလို မဖြစ်စလောက် ကောင်မလေးက သူ့ကို ထိခိုက်နာကျင် စေလိမ့်မယ်လို့ အပျက်သဘော နက်တောင် တွေးခဲ့ဖူးတာ မဟုတ်။
ထိုလူက ချူးလန်ကို အဝေးကို တွန်းထုတ်ပြီး သူ့တိုက်ကွက်တွေကို အရက်စက်ဆုံး တိုးမြင့် လိုက်သည်။
ချူးလန်ရဲ့ ကိုယ်ထဲက လက်ကျန် အင်အားလေးလည်း ထုန်သုံးလို့ ကုန်သွားပြီဖြစ်ပြီးထပ်တိုက် ဖို့ ဘာအားမှ မကျန်တော့ပေ။ သွေးစွန်းနေတဲ့ ဓားကအလင်းရောင်တဝင်းဝင်းလက်လာသည်။ သူ့ပုံစံက အခုချက်ချင်း ချူးလန်ပေါ် တစ်စက္ကန့်အတွင်း ကျလာတော့မယ်အတိုင်း။ ချူးလန်လည်း မျက်လုံးသာ စုံမှိတ် ထားလိုက်သည်။
ဒါပေမယ့်လည်း သူမမျှော်လင့် ထားခဲ့တဲ့ နာကျင်မှုကြီးကို ချူးလန် မခံစားလိုက်ရပေ။ အဲ့ဒီအစား သူမ ဝှီခနဲမြည်သံကို ကြားခဲ့လိုက်ရသည်။
"ဝှီ...? "
ချူးလန် အမောတကြီး နှင့် ပြောလိုက်သည်။
သူမ မြေပြင်ပေါ်မှာ လဲနေရင်း မျက်လုံး ဖြည်းဖြည်းချင်းဖွင့်ပြိး ကြည့်လိုက်တော့ သူ့ဘေးနားမှာ ဟိုလူသတ်ကောင်က လဲကျနေလျက်သား ရှိနေသည်။ သူမလဲ လည်မျိုကို မြှားစိုက်ခံရသလို ဇွက်ခနဲ မျက်လုံး ပြူးကျယ်သွားရသည်။
ချူးလန်လည်း အကုန်းအရုံးထရပ်လိုက်ပြီး ဟိုကြည့် ဒီကြည့် လှည့်ပတ်ကြည့်လိုက်လေသည်။ ထိုအချိန် အဆောင်ရဲ့ ဒုတိယထပ်က လေးတစ်စင်းကိုင်ထားတဲ့ အပြာရောင်မျက်လုံး ပိုင်ရှင် အမျိုးသားတစ်ယောက်က သူမအကြည့်ထဲ ထင်းထင်းကြီး ပေါ်လာခဲ့သည်။
ဟိုမြားက သူ့မြှားပဲ။
ချူးလန်လည်း ထိုအခါမှ စိတ်အေးနိုင်သွားပြိး.မြေပြင်ပေါ် ခွေလျက်သား ပုံကျ သွားခဲ့ပါသည်။
ချူးလန် အမောပြေ သက်ပြင်းတစ်ချက် မချ လိုက်ရသေးခင်မှာပဲ နောက်ထပ် 'ဝှစ်ခနဲ' ဆိုတဲ့ အသံ ထပ်ထွက်လာခဲ့သည်။ သူမလှည့်ကြည့်လိုက်တော့ ဒုတိယ လူသတ်ကောင်ခမျာ မြှား တစ်ချောင်းထဲနဲ့ အသေပစ်ခတ်ခံလိုက်ရတာကို မြင်ပြီး အနည်းငယ် တောင့်တင်းသွားပါသေးတယ်။
အဲ့ဒီနောက် အားလုံးပြီးဆုံးသွားတော့ ချူးလန်လည်း သတိပြန်ဝင်လာပြီး သူရှေ့မှာတင် လူတစ်ယောက် ချက်ချင်း သေသွားခဲ့တာကို လက်တွေ့ကြုံတွေ့သွားခဲ့သည်။ သူမမျက်လုံးတွေ ကြုံ့သွားပြီး မျက်နှာကလည်း အတော်လေးကို ဖြော့တော့နေခဲ့ပြိးဖြစ်သည်။
သူမလက်မောင်းကအားယူပြီး ဖင်သရွတ်တိုက်နဲ့ပဲ နောက်ဘက်ကို တစ်ရွေ့ရွေ့ ရွှေ့သွားပြီး လူသေကောင်တွေနဲ့ အဝေးကို ရောက်အောင် ကြိုးစားသွားလိုက်သည်။
သိပ်မကြာခင်မှာပဲ Defeng လက်ဖက်ရည်ဆိုင်ထဲကနေ တပ်သား တစ်အုပ်စု ပြေးထွက်လာပြီး မျက်လုံးပြာနဲ့ လူက သူတို့ကို ချူးလန်ရှိရာ နေရာကို ဦးဆောင် ခေါ်လာပါတော့သည်။
တပ်သားတွေက သံချပ်ကာတွေ ဝတ်ထားပြီး ခါးမှာ ဓားတွေ လွယ်ထားခဲ့ကြသည် ကို ချူးလန် မြင်နေရသည်။သူတို့တွေက ဝမ်လန် စစ်ကူလွှတ်လိုက်တဲ့ မြို့စောင့်တပ်သား တွေပဲ ဖြစ်မည် ဟု တွေးမိလိုက်သည်။
မျက်လုံးပြာနဲ့ လူက ချူးလန်ကို ထဖို့ လက်ကမ်းပေးပြီ း
"နံပတ်ခြောက် သခင်မလေးဗျ, တစ်နေရာရာ ထိခိုက်သွားခဲ့သေးလား?" ဟုမေးလိုက်သည်။
ချူးလန်က ဂျယ်လီလေးလို ပျော့ဖတ်နေပြီ။ ဒါပေမယ့်လည်းဘသူမအားပြု ပြီး မတ်တပ်ရပ် လိုက်သည်။ ချူးလန် သူ့ကို မှေးမှေးလေး တစ်ချက် လှမ်းကြည့်ပြီး ချက်ချင်းပဲ မျက်လွှာ ကိုပြန်.အောက်ချ ထားလိုက်သည်။ သူမ နှုတ်ခမ်းတွေကို ဖိရင်း ခေါင်းယမ်း ပြလိုက်၏။
"မင်းသားကျင်းရှင့်, ကျွန်မအဆင်ပြေပါတယ်။
ဒဏ်ရာ တော့ မရခဲ့ပါဘူး။
နည်းနည်း ထိတ်လန့် သွားရုံတင်ပါပဲ"
ချူးလန်က သူ့ကို 'မင်းသားကျင်းလို့ 'တပ် ခေါ်လိုက်တော့ ထူးခြားလှပတဲ့ သူ့ရဲ့ မိုးပြာရောင် မျက်လုံးလေးတွေက အနည်းငယ် ကြုံ့သွားခဲ့ရသည်။ မင်းသားကျင်းက လူနှစ်ယောက်ကို ရှေ့သို့ လက်ရမ်းပြ ခေါ်လိုက်ခဲ့သည်။ ထို့နောက် အစေခံ ၂ ယောက် သူ့နောက်မှ ထွက်လာပြီး ချူးလန်ကို ဘေးတစ်ဖက်စီကနေ ညင်ညင်သာသာလေး တွဲပေးခဲ့ကြသည်။
ဒီအချိန်မှာပဲ ဝမ်လန် လူအုပ်ထဲက တိုးထွက်လာခဲ့ပြီး ချူးလန် ဘေးကင်းတာ မြင်တော့ မျက်လုံးထဲကနေ မျက်ရည်တွေ တပေါက်ပြီးတပေါက် စီးကျလာတော့သည်။
"တတိယသခင်မလေး...
တော်ပါသေးတယ်
သခင်မလေး အဆင်ပြေပြေ ရှိနေလို့ပေါ့"
ချူးလန်လည်း ဝမ်လန်အတွက် အားယူကာ ကြိုးစားပြုံး ပြလိုက်သည်။ ချူးလန် ပြောလာမှာကို စောင့်မနေဘဲ ဝမ်လန်က ကြိုသိနှင့်ပြီး ပြောလိုက်ခဲ့သည်။
"တတိယသခင်မလေး..,
ဘာမှ မစိုးရိမ်ပါနဲ့
ရှီးယန်လဲ အဆင်ပြေပါတယ်, သူကဒဏ်ရာ သေးသေးလေး တစ်ခုရသွားခဲ့ရုံပါ။ ဒါပေမယ့် အခု သမားတော်တေက သူ့ကို လက်ဖက်ရည်ဆိုင်ရဲ့ အပြင်ဘက်အဆောင်ခန်းမှာ ဂရုစိုက်ပေးနေကြပါတယ် "
လသူတို့နှစ်ယောက်အဲ့ လို ပြောဆို နေတုန်းမှာဘဲ အခြားသူတစ်ယောက်က လူအုပ်ရှေ့ကို အပြေးဖြတ်ဝင် ရောက်လာခဲ့လေသည်။
ချူးလန်လည်း ထိုသူ့ဘက်လှည့် ကြည့်လိုက်တော့ တော်ဝင်မင်းသမီးရဲ့ လက်ထောက် ကျင်းရှို့ ကို မြင်တွေ့လိုက်ရသည်။
လကျင်းရှို့ ရောက်ရောက်လာချင်းပဲ ချူးလန် ပေါင်ကို ဆွဲဖက်ပြီး စိုးရိမ်တကြီး ပြောဆို ငိုယိုနေခဲ့ပါတော့သည်။
"တတိယသခင်မလေး...ကျွန်မတို့ မင်းသမီးလေးရောဟင်?
ကျွန်မတို့ မင်းသမီးလေး ဘယ်မှာလဲဟင်?"
မင်းသားကျင်းလဲ ချူးလန် ဝတ်ထားတဲ့ အပြင်ဘက် ဝတ်ရုံကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုဟာက မင်းသမီး Duanjiaရဲ့ ဝတ်ရုံဆိုတာကို သိသွားခဲ့ပြီး သူ့စိတ်ထဲ နားလည်မှု ရောင်ခြည်များ လင်းသွားခဲ့သည်။
ချုးလန်လည်း လန့်ဖြန့်ပြီး ဖျော့တော့နေတဲ့ မျက်နာလေးက နီရဲသွားတော့သည်။ ခက်ခက်ခဲခဲ အန္တရာယ်ထဲက ရုန်းထွက်လာခဲ့ရလို့ ရေတွင်းထဲကျန်နေခဲ့တဲ့ မင်းသမီးကို သူမလုံးဝသတိမေ့ သွားခဲ့ပြီးဖြစ်သည်။
သူမအပြစ်ကို ဖုံးဖို့ရာ စိတ်မသက်မသာနဲ့ လည်ချောင်း တစ်ချက်ရှင်းပြီးနောက် မင်းသားကျင်းကို တိတ်တိတ်လေး လှမ်းစိုက်ကြည့်ပြီး ပြောလိုက်ခဲ့သည်။
"ကျွန်မနဲ့ လိုက်ခဲ့ပေးပါ"
ဝမ်လန်လည်း ချူးလန်ဆီ အမြန်သွားပြီး ကူတွဲပေးလိုက်သည်။ထို့နောက် ချူးလန်က မင်းသားကျင်းနဲ့ စစ်သားတွေကို ခေါင်းဆောင်ပြီး အဆောင်ငယ်လေးဆီကို ခေါ်သွားလိုက်သည်။ သူမရေတွင်းထဲ ချောင်းကြည့်လိုက်တော့ အထဲမှာ လူတစ်ယောက်မှ မတွေ့ခဲ့ဘူး။ဒါပေမယ့် သစ်သားပိုင်းလေး တစ်ခုက ရေပေါ်မှာ မျောနေသေးတာ မြင်တော့ သူမ ကျယ်ကျယ်လေး အော်ပြောလိုက်သည်။
"မင်းသမီးလေး, မြန်မြန်လေး ထွက်လာပြပါတော့ ဒီမှာ အကူအညီတွေ ပါလာပြီ"
ဘေးပတ်လည်က စစ်သားကြီးတွေရဲ့ မျက်နှာတွေက ဝမ်းချုပ်နေသလို အမူအရာတွေနဲ့ ဖြစ်ကုန် ကြသည်။
အဲ့ဒီနောက်မှာတော့ ရေမျက်နှာပြင်ပေါ် လှိုင်းကလေးတွေ ထလာပြီး သစ်သားအပိုင်းလေးအောက်က ဦးခေါင်းတစ်လုံး ရုတ်တရက် ပေါ်လာခဲ့သည်။ မသိရင် ရေသရဲ လိုလိုပေါ့။
တော်ဝင်မင်းသမီးရဲ့အသံက ဒေါသစိတ်နဲ့ ပဲ့တင်ထပ်သွားခဲ့သည်။
"ချူးလျှို့! နင်နောက်ကျလိုက်တာဟာ!
တစ်ယောက်ယောကို ခေါ်ပြီး ဒီမင်းသမီးကို အပေါ်ရောက်အောင် မြန်မြန်လေး ဆွဲတင်ပေးတော့!"
မင်းသမီးရဲ့ စိတ်ဆိုးနေတဲ့ အသံကို ကြားရတော့မှပဲ ချူးလန်လည်း နောက်ဆုံးတော့ စိတ်အေးသွားခဲ့ရပြီ။
အမှန်တော့ ချူးလန်သူ့လုပ်ရပ် သူပြန်မြင်ယောင်မိတိုင်း မင်းသမီးကို ရေတွင်းထဲ တွန်းချခဲ့တာက နည်းနည်းကြမ်းသွားကြောင်း အတွင်းစိတ်ကဝန်ခံနေခဲ့သည်။ သူမက အသက်ဖို့ တစ်ခုထဲသာ စဉ်းစားနေခဲ့ပေမယ့် မင်းသမီးလေးရသွားမယ့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကြီးကို ထည့်မတွက်မိလိုက်တာ ဖြစ်သွားသည်။ ကံကောင်းတာက တော်ဝင်မင်းသမီးက အရမ်းပျော့ဖတ်ဖတ် ကောင်မလေး တစ်ယောက် မဟုတ်ပေလို့ပေါ့။
စစ်သားတွေလည်း ကြိုးအချို့ကို ရှာဖွေပြင်ဆင်ပြီး ရေတွင်းထဲ ပစ်ချပေးလိုက်ကြသည်။
စိုရွှဲနေတဲ့ မင်းသမီးလေးကို သူတို့ဆွဲတင်ခဲ့ကြပြီးနောက် မှာတော့ မင်းသားကျင်းကခြုံထည် ခြုံပေးမှာကိုတောင် မစောင့်ဘဲ မင်းသမီးက မူးဝေနေတဲ့ ချူးလန်ဆီ သွားပြီး ပြေးဖက်လိုက်ပါသည်။
ပြီးနောက်.မင်းသမီးက အသံအက်အက်လေးနဲ့ ချူးလန်နားထဲ တီးတိုး ကပ်ပြောလိုက်သည်။
"အရူးမ, ချူးလျှို့!
ရေတွင်းထဲမှာ ငါတစ်ယောက်ထဲ ဘယ်လောက်ကြောက်နေခဲ့လဲဆိုတာ နင်သိလား?
နောက် ငါအိပ်မက်ဆိုးတွေ မက်လာခဲ့ရင် ရုပ်သေးရုပ် တစ်ရုပ်ဝယ်ပြီး အဲ့ဒီမှာ နင့်နာမည်ထိုးမယ်။ ပြီးရင် အဲ့ဟာမှာ နေ့တိုင်း အပ်တစ်ချောင်း စိုက်ထားမှာ။ ဒီထိတ်လန့်မှုကြီးကို ဖြေဖျောက်နိုင်ဖို့ပေါ့!"
ချူးလန်လည်း တော်ဝင်မင်းသမိးဆီက စကားတွေကြောင့် မင်သက်သွားခဲ့ရသည်။ မျှော်လင့်ထားတဲ့အတိုင်း, ဒီမင်းသမီးက မုန်းစရာပါပဲ။ သူမဘဝတစ်လုံးကို ကယ်တင်ပေးခဲ့ပြိးတာတောင် အကုန်လုံးက အပြစ်တင်စကားတွေ ချည်းပဲလား?!
သူမလည်ပင်းပေါ်ကို ပူပူနွေးနွေး တစ်ခုခုကျဆင်းလာတာကို သတိထားမိလိုက်ချိန်မှာတော့ ချူးလန် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်သွားခဲ့သည်။
ချူးလန်ရဲ့ နှလုံးသားလေး ချက်ချင်း ပျော့ပြောင်း သွားခဲ့လေသည်။ မင်းသမီးရဲ့ ကျောကို ဖြည်းဖြည်းလေးပုတ် ပြီး သူမ အသံချိုချိုးနဲ့အားပေးနှစ်သိပ် ပေးလိုက်သည်။
"တောင်းပန်ပါတယ်ဟာ။ ဒါငါ့အမှားပါ။ အနာဂတ်မှာ မင်းသမီးအိပ်မက်ဆိုး တွေ မက်လာခဲ့ရင် မင်းသမီးစားဖို့အတွက် အရသာကောင်းတာလေး တစ်ခုခု လုပ်ပေးမယ်လေ,နော်?"
မင်းသမီးလည်း အသက်ရှုကြပ်စေခဲ့တဲ့ ရှိုက်သံနဲ့ အတူ ချူးလန်ကို အဝေးတွန်းထုတ်ပြီး မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။ နီရဲနေတဲ့ သူမမျက်လုံးတွေနဲ့ ချူးလန်ကို သေချာစိုက်ကြည့်ပြီးနောက် နှုတ်ခမ်းကို ချွန်ကာ ပြောခဲ့သည်က,
"ချူးလျှို့, နင်တကယ်ပြောတာနော်!
နင်ငါ့ကို မလိမ်ရဲဘူး မဟုတ်လား?
ငါ..ဟိုကြောင်ပုံ ကွတ်ကီးလေးတွေ စားချင်တယ်။ ပြီးတော့ နင်ကိုယ်တိုင်လုပ်တဲ့ ဘဲကင်ရောပဲ!"
ချူးလန်:(. ....)
ချစ်ရပါသော မင်းသမီးရေ, အပြောင်းအလဲ မြန်လွန်းတဲ့ နင့်စိတ်ကို ထိန်းချုပ်ပေးလို့ ရမလား? ငါ့နှလုံးသားနုနု လေးက အဲ့လောက် မခံစားနိုင်ဘူးနော်!
ငါ့ကို လှည့်စားပြီး အစာစားရဖို့ တော်တော်လေး သနားစရာကောင်းအောင် ဆက်မငို တော့ဘူးဆိုတာ နင်သေချာ သွားပြီလား?
ချူးလန် မင်းသမီးကို ကြည့်ပြီး မျက်လုံးလှိမ့်ပြ ချင်စိတ် ဖြစ်နေခဲ့သည်။
<Zawgyi>
Ch. 56.Saved ( ကယ္ေပးခဲ့ေသာ..)
#Translated by Irisbellar
မင္းသမီး Duanjiaလည္း တစ္ေယာက္ စိတ္ထဲမွာ တက်ီက်ီ ေျပာေနရင္းနဲ႔ မ်က္လုံးေတာင့္စြန္းကို ပြတ္သပ္ ေနေတာ့သည္။
"ခ်ဴးလၽွို့! ငတုံးမေလး!
ဒါၿပီးရင္ နင္ေကာင္းေကာင္း အသက္ရွင္ ေပးရမယ္။
နင္ ဒီမင္းသမီးေလးကို ဘဲကင္ တစ္ေကာင္လုံး အေႂကြးတင္ ေနေသးတာေနာ္။ ေနာက္တစ္ခါ ငါတို့၂ ေယာက္လုံး အတူတူ ဘဲကင္ၾကအုံးမယ္လို့လဲ နင္ကတိေပးထားေသးတယ္။! နင့္ကတိကို နင္ျပန္ ႐ုတ္သိမ္းလို့မရဘူး။ အဲ့လိုသာဆို ဒီမင္းသမိးက က်င္းအန္ အိမ္ေတာ္တစ္ခုလုံးကို ဒုကၡေရာက္ေအာင္ လုပ္မွာ ။အထူးသျဖင့္ နင့္ရဲ့ စိတ္ပ်က္စရာ ဟို ငတုံး ေယာက္်ားကို ေပါ့"
မင္းသမီး Daunjia စိတ္ထဲ ေဟးခ်န္အေၾကာင္း မေမၽွာ္လင့္ဘဲ ေျပာမိလိုက္သည္။ ႏွစ္ေယာက္သား ေတာ္ေတာ္မ်ားမ်ား အတူတူ စကားေျပာလာခဲ့ၾကေတာ့ ခ်ဴးလန္က သူမ အခ်စ္ဆုံး သူငယ္ခ်င္း ျဖစ္လာခဲ့ၿပိးၿပီ။ဒါေတြမက, ခ်ဴးလန္က လူေကာင္း တစ္ေယာက္။ ဒါကိုေတာင္ ဟိုေဟးခ်န္ဆိုတဲ့အေကာင္က သူမကို ပစ္ထားရက္ခဲ့ေသးတယ္။ တကယ့္ကို ရက္စက္ တဲ့ လူ႔တိရစၧာန္ပဲ!!!
(ငါ့ေဟးခ်န္ေလးကုန္ပါၿပီဟယ္😢😢)
ခ်ဴးလန္ကေတာ့ အေဆာင္ငယ္ေလးထဲမွာ မတ္တပ္ရပ္ေနခဲ့ၿပီး ဘာမွ စဥ္းစားမရ ျဖစ္ေနခဲ့သည္။ရင္ဘတ္ထဲက ႏွလုံးသားက ေပါက္ကြဲထြက္မတက္ အျမန္ခုန္ေနၿပီ။ အခုခ်ိန္မွာ မေၾကာက္ဘူးဘို့ ေျပာရင္ လိမ္တာပါ။ ဒါေပမယ့္လည္း ေရြးခ်ယ္စရာ တစ္ခုေတာင္ မရွိဘူးေလ။ မင္းသမီး Daunjia ရဲ့ အေပၚထပ္အက်ီ္ကို အျမန္စြဲဝတ္ၿပီး ပိတ္ထားတဲ့အေဆာင္ရဲ့ ဝင္ေပါက္က မီးခိုးေခါင္းတိုင္နားကို ေျပးထြက္သြားခဲ့သည္။ သူမအႀကီးအက်ယ္ ထိန္႔လန္႔မူႀကီးကို ခံစားေနရ၏။ျမက္ေျခာက္တစ္ခ်ိဳ့ ဖုံးအုပ္ထားတဲ့ ေအာက္မွာ
ဝပ္ေနရင္း သူမတုတ္တုတ္ မလွုပ္ဘဲရွိေနသည္။အတြင္းစိတ္ကေတာ့ ဒီအေဆာင္က ေန ေျပးလႊတ္နိုင္မယ့္ လမ္းေၾကာင္းကို ေျမပုံဆဲြဲၾကည့္ ေန၏။
သူမညာလက္လက္နဲ႔ ရင္ဘက္ေပၚဖိၿပီး ႏွလုံးခုန္သံ ခံစားၾကည့္လိုက္သည္။ ဝမ္လန္ကိုသာ စစ္ကူေခၚၿပီး ျမန္ျမန္ ျပန္ ေရာက္လာပါေစလို့ အတြင္းထဲက ဆုေတာင္းေနမိေတာ့သည္။
သူမအေပၚ ဖုံးအုပ္ထားတဲ့ ျမက္ပင္ေတြ ၾကားအေပါက္ေလး ေတြကေန လွမ္းၾကည့္လိုက္ ေတာ့ သူတို့ေနာက္ လိုက္လာသူ ၂ေယာက္က ဒီအေဆာင္ထဲကို တစ္လွမ္းခ်င္း ဝင္လာေနၿပီျဖစ္သည္။အဲ့လူေတြက တစ္ကိုယ္လုံး အနက္ဝတ္စုံအျပည့္ ဝတ္ထားၿပီး အႏၲရာယ္ျပဳေတာ့မယ့္ ပုံစံနဲ႔ ျပဴးျပဲရွာ ေနၾကတဲ့ မ်က္လုံးေတြ ကလဲြဲပီး မ်က္ႏွာကိုေတာင္ အဝတ္မဲနဲ႔ အုပ္ထားခဲ့ၾကသည္။ သူတို့လက္ထဲက ကိုင္ထားတဲ့ ဓားရွည္ေတြေပၚမွာ ေသြးေတြ ေပက်ံေနၿပီး နီရဲရဲ ေသြးစက္ေတြက ဓားသြားထက္ထက္ တစ္ေလၽွာက္ စီးက်ေနျပီး ေႂကြးျပားၾကမ္းျပင္ ေပၚကို တစ္စက္ၿပီးတစ္စက္ စိးက်ေနသည္။ ခ်ဴးလန္ကေတာ့ သူ႔နားထဲ ေသြးစက္ေတြ က်ေနသံကိုသာ တေတာက္.ေတာက္ နဲ႔ ၾကားေနသလို ခံစားေနခဲ့ရသည္။
သူမရဲ႕ႏွလုံးကလည္း တစ္ ဒိတ္ဒိတ္နဲ႔ လည္ေခ်ာင္းအဝ ေရာက္ေနၿပီး လူသတ္သမားေတြရဲ့ လွုပ္ရွားမွုတိုင္းကို ေစာင့္ၾကည့္ ေနခဲ့သည္။ ထိုလူ၂ေယာက္က ဝင္ဝင္လာခ်င္းပဲ အခန္းထဲကို အၾကည့္တစ္ခ်က္ ေဝွ႕ယမ္းခဲ့ၿပီး ခ်ဴးလန္တို့ ၂ေယာက္ထဲက တစ္ေယာက္ေယာက္ကို မ်ားမိမလား ရွာၾကည့္လိုက္သည္။
ခ်ဴးလန္ မ်က္လုံးကို မွိတ္လိုက္ၿပီး အသက္ျပင္းျပင္း တစ္ခ်က္ ရွူသြင္းလိုက္သည္။ ၿပီးေနာက္ မွာေတာ့ ညေကာင္းကင္ယံက ၾကယ္ကေလးမ်ား ကဲ့သို့ သူမ မ်က္လုံးမ်ား လင္းလက္ေတာက္ပစြာ ျပန္္ဖြင့္လာခဲ့သည္။
ထို့ေနာက္ သူမ စိတ္ထဲကေန ၁,၂,၃ လို႔ေရလိုက္ၿပီး သူမအေပၚက ဖုံးဖိထားတာ ေတြကို ေဘးကို တြန္းခ်ကာ ဘာမွ ထပ္မေတြးေတာ့ဘဲ အခန္းဝင္ေပါက္ဆီသို့သာ တည့္တည့္ ေျပးသြားလိုက္ပါေတာ့သည္။
လူသတ္သမား၂ေယာက္လည္း အေရွ႕က ထြက္လာတဲ့ မိန္းခေလးကို ကြင္းကြင္းကြက္ကြက္ ျမင္ခဲ့ၾကၿပီး တစ္ေယာက္က ေနာက္ကလိုက္သြားကာ က်န္တစ္ေယာက္က အခန္းထဲ ေနရစ္ခဲ့သည္။
က်န္ေနခဲ့တဲ့ လူသတ္သမားလဲ ခ်ဴးလန္ ပုန္းေနခဲ့တဲ့ မီးခိုးေခါင္းတိုင္နား ေလၽွာက္လာၿပီး သူ႔ဓားနဲ႔ ဟိုလွန္ဒီလွန္ ရွာၾကည့္ လိုက္သည္။ ျမက္ေတြကို ဖယ္လိုက္ေတာ့ အထဲမွာ ပုန္းက်န္ ေနခဲ့တဲ့သူ တစ္ေယာက္မွ မရွိတာ ျမင္ၿပီး ေဒါသငယ္ထိပ္ ေရာက္သြားခဲ့သည္။ အဲ့ဒီေနာက္ သူ အေဆာင္တစ္ခုလုံးကို ဆက္ရွာ ၾကည့္ေတာ့သည္။
ဒီလူသတ္သမားေတြက အခ်ဥ္ေတာ့ မဟုတ္!!!
ထိုသို့လိုက္ၾကည့္ ေနရင္း လူသတ္ေကာင္ရဲ့ မ်က္လုံးေတြက ဒီအေဆာင္ရဲ့ တစ္ခုတည္းေသာ ေရတြင္းဆီသို့ ေရွာက္ရွိသြားခဲ့သည္။
ထို့ေနာက္ သူ ေရတြင္းဆီကို ေျခလွမ္းက်ဲက်ဲျဖင့္ လွမ္းသြား၍ အေပၚက သစ္သားအဖုံးကို မၿပီး အတြင္းထဲကို စိုက္ၾကည့္လိုက္သည္။ေရတြင္းက အေတာ္ နက္တယ္ဆိုေပမယ့္လဲ ေနေရာင္.ျဖာက် ေနတာေၾကာင့္ ေအာက္ေျခထိ ေကာင္းေကာင္း ျမင္နိုင္ခဲ့၏။
ေရေပၚမွာ ေမ်ာေနတဲ့ သစ္သားျပား တစ္ခုက လြဲလို့ ဘာမွ မေတြ႕ခဲ့ရေတာ့ သူလည္း စိတ္ေလၽွာ့ၿပီး ျပန္လွည့္သြားလိုက္သည္။
သစ္သားအပိုင္းေလးေအာက္မွာေတာ့ ပုန္းကြယ္ေနတဲ့ ေတာ္ဝင္မင္းသမီ Duanjia ရွိသည္။ သူမ အေပၚမွာ ေလအဝရွူထားၿပီး သစ္သားအပိုင္း ေအာက္ မိနစ္ အနည္းငယ္ေလာက္ ဝင္ပုန္းေနခဲ့ျခင္းျဖစ္သည္။သူမ စိတ္ထဲမွာေတာ့ ထိုလူသတ္သမားေတြကို အႀကိမ္တစ္ရာမက က်ိမ္ဆဲေနၿပီး ခ်ဴးလန္ လုံျခဳံေရးအတြက္ စိုးရိမ္ပူပန္ေနခဲ့သည္။
အသက္ကို အေမာတပန္း ရွူရိုက္ေနရင္း ခ်ဴးလ်န္ရဲ႕ ေျခလွမ္းေတြက ေလးသထက္ ေလးလာခဲ့သည္။
အေနာက္က လိုက္လာတဲ့ ေျခလွမ္းသံ ေတြက နီးသထက္နီး လာၿပီးၾကည့္ရတာ သူမ အတြက္ ေမၽွာ္လင့္စရာ တစ္စက္မွ မရွိေတာ့ဘူးလို႔ ထင္ေနရသည္။
သူ႔မအက္ီ် လက္ရွည္ ခပ္ပြပြ ေအာက္မွာ ေခါင္းကေနျဖဳတ္ယူထားတဲ့ ေရႊဆံထိုး ကို ကိုင္ထားခဲ့သည္။ တကယ္လို႔ ဘာမွေရြးခ်ယ္စရာ မရွိေတာ့ရင္ေတာ့ သူမကိုယ္ သူမ သတ္ေသဖို့ ခ်ဴးလန္ ဆုံးျဖတ္ထားခဲ့သည္။
သူမ ပင့္သက္ တစ္ခ်က္ရွိုက္ လိုက္သည္။ ေသြးပူေနတဲ့ ခ်ဴးလန္ တစ္ေယာက္ အခုခ်ိန္ ေသရရင္ ေတာင္ မမွုေတာ့ေပ။ အကယ္၍ေသသြားခဲ့မယ္ဆိုရင္ ေတာင္ သူမရဲ့ ကိုယ္ပိုင္ အရင္ ကမၻာသို့ ျပန္ေရာက္ သြားနိုင္မလား စိတ္ထဲ ေတြးမိခဲ့သည္။တကယ္သာ ျပန္ေရာက္ သြားရင္ အရင္ဆုံး သူမလုပ္ခ်င္တာက ဒီ ဝတၳဳေရးသူ စာေရးဆရာကို ျပစ္တင္ရွု့ံခ်တဲ့ ေဝဖန္စာကို စာမ်က္နာ ၅၀၀ ေလာက္ ေရးပစ္ခ်င္ေနတာျဖစ္သည္။
သူမေနာက္ လိုက္ဖမ္းတဲ့သူရဲ့အနက္ေရာင္ ပိတ္စေနာက္ကြယ္က မ်က္နာေပၚမွာ မုန္းစရာေကာင္းတဲ့ အျပဳံးႀကီး နဲ႔ျဖစ္ေနသည္။ ေလကိုဆန္ၿပီး သူမေရွ႕တည့္တည့္ တိုးဝင္လာတဲ့ ဓါးသြားထက္ထက္ကို ခ်ဴးလန္ ခံစားရလို့ နီးနီးျဖစ္ေနၿပီ။
ခ်ဴးလန္ အ႐ုပ္ႀကိဳးပ်က္ အားအင္ ကုန္ခမ္းသြားၿပီး သူမ အသက္ရွူနိုင္ဖို့ေတာင္ မနည္း႐ုန္းကန္ ေနရသည္။ လူသတ္သမားရဲ့ တိုက္ခိုက္မွုကို ေရွာင္နိုင္ဖို့ ခ်ဴးလန္ ရွိသမၽွအားစုၿပီး ေနာက္ကို တစ္လွမ္းဆုတ္လိုက္သည္။ ေနာက္တစ္ႀကိမ္ ထပ္တိုက္ခိုက္လာေသာ လူသတ္သမားကို မတြန္းလွန္နိုင္ေတာ့ဘဲ ေျမျပင္ေပၚသို့ ခ်ဴးလန္ ပစ္လွဲ က်သြားၿပီး ေနာက္ လူသတ္သမား ဘက္ျပန္လွည့္ကာ သူ႔မ်က္ႏွာကို စိုက္ၾကည့္ေနခဲ့သည္။
ခ်ဴးလန္ ကႏွုတ္ခမ္းကို တင္းၾကပ္စြာ ဖိကိုက္ထားခဲ့ၿပီး ဆုံးျဖတ္ခ်က္ ခိုင္မာလြန္းတဲ့ အမူအရာက သူမမ်က္ႏွာေပၚမွာ အထင္းသား ျမင္ေတြ႕ေနရသည္။
လူသတ္သမားကလဲ ေနာက္ဆုံးေတာ့ သူ႔ပစ္မွတ္ထားၿပိး လိုက္ေနတဲ့ သူမမ်က္နာကို ျမင္ေတြ႕လိုက္ရၿပီး သူ႔မ်က္လုံးထဲ စိတ္ပ်က္မွု အရိပ္ေရာင္ သန္းသြားခဲ့သည္။ သူ လူမွားၿပီး ေနာက္က လိုက္လာခဲ့ မိသြားၿပီ!!!
ထိုသူ ေဒါသထြက္ၿပီး စိတ္တိုတိုနဲ႔ ေအာ္ေျပာလိုက္သည္။
".ဟာ...အယုတ္တမာမ ေခြးမပဲ"
နင္ ငါ့ကို လွည္းစားဖို့ လုပ္ခဲ့တာေပါ့။
ေတာ္ဝင္မင္း သမိး မဟုတ္လည္း မင္းကို အသက္ရွင္ခြင့္ ေပးလိုက္လို႔ ဘာမွ အသုံးဝင္မွာ မဟုတ္ဘူး။ "
ေျပာေျပာ ၿပီးခ်င္းပဲ သူ႔လက္ထဲက ဓားရွည္ကို ကိုင္ေျမာက္ၿပီး ခ်ဴးလန္ရဲ့ ေဖြးေဖြးႏုႏု လည္ကုပ္ဆီသို့ ဦးတည္ လိုက္သည္။
ဓားသြား အေရာင္က ခ်ဴးလန္ မ်က္လုံးထဲ ေရာင္ျပန္ ဟပ္သြား၏။
သူမမ်က္လုံး ျပဴးက်ယ္သြားခဲ့သည္။ သူမ 'အရွုံးေပးလိုက္ေတာ့မယ္' ဆိုတဲ့ အေတြးကို ဖယ္ထုတ္လိုက္၏။ အခုအခ်ိန္က က်င္းထဲက်ပ္ထဲ ေရာက္ေနတာ ျဖစ္ေပမယ့္လည္း သူမအရွုံးေတာ့မေပးလိုက္ခ်င္ေပ။ သူမဘယ္ေနရာမွာပဲ ေရာက္ေနေရာက္ေန သူမပိုင္ဆိုင္တဲ့ သူမကိုယ္ပိုင္ အသက္ထက္ ဘယ္အရာကမွ ပိုအေရးမႀကီးေပ။ သူမ ကိုယ္ထဲ က ရသမၽွ အတြင္းအား အကုန္ေပါင္းသြားၿပီး မ်က္လုံးထဲ အလင္းေရာင္ စက္ကေလး တစ္ခု ထြက္ေပၚလာခဲ့သည္။ သူမ ဆက္ကနဲ ေရွာင္၍ လူသတ္ေကာင္ရဲ့ တိုက္ခိုက္မွုကို ျပန္ခုခံလိုက္သည္။ တစ္ခ်ိန္ထဲမွာဘဲ ထိုသူရဲ့ ေျခေထာက္ ေဘးနားကို လိမ့္သြားလိုက္၏။
ထို့ေနာက္မွာေတာ့ ဆံထိုးကို လက္ထဲမွာ တင္းတင္းက်ပ္က်ပ္ ဆုတ္ကိုင္ၿပီး တုံ႔ဆိုင္းမေနေတာ့ဘဲ ထိုလူ ေျခေထာက္ထဲ ထိုးထည့္ လိုက္ပါေတာ့သည္။
လူသတ္ေကာင္လည္း နာက်င္မွုေၾကာင့္ ေအာ္ဟစ္သျဖင့္ မ်က္လုံးထဲ ေသြးေၾကာမ်ား နီရဲ ေနခဲ့သည္။ ဒီလို မျဖစ္စေလာက္ ေကာင္မေလးက သူ႔ကို ထိခိုက္နာက်င္ ေစလိမ့္မယ္လို့ အပ်က္သေဘာ နက္ေတာင္ ေတြးခဲ့ဖူးတာ မဟုတ္။
ထိုလူက ခ်ဴးလန္ကို အေဝးကို တြန္းထုတ္ၿပီး သူ႔တိုက္ကြက္ေတြကို အရက္စက္ဆုံး တိုးျမင့္ လိုက္သည္။
ခ်ဴးလန္ရဲ့ ကိုယ္ထဲက လက္က်န္ အင္အားေလးလည္း ထုန္သုံးလို့ ကုန္သြားၿပီျဖစ္ၿပီးထပ္တိုက္ ဖို့ ဘာအားမွ မက်န္ေတာ့ေပ။ ေသြးစြန္းေနတဲ့ ဓားကအလင္းေရာင္တဝင္းဝင္းလက္လာသည္။ သူ႔ပုံစံက အခုခ်က္ခ်င္း ခ်ဴးလန္ေပၚ တစ္စကၠန္႔အတြင္း က်လာေတာ့မယ္အတိုင္း။ ခ်ဴးလန္လည္း မ်က္လုံးသာ စံုမွိတ္ ထားလိုက္သည္။
ဒါေပမယ့္လည္း သူမေမၽွာ္လင့္ ထားခဲ့တဲ့ နာက်င္မွုႀကီးကို ခ်ဴးလန္ မခံစားလိုက္ရေပ။ အဲ့ဒီအစား သူမ ဝွီခနဲျမည္သံကို ၾကားခဲ့လိုက္ရသည္။
"ဝွီ...? "
ခ်ဴးလန္ အေမာတႀကီး ႏွင့္ ေျပာလိုက္သည္။
သူမ ေျမျပင္ေပၚမွာ လဲေနရင္း မ်က္လုံး ျဖည္းျဖည္းခ်င္းဖြင့္ၿပိး ၾကည့္လိုက္ေတာ့ သူ႔ေဘးနားမွာ ဟိုလူသတ္ေကာင္က လဲက်ေနလ်က္သား ရွိေနသည္။ သူမလဲ လည္မ်ိဳကို ျမႇားစိုက္ခံရသလို ဇြက္ခနဲ မ်က္လုံး ျပဴးက်ယ္သြားရသည္။
ခ်ဴးလန္လည္း အကုန္းအ႐ုံးထရပ္လိုက္ၿပီး ဟိုၾကည့္ ဒီၾကည့္ လွည့္ပတ္ၾကည့္လိုက္ေလသည္။ ထိုအခ်ိန္ အေဆာင္ရဲ့ ဒုတိယထပ္က ေလးတစ္စင္းကိုင္ထားတဲ့ အျပာေရာင္မ်က္လုံး ပိုင္ရွင္ အမ်ိဳးသားတစ္ေယာက္က သူမအၾကည့္ထဲ ထင္းထင္းႀကီး ေပၚလာခဲ့သည္။
ဟိုျမားက သူ႔ျမႇားပဲ။
ခ်ဴးလန္လည္း ထိုအခါမွ စိတ္ေအးနိုင္သြားၿပိး.ေျမျပင္ေပၚ ေခြလ်က္သား ပုံက် သြားခဲ့ပါသည္။
ခ်ဴးလန္ အေမာေျပ သက္ျပင္းတစ္ခ်က္ မခ် လိုက္ရေသးခင္မွာပဲ ေနာက္ထပ္ 'ဝွစ္ခနဲ' ဆိုတဲ့ အသံ ထပ္ထြက္လာခဲ့သည္။ သူမလွည့္ၾကည့္လိုက္ေတာ့ ဒုတိယ လူသတ္ေကာင္ခမ်ာ ျမႇား တစ္ေခ်ာင္းထဲနဲ႔ အေသပစ္ခတ္ခံလိုက္ရတာကို ျမင္ၿပီး အနည္းငယ္ ေတာင့္တင္းသြားပါေသးတယ္။
အဲ့ဒီေနာက္ အားလုံးၿပီးဆုံးသြားေတာ့ ခ်ဴးလန္လည္း သတိျပန္ဝင္လာၿပီး သူေရွ႕မွာတင္ လူတစ္ေယာက္ ခ်က္ခ်င္း ေသသြားခဲ့တာကို လက္ေတြ႕ၾကဳံေတြ႕သြားခဲ့သည္။ သူမမ်က္လုံးေတြ ၾကဳံ႕သြားၿပီး မ်က္ႏွာကလည္း အေတာ္ေလးကို ေျဖာ့ေတာ့ေနခဲ့ၿပိးျဖစ္သည္။
သူမလက္ေမာင္းကအားယူၿပီး ဖင္သရြတ္တိုက္နဲ႔ပဲ ေနာက္ဘက္ကို တစ္ေရြ႕ေရြ႕ ေရႊ႕သြားၿပီး လူေသေကာင္ေတြနဲ႔ အေဝးကို ေရာက္ေအာင္ ႀကိဳးစားသြားလိုက္သည္။
သိပ္မၾကာခင္မွာပဲ Defeng လက္ဖက္ရည္ဆိုင္ထဲကေန တပ္သား တစ္အုပ္စု ေျပးထြက္လာၿပီး မ်က္လုံးျပာနဲ႔ လူက သူတို့ကို ခ်ဴးလန္ရွိရာ ေနရာကို ဦးေဆာင္ ေခၚလာပါေတာ့သည္။
တပ္သားေတြက သံခ်ပ္ကာေတြ ဝတ္ထားၿပီး ခါးမွာ ဓားေတြ လြယ္ထားခဲ့ၾကသည္ ကို ခ်ဴးလန္ ျမင္ေနရသည္။သူတို့ေတြက ဝမ္လန္ စစ္ကူလႊတ္လိုက္တဲ့ ၿမိဳ့ေစာင့္တပ္သား ေတြပဲ ျဖစ္မည္ ဟု ေတြးမိလိုက္သည္။
မ်က္လုံးျပာနဲ႔ လူက ခ်ဴးလန္ကို ထဖို့ လက္ကမ္းေပးၿပီ း
"နံပတ္ေျခာက္ သခင္မေလးဗ်, တစ္ေနရာရာ ထိခိုက္သြားခဲ့ေသးလား?" ဟုေမးလိုက္သည္။
ခ်ဴးလန္က ဂ်ယ္လီေလးလို ေပ်ာ့ဖတ္ေနၿပီ။ ဒါေပမယ့္လည္းဘသူမအားျပဳ ၿပီး မတ္တပ္ရပ္ လိုက္သည္။ ခ်ဴးလန္ သူ႔ကို ေမွးေမွးေလး တစ္ခ်က္ လွမ္းၾကည့္ၿပီး ခ်က္ခ်င္းပဲ မ်က္လႊာ ကိုျပန္.ေအာက္ခ် ထားလိုက္သည္။ သူမ ႏွုတ္ခမ္းေတြကို ဖိရင္း ေခါင္းယမ္း ျပလိုက္၏။
"မင္းသားက်င္းရွင့္, ကၽြန္မအဆင္ေျပပါတယ္။
ဒဏ္ရာ ေတာ့ မရခဲ့ပါဘူး။
နည္းနည္း ထိတ္လန္႔ သြား႐ုံတင္ပါပဲ"
ခ်ဴးလန္က သူ႔ကို 'မင္းသားက်င္းလို့ 'တပ္ ေခၚလိုက္ေတာ့ ထူးျခားလွပတဲ့ သူ႔ရဲ့ မိုးျပာေရာင္ မ်က္လုံးေလးေတြက အနည္းငယ္ ၾကဳံ႕သြားခဲ့ရသည္။ မင္းသားက်င္းက လူႏွစ္ေယာက္ကို ေရွ႕သို့ လက္ရမ္းျပ ေခၚလိုက္ခဲ့သည္။ ထို့ေနာက္ အေစခံ ၂ ေယာက္ သူ႔ေနာက္မွ ထြက္လာၿပီး ခ်ဴးလန္ကို ေဘးတစ္ဖက္စီကေန ညင္ညင္သာသာေလး တြဲေပးခဲ့ၾကသည္။
ဒီအခ်ိန္မွာပဲ ဝမ္လန္ လူအုပ္ထဲက တိုးထြက္လာခဲ့ၿပီး ခ်ဴးလန္ ေဘးကင္းတာ ျမင္ေတာ့ မ်က္လုံးထဲကေန မ်က္ရည္ေတြ တေပါက္ၿပီးတေပါက္ စီးက်လာေတာ့သည္။
"တတိယသခင္မေလး...
ေတာ္ပါေသးတယ္
သခင္မေလး အဆင္ေျပေျပ ရွိေနလို့ေပါ့"
ခ်ဴးလန္လည္း ဝမ္လန္အတြက္ အားယူကာ ႀကိဳးစားႁပံဳး ျပလိုက္သည္။ ခ်ဴးလန္ ေျပာလာမွာကို ေစာင့္မေနဘဲ ဝမ္လန္က ႀကိဳသိႏွင့္ၿပီး ေျပာလိုက္ခဲ့သည္။
"တတိယသခင္မေလး..,
ဘာမွ မစိုးရိမ္ပါနဲ႔
ရွီးယန္လဲ အဆင္ေျပပါတယ္, သူကဒဏ္ရာ ေသးေသးေလး တစ္ခုရသြားခဲ့႐ုံပါ။ ဒါေပမယ့္ အခု သမားေတာ္ေတက သူ႔ကို လက္ဖက္ရည္ဆိုင္ရဲ့ အျပင္ဘက္အေဆာင္ခန္းမွာ ဂ႐ုစိုက္ေပးေနၾကပါတယ္ "
လသူတို့ႏွစ္ေယာက္အဲ့ လို ေျပာဆို ေနတုန္းမွာဘဲ အျခားသူတစ္ေယာက္က လူအုပ္ေရွ႕ကို အေျပးျဖတ္ဝင္ ေရာက္လာခဲ့ေလသည္။
ခ်ဴးလန္လည္း ထိုသူ႔ဘက္လွည့္ ၾကည့္လိုက္ေတာ့ ေတာ္ဝင္မင္းသမီးရဲ့ လက္ေထာက္ က်င္းရွို့ ကို ျမင္ေတြ႕လိုက္ရသည္။
လက်င္းရွို့ ေရာက္ေရာက္လာခ်င္းပဲ ခ်ဴးလန္ ေပါင္ကို ဆြဲဖက္ၿပီး စိုးရိမ္တႀကီး ေျပာဆို ငိုယိုေနခဲ့ပါေတာ့သည္။
"တတိယသခင္မေလး...ကၽြန္မတို့ မင္းသမီးေလးေရာဟင္?
ကၽြန္မတို့ မင္းသမီးေလး ဘယ္မွာလဲဟင္?"
မင္းသားက်င္းလဲ ခ်ဴးလန္ ဝတ္ထားတဲ့ အျပင္ဘက္ ဝတ္႐ုံကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ ထိုဟာက မင္းသမီး Duanjiaရဲ့ ဝတ္႐ုံဆိုတာကို သိသြားခဲ့ၿပီး သူ႔စိတ္ထဲ နားလည္မွု ေရာင္ျခည္မ်ား လင္းသြားခဲ့သည္။
ခ်ဳးလန္လည္း လန္႔ျဖန္႔ၿပီး ေဖ်ာ့ေတာ့ေနတဲ့ မ်က္နာေလးက နီရဲသြားေတာ့သည္။ ခက္ခက္ခဲခဲ အႏၲရာယ္ထဲက ႐ုန္းထြက္လာခဲ့ရလို့ ေရတြင္းထဲက်န္ေနခဲ့တဲ့ မင္းသမီးကို သူမလုံးဝသတိေမ့ သြားခဲ့ၿပီးျဖစ္သည္။
သူမအျပစ္ကို ဖုံးဖို့ရာ စိတ္မသက္မသာနဲ႔ လည္ေခ်ာင္း တစ္ခ်က္ရွင္းၿပီးေနာက္ မင္းသားက်င္းကို တိတ္တိတ္ေလး လွမ္းစိုက္ၾကည့္ၿပီး ေျပာလိုက္ခဲ့သည္။
"ကၽြန္မနဲ႔ လိုက္ခဲ့ေပးပါ"
ဝမ္လန္လည္း ခ်ဴးလန္ဆီ အျမန္သြားၿပီး ကူတြဲေပးလိုက္သည္။ထို့ေနာက္ ခ်ဴးလန္က မင္းသားက်င္းနဲ႔ စစ္သားေတြကို ေခါင္းေဆာင္ၿပီး အေဆာင္ငယ္ေလးဆီကို ေခၚသြားလိုက္သည္။ သူမေရတြင္းထဲ ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ လူတစ္ေယာက္မွ မေတြ႕ခဲ့ဘူး။ဒါေပမယ့္ သစ္သားပိုင္းေလး တစ္ခုက ေရေပၚမွာ ေမ်ာေနေသးတာ ျမင္ေတာ့ သူမ က်ယ္က်ယ္ေလး ေအာ္ေျပာလိုက္သည္။
"မင္းသမီးေလး, ျမန္ျမန္ေလး ထြက္လာျပပါေတာ့ ဒီမွာ အကူအညီေတြ ပါလာၿပီ"
ေဘးပတ္လည္က စစ္သားႀကီးေတြရဲ့ မ်က္ႏွာေတြက ဝမ္းခ်ဳပ္ေနသလို အမူအရာေတြနဲ႔ ျဖစ္ကုန္ ၾကသည္။
အဲ့ဒီေနာက္မွာေတာ့ ေရမ်က္ႏွာျပင္ေပၚ လိွုင္းကေလးေတြ ထလာၿပီး သစ္သားအပိုင္းေလးေအာက္က ဦးေခါင္းတစ္လုံး ႐ုတ္တရက္ ေပၚလာခဲ့သည္။ မသိရင္ ေရသရဲ လိုလိုေပါ့။
ေတာ္ဝင္မင္းသမီးရဲ့အသံက ေဒါသစိတ္နဲ႔ ပဲ့တင္ထပ္သြားခဲ့သည္။
"ခ်ဴးလၽွို့! နင္ေနာက္က်လိုက္တာဟာ!
တစ္ေယာက္ေယာကို ေခၚၿပီး ဒီမင္းသမီးကို အေပၚေရာက္ေအာင္ ျမန္ျမန္ေလး ဆြဲတင္ေပးေတာ့!"
မင္းသမီးရဲ့ စိတ္ဆိုးေနတဲ့ အသံကို ၾကားရေတာ့မွပဲ ခ်ဴးလန္လည္း ေနာက္ဆုံးေတာ့ စိတ္ေအးသြားခဲ့ရၿပီ။
အမွန္ေတာ့ ခ်ဴးလန္သူ႔လုပ္ရပ္ သူျပန္ျမင္ေယာင္မိတိုင္း မင္းသမီးကို ေရတြင္းထဲ တြန္းခ်ခဲ့တာက နည္းနည္းၾကမ္းသြားေၾကာင္း အတြင္းစိတ္ကဝန္ခံေနခဲ့သည္။ သူမက အသက္္ဖို့ တစ္ခုထဲသာ စဥ္းစားေနခဲ့ေပမယ့္ မင္းသမီးေလးရသြားမယ့္ စိတ္ပိုင္းဆိုင္ရာ ထိတ္လန္႔မွုႀကီးကို ထည့္မတြက္မိလိုက္တာ ျဖစ္သြားသည္။ ကံေကာင္းတာက ေတာ္ဝင္မင္းသမီးက အရမ္းေပ်ာ့ဖတ္ဖတ္ ေကာင္မေလး တစ္ေယာက္ မဟုတ္ေပလို့ေပါ့။
စစ္သားေတြလည္း ႀကိဳးအခ်ိဳ့ကို ရွာေဖြျပင္ဆင္ၿပီး ေရတြင္းထဲ ပစ္ခ်ေပးလိုက္ၾကသည္။
စိုရႊဲေနတဲ့ မင္းသမီးေလးကို သူတို့ဆြဲတင္ခဲ့ၾကၿပီးေနာက္ မွာေတာ့ မင္းသားက်င္းကျခဳံထည္ ျခဳံေပးမွာကိုေတာင္ မေစာင့္ဘဲ မင္းသမီးက မူးေဝေနတဲ့ ခ်ဴးလန္ဆီ သြားၿပီး ေျပးဖက္လိုက္ပါသည္။
ၿပီးေနာက္.မင္းသမီးက အသံအက္အက္ေလးနဲ႔ ခ်ဴးလန္နားထဲ တီးတိုး ကပ္ေျပာလိုက္သည္။
"အ႐ူးမ, ခ်ဴးလၽွို့!
ေရတြင္းထဲမွာ ငါတစ္ေယာက္ထဲ ဘယ္ေလာက္ေၾကာက္ေနခဲ့လဲဆိုတာ နင္သိလား?
ေနာက္ ငါအိပ္မက္ဆိုးေတြ မက္လာခဲ့ရင္ ႐ုပ္ေသး႐ုပ္ တစ္႐ုပ္ဝယ္ၿပီး အဲ့ဒီမွာ နင့္နာမည္ထိုးမယ္။ ၿပီးရင္ အဲ့ဟာမွာ ေန႔တိုင္း အပ္တစ္ေခ်ာင္း စိုက္ထားမွာ။ ဒီထိတ္လန္႔မွုႀကီးကို ေျဖေဖ်ာက္နိုင္ဖို့ေပါ့!"
ခ်ဴးလန္လည္း ေတာ္ဝင္မင္းသမိးဆီက စကားေတြေၾကာင့္ မင္သက္သြားခဲ့ရသည္။ ေမၽွာ္လင့္ထားတဲ့အတိုင္း, ဒီမင္းသမီးက မုန္းစရာပါပဲ။ သူမဘဝတစ္လုံးကို ကယ္တင္ေပးခဲ့ၿပိးတာေတာင္ အကုန္လုံးက အျပစ္တင္စကားေတြ ခ်ည္းပဲလား?!
သူမလည္ပင္းေပၚကို ပူပူေႏြးေႏြး တစ္ခုခုက်ဆင္းလာတာကို သတိထားမိလိုက္ခ်ိန္မွာေတာ့ ခ်ဴးလန္ ဘာလုပ္လို့ ဘာကိုင္ရမလဲ မသိျဖစ္သြားခဲ့သည္။
ခ်ဴးလန္ရဲ့ ႏွလုံးသားေလး ခ်က္ခ်င္း ေပ်ာ့ေျပာင္း သြားခဲ့ေလသည္။ မင္းသမီးရဲ့ ေက်ာကို ျဖည္းျဖည္းေလးပုတ္ ၿပီး သူမ အသံခ်ိဳခ်ိဳးနဲ႔အားေပးႏွစ္သိပ္ ေပးလိုက္သည္။
"ေတာင္းပန္ပါတယ္ဟာ။ ဒါငါ့အမွားပါ။ အနာဂတ္မွာ မင္းသမီးအိပ္မက္ဆိုး ေတြ မက္လာခဲ့ရင္ မင္းသမီးစားဖို့အတြက္ အရသာေကာင္းတာေလး တစ္ခုခု လုပ္ေပးမယ္ေလ,ေနာ္?"
မင္းသမီးလည္း အသက္ရွုၾကပ္ေစခဲ့တဲ့ ရွိုက္သံနဲ႔ အတူ ခ်ဴးလန္ကို အေဝးတြန္းထုတ္ၿပီး မ်က္ရည္ေတြကို သုတ္ပစ္လိုက္သည္။ နီရဲေနတဲ့ သူမမ်က္လုံးေတြနဲ႔ ခ်ဴးလန္ကို ေသခ်ာစိုက္ၾကည့္ၿပီးေနာက္ ႏွုတ္ခမ္းကို ခၽြန္ကာ ေျပာခဲ့သည္က,
"ခ်ဴးလၽွို့, နင္တကယ္ေျပာတာေနာ္!
နင္ငါ့ကို မလိမ္ရဲဘူး မဟုတ္လား?
ငါ..ဟိုေၾကာင္ပုံ ကြတ္ကီးေလးေတြ စားခ်င္တယ္။ ၿပီးေတာ့ နင္ကိုယ္တိုင္လုပ္တဲ့ ဘဲကင္ေရာပဲ!"
ခ်ဴးလန္:(. ....)
ခ်စ္ရပါေသာ မင္းသမီးေရ, အေျပာင္းအလဲ ျမန္လြန္းတဲ့ နင့္စိတ္ကို ထိန္းခ်ဳပ္ေပးလို့ ရမလား? ငါ့ႏွလုံးသားႏုႏု ေလးက အဲ့ေလာက္ မခံစားနိုင္ဘူးေနာ္!
ငါ့ကို လွည့္စားၿပီး အစာစားရဖို့ ေတာ္ေတာ္ေလး သနားစရာေကာင္းေအာင္ ဆက္မငို ေတာ့ဘူးဆိုတာ နင္ေသခ်ာ သြားၿပီလား?
ခ်ဴးလန္ မင္းသမီးကို ၾကည့္ၿပီး မ်က္လုံးလွိမ့္ျပ ခ်င္စိတ္ ျဖစ္ေနခဲ့သည္။