<Unicode>
Ch. 54 Meeting. တွေ့ဆုံပွဲ
# TRANSLATED by Irisbellar
ချူးလန်က ပျားရည်အရက် ခွက်ကို ကိုင်မြှောက်ပြီး အနည်းငယ်မျှ တစ်ငုံစာ လောက် စုပ်သောက် လိုက်သည်။ အဖြူရောင် စွပ်စွပ် ကြွေခွက်လေး ထဲက ရွှေဝါရောင် ပျားရည် အရက်တို့ လည်ချောင်း အောက် မျောခနဲ စီးဝင် သွားခဲ့ချိန်မှာတော့ ငြိမ်သက်နေတဲ့ ချူးလန်ရဲ့ နှလုံးသားစတင် ဟန်ချက်ပျက်လာပါတော့သည်။
ချက်ချင်း ဆိုသလို ဖြစ်ပျက် သွားခဲ့တဲ့ အဖြစ် အပျက် က နည်းနည်းလေးတော့ ထူးဆန်းနေတယ်လို့ သူစိတ်ထဲ ရိပ်ခနဲ အတွေးတစ်ခု ရောက်ရှိလာခဲ့သည်။
ဘာဖြစ်လို့ တော်ဝင်မင်းသမီးက ရုတ်တရက် အစာအိမ် အောင့်သွားခဲ့ရတာလဲ?သူတို့ ၂ ယောက်လုံး အတူတူ စားခဲ့တယ်ဆိုတာလည်း အရှင်းကြီး။ဒါပေမယ့် တော်ဝင် မင်းသမီးရဲ့ အမူအယာ အရတော့ သူမဟန်ဆောင် နေခဲ့တာလည်း လုံးဝမဟုတ်။
အခုချိန်မှာတော့ တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ထဲ သတိမထားမိဘဲ သူမရောက်သွားပြီ လို့ ချူးလန် ခံစားမိလိုက်သည်။
သူမ ထပ်စဉ်းစား လေလေ သူမနှလုံး ခုန်သံက ပို မြန်မြန်လာလေပဲ။မျက်နှာလည်း ချက်ချင်း ဆိုသလို ဖျော့တော့ သွားခဲ့ပြီ။ သူမဘေးနား ရပ်နေခဲ့တဲ့ ရှီးယန်ဘက်ကို လှည့်ကာ နည်းနည်း စောစောလေး ပြန်တော့မယ်လို့ ပြောမလို့ ဟန်ပြင်လိုက်ရုံ ရှိသေး။ သူမလှည့်လိုက်ချိန်မှာဘဲ စိုက်ကြည့်နေတဲ့ ရှောင်ဘိုကျင်းနှင့် မျက်လုံးချင်း ဆုံမိသွားခဲ့၏။
ကိုယ့် မျက်လုံးကိုယ် မယုံနိုင် ဖြစ်၍ မျက်မှောင် နက်နက်ကြုံ့ကြည့် ပြီး ချူးလန် တစ်ယောက် ခနလောက် တုံ့ဆိုင်း ရပ်တန့် သွားခဲ့ရသည်။
'ရှောင်ဘိုကျင်းက ဘာလို့ ဒီနေရာမှာ ပေါ်လာနိုင်မှာတုန်း?'
ရှောင်ဘိုကျင်းလဲ အခန်းဝကနေ ဝင်လာလာချင်းပဲ ချူးလန်နဲ့ အကြည့်ချင်း ဆုံသွားလိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့ဘူး။အခုတော့ ဒီတိုက်ဆိုင်မှုကြီးက သူတို့၂ယောက်ကို စိတ်ချင်း ဆက် ပေးလိုက်သလိုပဲပေါ့။ အဲ့လိုမျိုး တွေးနေရင်း ရှောင်ဘိုကျင်း နှလုံးသားလေး အရည်ပျော် သွားပြန်သည်။
"လန်းအာ..!"
ချူးလန် :. ....
'ဘယ်လိုတောင် ဆိုးရွားလွန်းတဲ့ ငါ့ကံကြမ္မာကြီးလဲ?'
'သေလိုက်ပါတော့!'
ချူးလန် စိတ်ထဲကနေ မိုးကောင်းကင်ကို ထပ်တလဲလဲ ပြစ်တင်ကျိန်ဆဲနေခဲ့သည်။ သူမရှောင်ဘိုကျင်းဆီ ပြေးသွားလိုက်ရင်လဲ ဘာ ကောင်းတာ တစ်ခုမှ ဖြစ်လာဖို့ မရှိဘူးလေ။ အရင်တုန်းကတစ်ခါ ဒင်းရွမ်အိမ်တော်မှာ တုန်းက သူ့လက်ကလွတ်အောင် သူမ မနည်းရှောင်တိမ်းခဲ့ရပြီးပြီ။ ဒါပေမယ့် အခုကြည့်, ကံကောင်းပြီး ရှောင်နိုင်ခဲ့တာက ဘယ်လောက်မှမကြာသေးဘူး။ အခုတစ်ခါ ဒီမှာသူနဲ့ ပက်ပင်း တိုးရပြန်ပြီ။ဒီဇာတ်လမ်းကြီးမှာ သူမ အေးအေးဆေးဆေး နေသွားလို့ ရပါအုံးမလား?သူမက တကယ့် အစစ်
ဇာတ်လိုက်မ "ချူးလန်"မှ မဟုတ်တာ။အဲ့လို ဉာဏ်များပြီး လှည့်စားတတ်တာ, လူ့ကျင့်ဝတ်မရှိတာ, အကွက်ကျကျ ထောင်ချောက်ဆင် တယ်ဆိုတာတွေက သူမပုံစံ မဟုတ်ဘူးကွယ့်!
ရှောင်ဘိုကျင်းလို လူစားမျိုးကို ကြိုက်ဖို့ဆိုတာ တော်တော် အန္တရာယ်များတဲ့ အလုပ်။ သူ့ကိုယ့်ကျိုးအတွက် မင်းကို ရောင်းစားသွားခဲ့ရင်တောင် မင်းသိလိုက်မှာ မဟုတ်ဘူး။
ချူးလန် စိတ်ထဲကအနေ အရမ်းစိတ်ပျက်ပြီး မပျော်မရွှင် ဖြစ်နေခဲ့သည်။ ဒီနေရာမှာ ရှောင်ဘိုကျင်းကို မြင်လိုက်ရလို့ ရှော့ခ် အကြီးကြီး ရသွားခဲ့ပေမယ့် နောက်ကျတော့ နှလုံးခုန်နှုန်းတဖြည်းဖြည်း နှေးပြီး ပုံမှန် ပြန်ဖြစ်လာခဲ့သည်။
သူမက ဒီကောင်ကို မြင်တာနဲ့ ပျာယာခတ်သွားမယ့် တကယ့်ဇာတ်လိုက်မ ချူးလန်အစစ် မှ မဟုတ်တာ။ နောက်ပြီး အခြေအနေကို သုံးသပ်ကြည့်ရရင်, တော်ဝင်မင်းသမီး ရုတ်တရက် ထွက်သွားခဲ့ ပုံက သူမနဲ့ ရှောင်ဘိုကျင်း တစ်ခုခု ဆက်နွယ်မှု ရှိနေသလိုပဲ။
ကြားထဲက ရှီးယန်ကတော့ " လန်အာ" လို့ ခေါ်လိုက်တဲ့ ရှောင်ဘိုကျင်း ရဲ့ အသံချိုချိုလေး ကို ကြားခဲ့ရပြီးနောက်မှာ သူမကိုယ်ထဲက ဝဋ်ဉာဉ်ထွက်သွား တော့မည့် အတိုင်း ခံစားလိုက်ရ၏။
လိုက်ကာ နားမှာ ရပ်နေတဲ့ အရပ်ရှည်ရှည်ခပ်ချောချော ကောင်လေးဘက် လှည့်ပြီး ရှီးယန် တမေ့တမောကြီး စိုက်ကြည့်နေခဲ့သည်။
ရှီးယန် ဖြစ်သွားပုံက ချူးလန်ထက်တောင် ပိုဆိုးသေးတယ်:လှုပ်ရှားမှု မရှိတော့တဲ့ လူသားကျောက်ရုပ် ကြီးလိုပဲ။ Defeng လက်ဖက်ရည်ဆိုင်က နေရာဒီလောက် ပေါတာ ကိုး ဒီနေမှာမှ သခင်ရှောင်က ရုတ်တရက် ပေါ်ထွက်လာခဲ့လိမ့်မယ်လို့ သူမ လုံးဝ မမျှော်လင့် ထားဘူး။ ထပ်ပေါင်းပြောရရင် ဒီနေရာ က သခင်မလေးနဲ့ တော်ဝင် မင်းသမီးတို့ သီးသန့်ယူ ထားခဲ့တဲ့ ကိုယ်ပိုင် အခန်းလေ !!!
ဒီအချိန်မှာတော့ ချူးလန် မတ်တပ် ထရပ် လိုက်ပါပြီ။ လိုချင်ရမ္မက်ကြိး နေတဲ့ ရှောင်ဘိုကျင်းရဲ့ အကြည့်တွေက ချူးလန်ဆီက မခွာနိုင် ဖြစ်နေခဲ့သည်။
ရက်ပေါင်းများစွာ ဝေးကွာခဲ့ရတဲ့ သူချစ်သူအပေါ် စိတ်ထက်သန်မှုအပြည့် ဖြင့် ကြည့် နေခဲ့သည်။ ချူးလန်က တော်တော် လေးလှသည်။ ပန်းပွင့်လေးများ ဖြန့်ကျက် ထိုးထားတဲ့ မိုးပြာရောင် အောက်ခံ ဝတ်စုံလေးပေါ် မှာ ဖျော့တော့တော့ အဝါရောင် ဇာပါးလေး ထပ်ထားခဲ့တဲ့ သူမ ဝတ်စုံလေး။ခါးလေးမှာက ကျောက်စိမ်း အဆောင် သေးသေးလေးတွေ တွဲချိတ်ထားခဲ့တဲ့ အစိမ်းရောင် ခါးပတ်လေးနဲ့။ လက်ချောင်းလေးတွေကလဲ ရှည်မျောမျော ပိန်သွယ်သွယ် လေးတွေပေါ့။
(လိုချင်လိုက်တာ ငါလဲ😁😁)
နက်မှောင်နေတဲ့ ဆံသားပျော့ပျော့ လေးတွေကြားမှာ ရွှေစလေးများဖြင့် စီမံချယ်သထားသည့် ကျောက်စိမ်းဆံထိုး လေးကို သွင်းယှက် ထားပြီး နံဖူးထက် ပတ္တမြားကြိုးစည်းလေးနဲ့။ မက်မွန်ပန်းပွင် ပုံစံ အတွင်းခံလေးက သူမ အသားနဲ့ ဟက်နေ၏။ သူမရဲ့ နီရဲရဲ နှုတ်ခမ်းလေး, နာတံစင်းစင်း လေး, မျက်လုံးပြူးကျယ်ကျယ်လေး, ပါးမို့မို့ လေးတွေဆီကိုတော့ ရှောင်ဘိုကျင်းရဲ့ မျက်လုံးအစုံက လောဘတကြီး ကပ်တွယ်နေတော့သည်။ သူ့လက်ချောင်းတွေ အကျီလက် အတွင်းဘက်ကို ပွတ်သပ် နေခဲ့ပုံက မသိရင် အရှေ့က တစ်ယောက်သောသူရဲ့ မျက်နာကို ထိတွေ့ကိုင်ကြည့် နေသလိုမျိုး။
စိတ်မကောင်းစရာကတော့ သူက ချူးလန်ရဲ့ အပြင်ပန်း ဝတ်ဆင်ထားပုံကိုသာ မြင်တွေ့ နေခဲ့ပြီး သူရဲ့ ဖားမျက်လုံးပုံစံ မျက်ဝန်းထဲက ကိုယ့်ကိုယ့်ကို ကင်းစောင့်နေသလို စောင့်ကြပ်နေခဲ့တဲ့ အကြည့်ကိုတော့ ရှောင်ဘိုကျင်းး သတိမထားမိခဲ့ရှာဘူး။
ရှောင်ဘိုကျင်းဆီက စထွက်လာမယ့် စကားကို စောင့်ပြီး ချူးလန် ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမတည်တည်ငြိမ်ငြိမ် သရုပ်ဆောင်ဖို့ မဆုံးဖြတ်ထားခဲ့ဘူး။ဒါကလည်း သူမဘယ်လောက်ပဲ ဖြစ်ချင်နေပါစေ အခုချိန်မှာ ဘယ်လိုမှ ရှောင်ထွက် လို့ရမှာ မဟုတ်တော့ကြောင်း သိခဲ့လို့ပါပဲ။
ရှောင်ဘိုကျင်းက ဘယ်လောက် ဉာဏ်များခဲ့သလဲ ဆိုတာနဲ့ အတူ သူမစိတ်ထဲ သူ့ဆီမှာ နောက်ထပ် အစီစဉ် မရှိလောက်ဘူးဆိုတာကို အပြင်းအထန် သံသယ ဝင်နေခဲ့ပါသည်။
ဒီလိုနဲ့ နောက်ဆုံးတော့ ရှောင်ဘိုကျင်းလဲ အခြေအနေ သိပ်မကောင်း တာကိုသတိထားမိသွား ပုံရသည်။ သူ့ခေါင်း ကို အောက်စိုက်ပြီး ချူးလန် ကိုယ်ပေါ်က အကြည့်ကို ရွှေ့သွားခဲ့သည်။ ထို့နောက် တော်ဝင်မင်းသမီး ထိုင်ခုံဆီလှမ်းသွားပြီး( "မင်းထားခဲ့လို့လည်း အများကြီး မခံစားရပါဘူး")ဆိုတဲ့ ပုံစံ နှင့် ဝင်ထိုင်ခဲ့သည်။
ချူးလန်က ဒီအတိုင်း တောင့်တောင့်ကြိး ရပ်နေသေးတာကို သူ သတိထား မိသွားသည်။ သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ညင်ညင်သာသာလေး လှမ်းခေါ်လိုက်သည်။
"လန်အာ...., လာလေ။လာထိုင် ပါ။"
ချူးလန်သာ တကယ် ထိုင်ချင် စိတ်ရှိခဲ့မှ တော့ အစောကြီး ထဲက သူမ ဝင်ထိုင်နှင့်ခဲ့ပြီး ဖြစ်နေမှာ မဟုတ်လား ?တကယ်လို့ သူမမှာ ရွေးချယ်စရာ တစ်ခုခု ရှိလို့ကတော့ အစောကြီးထဲက လှည့်မကြည့်ဘဲ ထွက်သွားခဲ့ တာ ကြာပြီပေါ့။
အမှန်တော့ ဒါတေအကုန်လုံး ချူးလန်စိတ်ထဲမှာ တွေးနေခဲ့ပေမယ့် အပြင်မှာ ဘာမှ ထုတ်မပြောလိုက်ဘဲ သူ့စကား နားထောင်ပြီး အလိမ္မာလေးနဲ့ ဝင်ထိုင် လိုက်ပြီး သူမ အကြည့်ကို လျှော့ချ လိုက်သည်။ ရှောင်ဘိုကျင်းရဲ့ မျှော်လင့်ချက်တွေနဲ့ တပ်တပ်စင် အောင် လွဲနေတဲ့ သူမ မျက်ဝန်းထဲက ခံစားချက်တွေကို ဖုံးကွယ် ထားလိုက်သည်။
"လန်အာ...မင်းဒီနေ့ ရောက်လာခဲ့ ပေးလို့ ကိုယ်တကယ် ဝမ်းသာ ပါတယ်။ အခုလေးတင် ပဲ "လက်တွဲဖော် ရှာတဲ့ ဖီးနစ်ငှက် "ဆိုတဲ့ ကိုယ့် သီချင်း လေးကို ကြားခဲ့ပြီးရောပေါ့။ဘယ်လိုလဲ ကောင်းရဲ့လား?"
ရှောင်းဘိုကျင်း ရဲ့ လေသံထဲ ကြင်နာမှုတွေနဲ့အတူ မျက်ဝန်းထဲမယ် ချစ်ခြင်း မေတ္တာ တွေ နှင့် ပြည့်နက် နေခဲ့တော့သည်။
ဒါပေမယ့် သူ့စကားသံကြောင့် အရှေ့မှာ ထိုင်နေတဲ့ မိန်းကလေး တစ်ယောက် ရင်ထဲ ခံစားချက်တွေ ဗလောင်ဆူ သွားခဲ့ရသည်။
"ဘာဖြစ်နေတာလဲ?"
ရှောင်ဘိုကျင်းက သူတို့၂ယောက် ဒီဆိုင် ဒီနေရာမှာ တွေ့မယ်လို့ ကြိုချိန်း ထားခဲ့သလိုမျိုး ကြီး ဘာကြောင့် ပြောနေရတာလဲ? ဘာ့ကြောင့်လဲ? ဒီကြားထဲမယ် သူမ သူ့ဆီက ဘာ အဆက်အသွယ်မှလည်း မရခဲ့ဘူး မဟုတ်လား!!
ရှောင်ဘိုကျင်းက လိမ်လည့် လှည့်စား ပြောဆိုနေတာလား?ဒါမှမဟုတ် သူမမသိလိုက်ဘဲ တစ်ခုခု ဖြစ်သွားခဲ့တာ များလား?
နောက်တစ်ခုက သူမကိုအိပ်ပျော်လုနီးပါး ဖြစ်သွားစေတဲ့. သီးချင်း တစ်ပုဒ်တောင် တီးပြခဲ့တာလည်း ရှိသေးတယ်။
မောင်လေး..: မင်းကောင်း ကောင်း တီးပြခဲ့ပါတယ်။ဒါပေမယ့် ..မမက ဒီလို ဂီတ အမျိုးအစားကို နားမလည်ဘူးကွဲ့။
ချူးလန် ငိုချင်နေခဲ့သည်။ ဒီလို တစ်ခုခုသာ ဖြစ်မယ်မှန်းသိရင် သူမ တော်ဝင်မင်းသမီး နဲ့ အတူ လိုက်မလာခဲ့ဘူးပေါ့။
သူမခေါင်းကို ငုံ့သထက် ပို ငုံ့ သွားသည်။ ပြီးနောက် အသံလေးက ခြင်သံလေး သာသာ ရှိပြီး
ေဖြလိုက်သည်က..
"စိတ်ကျေနပ် စရာကောင်း ခဲ့ပါတယ်" တဲ့။
ဒီစကား ကြားတော့ ရှောင်းဘိုကျင်း မျက်လုံးထဲ စိတ်ပျက် သွားပုံကြီးက ထင်းကနဲ မြင်နေရသည်။သို့ပေမယ့် အလျင်အမြန်ပဲ နွေးနွေးထွေးထွေး ပြန် ပြုံးပြပြီး သူလက်ထဲ ယူလာခဲ့တဲ့ ပိုးသားပတ် သေတ္တာဘူးလေးကို စားပွဲ ပေါ် တင်လိုက်သည်။ ပြီးနောက် ထိုဟာကို ချူးလန် ရှေ့ တွန်းပို့လိုက်ပြီး...
"လန်းအာ....ဒီနေ့က မင်းမွေးနေ့လေ။ ဒီဟာလေးက မင်းအတွက် ကိုယ်ပြင်ဆင် ထားခဲ့တဲ့ မွေးနေ့ လက်ဆောင်!
ဖွင့်ပြီး ကြည့်လိုက်ပါအုံး..
မင်းအကြိုက် ဖြစ်ရဲ့လားလို့? "
ချူးလန် ပြောင်လက်နေတဲ့ ပိုးသား မျက်နှာပြင် ပေါ် အကြည့် တစ်ချက် ရောက်သွားသည်။
ရှုံ့မဲ့ သွားတော့မယ့် သူမမျက်နာကို သူမ အတတ်နိုင်ဆုံး မရမက ကြိုးစား တားဆီး နေခဲ့၏။
'အခုက ဘာတွေ ဖြစ်ပျက်နေတာလဲ ?'
သူ့ တရားဝင် ယောက်ျားက တောင် သူမမွေးနေ့ အကြောင်း ဘာတစ်ခုမှ မဖော်ပြထားခဲ့ဘူး ဒါအပြင် ဖြစ်နိုင်တာကတော့ သူလုံးဝကို သတိ မရတော့တာပဲ။ ဒီဘက်မှာက အပြင်လူ တစ်ယောက်က သူမဆီ အရောက် လာဖို့ နည်းလမ်း ပေါင်းစုံ သုံးခဲ့တယ်- ဒီလက်ဆောင်လေး တစ်ခု ပေးဖို့ အတွက်နဲ့! ချူးလန် အထက်ကောင်းကင်ဘုံကိုသာ မျက်စောင်း ထိုးပြချင်နေခဲ့သည်။
ချူးလန် အသက် ပြင်းပြင်း တစ်ချက် ရှူပြီး ဒီကောင်လေးကို ညင်ညင်သာသာ လေးပဲ ပစ်ထားခဲ့နိုင်ဖို့ သူမ အကောင်းဆုံး ကြိုးစားခဲ့ပါတော့သည်။
"ရှင့်ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားအတွက် ကျေးဇူးတင်ပါတယ်။ ဆရာရှောင် ရှင့်။
ဒါပေမယ့် ကျွန်မ ဒီလက်ဆောင်ကို လက်မခံပါရစေနဲ့"
ရှောင်ဘိုကျင်းရဲ့ အသက်ရှူနှုန်း နှေးသွားခဲ့သည်။ မျက်လုံးထဲမယ် တိုက်ခက်တော့မည့် မုန်တိုင်း တစ်ခု ဝေ့လည် သွားနေသလိုမျိုးနှင့် သူ့မျက်ခုံးများ တွန့်ခေါက်သွားပါသည်။
"လန်အာ...ဒီအစ်ကိုရှောင်က မင်းအတွက် အထူးတလည် ဖြစ်အောင် ဒီလက်ဆောင်လေးကို အများကြီး အားစိုက်ထုတ်ပြီး ပြင်ဆင် ထားခဲ့တာပါ။"
မျက်စောင်းထိုးမှာ ခေါင်းငုံ့ပြီး ထိုင်နေတဲ့ အမျိုးသမီးဆီသို့ ရှောင်ဘိုကျင်းရဲ့ အကြည့်များက ပြင်းထန်လာခဲ့သည်။ သူမရဲ့ အမှုအယာအပေါ် သူ ဖတ်မရ ဖြစ်နေခဲ့သည်။ အကျီလက်ရှည် အပွကြီး အောက်မှာ လက်သည်းထိပ်များ လက်ဖပါးထဲ နစ်ဝင်သွားသည့် အထိ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားခဲ့သည်။
"လန်အာ...မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ? မင်း ငါ့ကို မော့တောင် မကြည့်တာ
ဘာကြောင့် လဲ ကွာ?"
ဒုတိယအကြိမ် အမေးခံရခဲ့ပြီး နောက်မှာတော့, ချူးလန် ငိုချင်စိတ် ပေါက်သွားခဲ့သည်။ ဒီသောက်တလွဲ..သောက်ကျင့် မကောင်းတဲ့ ကောင်ကို ဘယ်သူက ကြည့်ချင်မှာတုန်း? သူမသာ တတ်နိုင်မယ်ဆို အစထဲက ထွက်ပြေး သွားခဲ့လောက်ပြီးပြီ!
ဝတ္ထုထဲက အဓိကဇာတ်ကောင် မင်းသား ဖြစ်တဲ့ ရှောင်ဘိုကျင်း နဲ့ မျက်နှာချင်းဆိုင်နေရတာက သူမအတွက် အရမ်း ဖိအားများ နေခဲ့သည်။ အဲ့ဒီအစား သူမရဲ့ ရူးကြောင်ကြောင် အေးစက်စက် . ယောက်ျား နဲ့ မျက်နှာချင်းဆိုင်ရတာမှ ပိုပြီးလွယ်ကူ နေအုံးမယ်။
"လန်အာ...မင်းဒီနေ့ ဒီနေရာထိ ရောက်လာခဲ့ပြီးမှတော့ မင်းရင်ထဲမှာ ကိုယ်ရှိနေတုန်း ပဲမလား?မင်းရဲ့ အစ်ကိုရှောင် အဖြစ်ပေါ့?
ဒီအခြေနေအထိ ရောက်လာအောင် မင်းတွန်းအားအပေးခံခဲ့ရတာ ကိုယ်သိပါတယ်။ စိတ်မပူပါနဲ့ အစ်ကို့ရှောင့် တာဝန်ထားလိုက်ပါ။ တစ်နေ့နေ့ကျ အစ်ကိုရှောင် မင်းကို ဒီအခြေအနေကနေ ခေါ်ထုတ် သွား ပါ့မယ်။ "
စကားဆုံးခါနီးမှာ ရှောင်ဘိုကျင်းရဲ့ အသံထဲက ရက်စက်ကြမ်းကြုတ် တော့မယ့် အရိပ်အယောင် တွေ ပါလာခဲ့သည်။
သူ့ရဲ့ ယောက်ျားပီသတဲ့ မျက်နှာ ပေါ်က ကြောက်စရာ ကောင်းအောင် ရက်စက် တော့မယ့် အမူအယာပုံစံ ဖြင့် မည်သူမဆို ကျောချမ်း သွားနိုင် ပါသည်။
ထိုပုံစံကို ရှိးယန် တစ်ယောက် ဖျတ်ခနဲ ဖမ်းမိသွားခဲ့သည်။ သူမအလွန် တုန်လှုပ် ကြောက်လန့်သွား လို့ ခေါင်းသာ ဆက်ငုံ့ထားခဲ့ ပြီး နည်းနည်းလေးမှ ထပ်မလှုပ်ရဲ တော့ပေ။
ချူးလန်ကတော့ တို့ဟူးနင် နေပြီး အန်ထွက်ချင်နေခဲ့သည်။ ဒီအရူးကောင် ဒီနေရာ မှာ ရှိနေတယ်ဆိုတာ သူမကြိုသိခဲ့ရရင် သေသွားတဲ့ အထိ အရိုက်ခံရမယ် ဆိုရင်တောင် သူမ ဒီနေရာကို လိုက်လာခဲ့မှာ မဟုတ်ဘူး။
" အစ်ကို.... ဒီလိုမျိုး မလုပ်ပါနဲ့။ နည်းနည်းလောက်ပိုပြီး လက်တွေ့ဆန် ပေးလို့ရမလား? ကျွန်မက လက်ထက်ပြီးသား ဖြစ်နေပါပြီ။ တကယ်လို့ ကျွန်မ ယောက်ျားက ဆိုးသွမ်းပြီး အမြဲတမ်း ရိုက်နှက် နေမယ်ဆိုရင်တောင် ကျွန်မက သူ့ကို သစ္စာဖောက် သွားဖို့ လုံးဝ မရည်ရွယ် ထားဘူး။ အစ်ကိုကဘယ်လိုဖြစ်ချင်လို့လဲ? ဒီနေရာကို ခိုးကြောင်ခိုးဝှက်နဲ့ တိတ်တဆိတ် ရောက်လာခဲ့ရတာလဲ? ပြီးတော့ ဘာ့ကြောင့် ကျွန်မကို နောက်မီးလင်းပြီး အပြစ်ကျူးလွန်အောင်လာအောင် လုပ်ဖို့ ကြိုးစားပြီး အရမ်း အစွဲအလမ်း ကြီးနေရတာလဲ?
ချူးလန် နှုတ်ခမ်းကိုသာ ကိုက်နေခဲ့ပြီး နောက်ဆုံးတော့ ဘာတစ်ခုမှ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်၏။ အကယ်၍ ရှောင်ဘိုကျင်းသာ သူမက ချူးလန် အစစ် မဟုတ်ဘူးဆိုတာ ရှာတွေ့ သွားခဲ့ရင် သူ ဒီ့ထက်မက ပို ရူးသွားနိုင် တယ်လို့ သူမ စိတ်ထဲ ထင်ကြေး ပေးနေခဲ့သည်။ အန္တရာယ်ထဲ မှာပဲ ကောင်းကောင်း ကြီး ပျော်နေတဲ့ သူဘဝ ပေါ့ ။ ဒါ့ကြောင့် လူမသိသူမသိ နေခဲ့ကတာမှ ပိုကောင်းခဲ့အုံးမယ်။
တကယ့်ချူးလန် အစစ်က ဘယ်လို အရှုပ်မျိုးကို သူမအတွက် ရှင်းဖို့ ထားခဲ့ရတာလဲ?!
ရှောင်ဘိုကျင်းက သူ့နှလုံးသားထဲက စိတ်ကုန်သွားမှုကို ဖိနှိပ်ပြီး မျက်ပေါ်ဝယ် နူးညံ့ကြင်နာမှု ပုံစံကို အတင်းဇွတ် ဖော်ထားခဲ့သည်။ ချူးလန်က လက်ဆောင်ကို လှမ်းမယူဘဲ ငြင်းဆန်နေခဲ့တော့ သူ့ရှေ့ကိုဘဲ ပြန်ဆွဲ ယူလိုက်တော့သည်။ ထို့နောက် ၄င်းကို ဖွင့်ပြီး သူမရှေ့ ပြန်ပို့ လိုက်၏။
ထို့နောက်..
သူ့ရဲ့ အနွေးထွေးဆုံး ဆွဲဆောင်မှု အရှိဆုံး အသံကို သုံးပြီး ပြောလိုက်သည်။
"လန်အာ...တစ်ချက်လောက် ကြည့်ပါအုံး။ ဟိုအရင်ထဲက မင်းအတော်ကြာ မျက်စိကျနေခဲ့တဲ့ ကျောက်စိမ်း အလှဆင်ထားတဲ့ ရွှေဆံထိုးလေး လေ။ မင်းကြိုက်တယ်မလား?"
(ဟယ်...ဒီမမတော့ သနားလာပြီနော် အချောလေးရေ..😑😚)
ချူးလန်လည်း ထိုပစ္စည်းလေးပေါ်သို့ အကြည့် ရွှေ့သွားခဲ့၏။ ဆံထိုးပေါ်က ပန်းပုထုထား တဲ့ ကျောက်စိမ်း ပန်းပွင့်လေးတွေက အထူး လက်ရာ မြောက်လှသည်။ အသည်းပုံ ပန်းပွင့် လေးတွေနဲ့ အတူ သူတို့ရဲ့ ပွင့်ချပ် လေးတွေကိုလဲ အရည်အသွေးကောင်း ကျောက်စိမ်းဖြင့်သာ ပြုလုပ် စီမံထားခဲ့ခြင်း ဖြစ်သည်။ဆံထိုးထိပ်မှာတော့ အကြီးဆုံးပန်းပွင့် တစ်ပွင့် ပါရှိပြီး ၄င်းကို မီးရောင် အောက် တလက်လက် တောက်ပနေတဲ့ နီလာကျောက်ကလေး ၅လုံးဖြင့် စီရီပုံဖော် ထားခဲ့သည်။
ဒီအဆင်တန်ဆာက တကယ့်ကို တန်ဖိုးကြီးပြီး အပီအပြင် လှပနေပါရောလား။ ဒါကို အရင်က အစစ်မ ချူးလန် တစ်ယောက် လိုချင်စိတ် ပြင်းပြနေခဲ့တာ မအံ့ဩတော့ပါဘူး။
ရှောင်ဘိုကျင်းရဲ့ ပုံစံအမူအယာလည်း အနည်းငယ် ဖြေလျော့ ပျော့ပျောင်း လာခဲ့သည်။ ထင်ရတာတော့ ချူးလန်ရဲ့ သူ့လက်ဆောင်အပေါ် နှစ်ထောင်းအားရ သဘောကျ နေပုံကို ရိပ်ဆ မိသွားတာ ဖြစ်မည်။
သူ့ လန်းအာ က စကား မပြောချင် ဘူး ဆိုရင်လည်း သူက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပြီး ပါရမီ ဖြည့် ပေး မယ့် သူကြီး။ သူက ချူးလန်ကို သူ့ရဲ့ စစ်မှန်တဲ့ သဘောထား နောက်ကွယ်က နက်ရှိုင်းမှု ကြီးကို နားလည် စေချင် တာပါ။ ဟို သောက်တလွဲ ဟေးစန်းလန်ကတော့ ချူးလန်အပေါ် လုံလုံလောက်လောက် ကောင်း ပေးခဲ့တာ မဟုတ်ဘူး!
"လန်အာ....ဒါအစ်ကိုရှောင့် အမှားပါ။ဒီဆံထိုးလေးကို မင်းအတွက် အရင်ထဲက ဝယ်ခဲ့ ပေးသင့်တာပါ။ မင်းကို ဒီလောက် အကြာကြီး စောင့်ရအောင် လုပ်ခဲ့မိတော့ အခု အစ်ကိုရှောင် ကိုယ်တိုင် မင်းကို ပန်ပေးပါရစေ။"
ချူးလန်,(. ....)
တည်ငြိမ်အေးဆေးတဲ့ သူမရဲ့ အပြင်ပန်းပုံစံကို ဆက်ထိန်းထားဖို့ ကြိုးစားနေရင်း ပဲ သူမ သည်းခံနိုင်သည့် ပမာဏ ပြည့် သွားခဲ့ပြီ။
'ဒီကောင်က အခုချိန်မှာ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ?!'
သူတို့ ၂ယောက်လုံး မသိခဲ့လိုက်တာက ဘေးကပ်ရပ် သီးသန့် အခန်းထဲမှာ ရှိနေတဲ့ မင်းသားကျင်းက သူတို့ ပြောဆိုနေတာတွေ အကုန်လုံး အစအဆုံး ကြားနေခဲ့တယ် ဆိုတာပါပဲ။
တည်ငြိမ်နေတဲ့ ကန်ရေပြင်ပေါ် လိုင်းထ သွားသကဲ့သို့ မင်းသားကျင်းရဲ့ ပြာလဲ့လဲ့ မျက်ဝန်းစိုစို မှာထဲ ခံစားချက် လှိုင်းများ ရိုက်ခတ် သွားခဲ့သည်။
"ရှောင်ဘိုကျင်း?"
ချူးမိန်းခလေး ဒီလောက် ရဲတင်း လိမ့်မယ် လို သူ မထင်ထား ခဲ့ခြင်းဖြစ်သည်။ သူ ဒီနေရာထိ ချူးလန် နောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်သွားပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။ နောက်ပြီး ဘာကြောင့် ဟေးချန်က သူရဲ့ဒီဇနီး အသစ်စက်စက်ကို မျက်ခြေမပြတ် စောင့်ကြည့် ခိုင်းထားခဲ့လဲဆိုတာ ပါ စတင် နားလည်လာ တော့သည်။
မင်းသားရဲ့ မိုးပြာရောင် မျက်လုံးကလေးများ အရောင်တောက်ပလာခဲ့ပြီး သူ့နှုတ်ခမ်းထောင့်စွန်း တစ်ဖက် ကော့တက်သွားကာ,
"ဒီကိစ္စကတော့ ..ပိုပြီး ရယ်စရာကောင်းတော့မယ်!"
တစ်ဖက်ခြမ်းမှာတော့ ချူးလန်က မြန်မြန်ဆန်ဆန် ပဲ တောင်းဆိုချက်ကို လက်ရမ်းပြပြီး ငြင်းလိုက်သည်။ ရှောင်ဘိုကျင်းရဲ့ ဒေါသကို ပြေငြိမ်းဖို့ရာ အတွက် သူမ အသံသေးသေးလေးဖြင့် သာ ပြန်ပြောလိုက်နိုင် ခဲ့သည်။
" အဲ့လောက်ထိလုပ်ပေးဖို့ မလိုပါဘူး။
ကျွန်မ ဒီတိုင်း ပဲပြန်ယူ လိုက်ပါ့မယ်"
ထိုသို့ ပြောပြီးနောက် ချူးလန်က စားပွဲပေါ်က ပိုးသားပတ် သေတ္တာဘူးလေးကို ကောက်ယူပြီး သူ့နောက်ကစောင့် နေတဲ့ ရှီးယန်ဆီ ကမ်းပေးလိုက်ခဲ့သည်။
ချူးလန်က သူ့လက်ဆောင်ကို လက်ခံတာ မြင်လိုက်ရတော့ ရှောင်ဘိုကျင်းလဲ နောက်ဆုံး စိတ်အေးချမ်း သွားနိုင်ပြီး ကိုယ်တိုင် တပ်ဆင်ပေးမလို့ လုပ်နေတာပါ ရပ်တန့် သွားခဲ့သည်။
" လန်အာ, အစ်ကိုရှောင့်ကို နည်းနည်းလောက် ထပ်စောင့် ပေးပါအုံး။ နော်?အစ်ကို့ ကို ယုံလိုက်။
ဒါ..အရမ်းကြာတော့မှာ မဟုတ်ပါဘူး။ "
သူမဒူးပေါ် တင်ထားခဲ့တဲ့ ချူးလန်ရဲ့ ဖြူဥဥ လက်သေးသေးလေး ၂ဖက်ကို သနားကြင်နာစွာဖြင့် ရှောင်ဘိုကျင်း စိုက်ကြည့် နေခဲ့သည်။ သူမလက်ကလေးတွေကို ယူပြီး သူလက်ဖဝါးကြီးကြီး တွေအောက် ဖုံးအုပ်ပြီး ဆုပ်ကိုင်ချင်စိတ် ပြင်းပြလာခဲ့သည်။ ပိုပြီး တွေးကြည့် လေလေ ပို လုပ်ချင် လာလေလေ ဖြစ်နေခဲ့သည်။ သတိမမူမိပဲ သူ့လက်ချောင်းတွေကို သူဖိညှစ် နေခဲ့တဲ့ အထိပါပဲ။
ချူးလန် ရှောင်ဘိုကျင်းရဲ့ ပြင်းပြနေတဲ့ စိတ်ကို ခုခံနိုင်ဖို့ ပြန်စိုက်ကြည့် ပေးလိုက်ရသည်။
ဒီငရှုပ်, ရှောင်ဘိုကျင်းက သူ့ တစ်ဖက်သတ် ခံစားချက်တွေကို ရပ်တန့် နိုင်ပါဦးမလား? ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမခံစားချက်ကိုရော သူ ထည့်မ
စဉ်းစား မိဘူးလား? ထင်ထားတဲ့ အတိုင်းပဲ, သူက အလွန် လွန့်ကို မုန်းစရာကောင်းပြီး ဟေးချန်ထက်တောင် ပိုပြီး စိတ်ပျက်စရာ ကောင်းနေသေးတယ်။ !
ရှောင်ဘိုကျင်းက စကားဆက်ပြော မလို့လုပ်တုန်း
ဘေးအခန်းက နေ (ဒုန်းကနဲ) အသံအကျယ်ကြီး တစ်ခု ထွက်လာခဲ့သည်။ ချူးလန်လည်း နောက် တဆင့်က ရန်ထဖြစ် တော့မှာလား ထင်ပြီး ကြောက်လန့် သွားခဲ့သည်။
ချူးလန် ချက်ချင်းပဲ တစ်ဖက်က ကာထားခဲ့တဲ့ ဘေးအခန်း နံရံကို စူးစူးစိုက်စိုက် လှည့်ကြည့် လိုက်သည်။
ဆူညံသံကြောင့် တော်တော် လေး ထိတ်လန့်သွားပုံရတဲ့ ရှောင်ဘိုကျင်း သူ့ခုံကနေ ထရပ် လိုက်ခဲ့သည်။ သူက ချူးလန် ထက်တောင် ပိုပြီး အထိမခံ ရွှေပန်းကန် ဖြစ်သေးတယ်။
ထိုအချိန်မှာပဲ မီးခိုရောင် ဝတ်စုံနဲ့ လူတစ်ယောက် အရိပ်ထဲကနေ ထွက်လာပြီး ရှောင်ဘိုကျင်းဆီ လှမ်းလာခဲ့သည်။ ထို့နောက် ရှောင်ဘိုကျင်း နားထဲ တိုတိုးလေး ကပ်ပြော ခဲ့ပုံက တစ်ခုခုကို အစီရင်ခံ နေသမျိုး ဖြစ်သည်။
ရှောင်ဘိုကျင်းရဲ့ မျက်ခုံး ၂ဖက်ကြား ထည်ရေးကြောင်း (အတွန့်)တွေ့က ပိုပြီး သိသာ ထင်ရှားလာခဲ့သည်။ သူနဲ့ အနည်းငယ် အကွာက ချူးလန်ကို လှမ်းကိုင်မလို့ လက်လှမ်းခဲ့ပေမယ့် မီးခိုးရောင်နဲ့ အမျိုးသားက သူ့လက်ကို ပြန်ဆွဲဖမ်း လိုက်ပြီး ပြောလိုက်ခဲ့သည်။
"သခင်လေး, အချိန်မရှိတော့ပါဘူး။
ကျွန်တော်တို့ ချက်ချင်း ပြန်ထွက်ရပါ့မယ်။
အဲ့ လူတွေ ကျွန်တော်တို့ကို ရှာတွေ့သွားတာနဲ့ သေရေးရှင်ရေး ကြုံလာနိုင်ပါတယ်"
"ဒါပေမယ့်, လန်အာ..."
"ချူးမမလေးက သူတို့ရဲ့ ပစ်မှတ်မဟုတ် ပါဘူး။ သူမ အဆင်ပြေမှာပါ။ကျွန်တော်နဲ့ လိုက်ခဲ့ပါ။
မြန်မြန်လေး!
"အခုချိန်မထွက် သွားဘူးဆိုရင် အနှစ်နှစ်အလ လ က ပြင်ဆင်ထားခဲ့ တာတွေ အကုန် သဲထဲ ရေသွန် ဖြစ်သွားပါလိမ့် မယ်,သခင်လေး"
<Zawgyi>
Ch. 54 Meeting. ေတြ႕ဆုံပြဲ
# TRANSLATED by Irisbellar
ခ်ဴးလန္က ပ်ားရည္အရက္ ခြက္ကို ကိုင္ေျမႇာက္ၿပီး အနည္းငယ္မၽွ တစ္ငုံစာ ေလာက္ စုပ္ေသာက္ လိုက္သည္။ အျဖဴေရာင္ စြပ္စြပ္ ေႂကြခြက္ေလး ထဲက ေရႊဝါေရာင္ ပ်ားရည္ အရက္တို့ လည္ေခ်ာင္း ေအာက္ ေမ်ာခနဲ စီးဝင္ သြားခဲ့ခ်ိန္မွာေတာ့ ၿငိမ္သက္ေနတဲ့ ခ်ဴးလန္ရဲ့ ႏွလုံးသားစတင္ ဟန္ခ်က္ပ်က္လာပါေတာ့သည္။
ခ်က္ခ်င္း ဆိုသလို ျဖစ္ပ်က္ သြားခဲ့တဲ့ အျဖစ္ အပ်က္ က နည္းနည္းေလးေတာ့ ထူးဆန္းေနတယ္လို႔ သူစိတ္ထဲ ရိပ္ခနဲ အေတြးတစ္ခု ေရာက္ရွိလာခဲ့သည္။
ဘာျဖစ္လို့ ေတာ္ဝင္မင္းသမီးက ႐ုတ္တရက္ အစာအိမ္ ေအာင့္သြားခဲ့ရတာလဲ?သူတို့ ၂ ေယာက္လုံး အတူတူ စားခဲ့တယ္ဆိုတာလည္း အရွင္းႀကီး။ဒါေပမယ့္ ေတာ္ဝင္ မင္းသမီးရဲ့ အမူအယာ အရေတာ့ သူမဟန္ေဆာင္ ေနခဲ့တာလည္း လုံးဝမဟုတ္။
အခုခ်ိန္မွာေတာ့ တစ္ေယာက္ေယာက္ရဲ့ ေထာင္ေခ်ာက္ထဲ သတိမထားမိဘဲ သူမေရာက္သြားၿပီ လို့ ခ်ဴးလန္ ခံစားမိလိုက္သည္။
သူမ ထပ္စဥ္းစား ေလေလ သူမႏွလုံး ခုန္သံက ပို ျမန္ျမန္လာေလပဲ။မ်က္ႏွာလည္း ခ်က္ခ်င္း ဆိုသလို ေဖ်ာ့ေတာ့ သြားခဲ့ၿပီ။ သူမေဘးနား ရပ္ေနခဲ့တဲ့ ရွီးယန္ဘက္ကို လွည့္ကာ နည္းနည္း ေစာေစာေလး ျပန္ေတာ့မယ္လို့ ေျပာမလို့ ဟန္ျပင္လိုက္႐ုံ ရွိေသး။ သူမလွည့္လိုက္ခ်ိန္မွာဘဲ စိုက္ၾကည့္ေနတဲ့ ေရွာင္ဘိုက်င္းႏွင့္ မ်က္လုံးခ်င္း ဆုံမိသြားခဲ့၏။
ကိုယ့္ မ်က္လုံးကိုယ္ မယုံနိုင္ ျဖစ္၍ မ်က္ေမွာင္ နက္နက္ၾကဳံ႕ၾကည့္ ၿပီး ခ်ဴးလန္ တစ္ေယာက္ ခနေလာက္ တုံ႔ဆိုင္း ရပ္တန္႔ သြားခဲ့ရသည္။
'ေရွာင္ဘိုက်င္းက ဘာလို့ ဒီေနရာမွာ ေပၚလာနိုင္မွာတုန္း?'
ေရွာင္ဘိုက်င္းလဲ အခန္းဝကေန ဝင္လာလာခ်င္းပဲ ခ်ဴးလန္နဲ႔ အၾကည့္ခ်င္း ဆံုသြားလိမ့္မယ္လို့ လုံးဝ မေတြးထားခဲ့ဘူး။အခုေတာ့ ဒီတိုက္ဆိုင္မွုႀကီးက သူတို့၂ေယာက္ကို စိတ္ခ်င္း ဆက္ ေပးလိုက္သလိုပဲေပါ့။ အဲ့လိုမ်ိဳး ေတြးေနရင္း ေရွာင္ဘိုက်င္း ႏွလုံးသားေလး အရည္ေပ်ာ္ သြားျပန္သည္။
"လန္းအာ..!"
ခ်ဴးလန္ :. ....
'ဘယ္လိုေတာင္ ဆိုးရြားလြန္းတဲ့ ငါ့ကံၾကမၼာႀကီးလဲ?'
'ေသလိုက္ပါေတာ့!'
ခ်ဴးလန္ စိတ္ထဲကေန မိုးေကာင္းကင္ကို ထပ္တလဲလဲ ျပစ္တင္က်ိန္ဆဲေနခဲ့သည္။ သူမေရွာင္ဘိုက်င္းဆီ ေျပးသြားလိုက္ရင္လဲ ဘာ ေကာင္းတာ တစ္ခုမွ ျဖစ္လာဖို့ မရွိဘူးေလ။ အရင္တုန္းကတစ္ခါ ဒင္းရြမ္အိမ္ေတာ္မွာ တုန္းက သူ႔လက္ကလြတ္ေအာင္ သူမ မနည္းေရွာင္တိမ္းခဲ့ရၿပီးၿပီ။ ဒါေပမယ့္ အခုၾကည့္, ကံေကာင္းၿပီး ေရွာင္နိုင္ခဲ့တာက ဘယ္ေလာက္မွမၾကာေသးဘူး။ အခုတစ္ခါ ဒီမွာသူနဲ႔ ပက္ပင္း တိုးရျပန္ၿပီ။ဒီဇာတ္လမ္းႀကီးမွာ သူမ ေအးေအးေဆးေဆး ေနသြားလို့ ရပါအုံးမလား?သူမက တကယ့္ အစစ္
ဇာတ္လိုက္မ "ခ်ဴးလန္"မွ မဟုတ္တာ။အဲ့လို ဉာဏ္မ်ားၿပီး လွည့္စားတတ္တာ, လူ႔က်င့္ဝတ္မရွိတာ, အကြက္က်က် ေထာင္ေခ်ာက္ဆင္ တယ္ဆိုတာေတြက သူမပုံစံ မဟုတ္ဘူးကြယ့္!
ေရွာင္ဘိုက်င္းလို လူစားမ်ိဳးကို ႀကိဳက္ဖို့ဆိုတာ ေတာ္ေတာ္ အႏၲရာယ္မ်ားတဲ့ အလုပ္။ သူ႔ကိုယ့္က်ိဳးအတြက္ မင္းကို ေရာင္းစားသြားခဲ့ရင္ေတာင္ မင္းသိလိုက္မွာ မဟုတ္ဘူး။
ခ်ဴးလန္ စိတ္ထဲကအေန အရမ္းစိတ္ပ်က္ၿပီး မေပ်ာ္မရႊင္ ျဖစ္ေနခဲ့သည္။ ဒီေနရာမွာ ေရွာင္ဘိုက်င္းကို ျမင္လိုက္ရလို့ ေရွာ့ခ္ အႀကီးႀကီး ရသြားခဲ့ေပမယ့္ ေနာက္က်ေတာ့ ႏွလုံးခုန္ႏွုန္းတျဖည္းျဖည္း ေႏွးၿပီး ပုံမွန္ ျပန္ျဖစ္လာခဲ့သည္။
သူမက ဒီေကာင္ကို ျမင္တာနဲ႔ ပ်ာယာခတ္သြားမယ့္ တကယ့္ဇာတ္လိုက္မ ခ်ဴးလန္အစစ္ မွ မဟုတ္တာ။ ေနာက္ၿပီး အေျခအေနကို သုံးသပ္ၾကည့္ရရင္, ေတာ္ဝင္မင္းသမီး ႐ုတ္တရက္ ထြက္သြားခဲ့ ပုံက သူမနဲ႔ ေရွာင္ဘိုက်င္း တစ္ခုခု ဆက္ႏြယ္မွု ရွိေနသလိုပဲ။
ၾကားထဲက ရွီးယန္ကေတာ့ " လန္အာ" လို့ ေခၚလိုက္တဲ့ ေရွာင္ဘိုက်င္း ရဲ့ အသံခ်ိဳခ်ိဳေလး ကို ၾကားခဲ့ရၿပီးေနာက္မွာ သူမကိုယ္ထဲက ဝဋ္ဉာဥ္ထြက္သြား ေတာ့မည့္ အတိုင္း ခံစားလိုက္ရ၏။
လိုက္ကာ နားမွာ ရပ္ေနတဲ့ အရပ္ရွည္ရွည္ခပ္ေခ်ာေခ်ာ ေကာင္ေလးဘက္ လွည့္ၿပီး ရွီးယန္ တေမ့တေမာႀကီး စိုက္ၾကည့္ေနခဲ့သည္။
ရွီးယန္ ျဖစ္သြားပုံက ခ်ဴးလန္ထက္ေတာင္ ပိုဆိုးေသးတယ္:လွုပ္ရွားမွု မရွိေတာ့တဲ့ လူသားေက်ာက္႐ုပ္ ႀကီးလိုပဲ။ Defeng လက္ဖက္ရည္ဆိုင္က ေနရာဒီေလာက္ ေပါတာ ကိုး ဒီေနမွာမွ သခင္ေရွာင္က ႐ုတ္တရက္ ေပၚထြက္လာခဲ့လိမ့္မယ္လို့ သူမ လုံးဝ မေမၽွာ္လင့္ ထားဘူး။ ထပ္ေပါင္းေျပာရရင္ ဒီေနရာ က သခင္မေလးနဲ႔ ေတာ္ဝင္ မင္းသမီးတို့ သီးသန္႔ယူ ထားခဲ့တဲ့ ကိုယ္ပိုင္ အခန္းေလ !!!
ဒီအခ်ိန္မွာေတာ့ ခ်ဴးလန္ မတ္တပ္ ထရပ္ လိုက္ပါၿပီ။ လိုခ်င္ရမၼက္ႀကိး ေနတဲ့ ေရွာင္ဘိုက်င္းရဲ့ အၾကည့္ေတြက ခ်ဴးလန္ဆီက မခြာနိုင္ ျဖစ္ေနခဲ့သည္။
ရက္ေပါင္းမ်ားစြာ ေဝးကြာခဲ့ရတဲ့ သူခ်စ္သူအေပၚ စိတ္ထက္သန္မွုအျပည့္ ျဖင့္ ၾကည့္ ေနခဲ့သည္။ ခ်ဴးလန္က ေတာ္ေတာ္ ေလးလွသည္။ ပန္းပြင့္ေလးမ်ား ျဖန္႔က်က္ ထိုးထားတဲ့ မိုးျပာေရာင္ ေအာက္ခံ ဝတ္စုံေလးေပၚ မွာ ေဖ်ာ့ေတာ့ေတာ့ အဝါေရာင္ ဇာပါးေလး ထပ္ထားခဲ့တဲ့ သူမ ဝတ္စုံေလး။ခါးေလးမွာက ေက်ာက္စိမ္း အေဆာင္ ေသးေသးေလးေတြ တြဲခ်ိတ္ထားခဲ့တဲ့ အစိမ္းေရာင္ ခါးပတ္ေလးနဲ႔။ လက္ေခ်ာင္းေလးေတြကလဲ ရွည္ေမ်ာေမ်ာ ပိန္သြယ္သြယ္ ေလးေတြေပါ့။
(လိုခ်င္လိုက္တာ ငါလဲ😁😁)
နက္ေမွာင္ေနတဲ့ ဆံသားေပ်ာ့ေပ်ာ့ ေလးေတြၾကားမွာ ေရႊစေလးမ်ားျဖင့္ စီမံခ်ယ္သထားသည့္ ေက်ာက္စိမ္းဆံထိုး ေလးကို သြင္းယွက္ ထားၿပီး နံဖူးထက္ ပတၱျမားႀကိဳးစည္းေလးနဲ႔။ မက္မြန္ပန္းပြင္ ပုံစံ အတြင္းခံေလးက သူမ အသားနဲ႔ ဟက္ေန၏။ သူမရဲ့ နီရဲရဲ ႏွုတ္ခမ္းေလး, နာတံစင္းစင္း ေလး, မ်က္လုံးျပဴးက်ယ္က်ယ္ေလး, ပါးမို့မို့ ေလးေတြဆီကိုေတာ့ ေရွာင္ဘိုက်င္းရဲ့ မ်က္လုံးအစုံက ေလာဘတႀကီး ကပ္တြယ္ေနေတာ့သည္။ သူ႔လက္ေခ်ာင္းေတြ အက်ီလက္ အတြင္းဘက္ကို ပြတ္သပ္ ေနခဲ့ပုံက မသိရင္ အေရွ႕က တစ္ေယာက္ေသာသူရဲ့ မ်က္နာကို ထိေတြ႕ကိုင္ၾကည့္ ေနသလိုမ်ိဳး။
စိတ္မေကာင္းစရာကေတာ့ သူက ခ်ဴးလန္ရဲ့ အျပင္ပန္း ဝတ္ဆင္ထားပုံကိုသာ ျမင္ေတြ႕ ေနခဲ့ၿပီး သူရဲ့ ဖားမ်က္လုံးပုံစံ မ်က္ဝန္းထဲက ကိုယ့္ကိုယ့္ကို ကင္းေစာင့္ေနသလို ေစာင့္ၾကပ္ေနခဲ့တဲ့ အၾကည့္ကိုေတာ့ ေရွာင္ဘိုက်င္းး သတိမထားမိခဲ့ရွာဘူး။
ေရွာင္ဘိုက်င္းဆီက စထြက္လာမယ့္ စကားကို ေစာင့္ၿပီး ခ်ဴးလန္ ဘာမွမေျပာဘဲ တိတ္ဆိတ္စြာ ရပ္ေနခဲ့သည္။ သူမတည္တည္ၿငိမ္ၿငိမ္ သ႐ုပ္ေဆာင္ဖို့ မဆုံးျဖတ္ထားခဲ့ဘူး။ဒါကလည္း သူမဘယ္ေလာက္ပဲ ျဖစ္ခ်င္ေနပါေစ အခုခ်ိန္မွာ ဘယ္လိုမွ ေရွာင္ထြက္ လို့ရမွာ မဟုတ္ေတာ့ေၾကာင္း သိခဲ့လို့ပါပဲ။
ေရွာင္ဘိုက်င္းက ဘယ္ေလာက္ ဥာဏ္မ်ားခဲ့သလဲ ဆိုတာနဲ႔ အတူ သူမစိတ္ထဲ သူ႔ဆီမွာ ေနာက္ထပ္ အစီစဥ္ မရွိေလာက္ဘူးဆိုတာကို အျပင္းအထန္ သံသယ ဝင္ေနခဲ့ပါသည္။
ဒီလိုနဲ႔ ေနာက္ဆုံးေတာ့ ေရွာင္ဘိုက်င္းလဲ အေျခအေန သိပ္မေကာင္း တာကိုသတိထားမိသြား ပုံရသည္။ သူ႔ေခါင္း ကို ေအာက္စိုက္ၿပီး ခ်ဴးလန္ ကိုယ္ေပၚက အၾကည့္ကို ေရႊ႕သြားခဲ့သည္။ ထို့ေနာက္ ေတာ္ဝင္မင္းသမီး ထိုင္ခုံဆီလွမ္းသြားၿပီး( "မင္းထားခဲ့လို့လည္း အမ်ားႀကီး မခံစားရပါဘူး")ဆိုတဲ့ ပံုစံ ႏွင့္ ဝင္ထိုင္ခဲ့သည္။
ခ်ဴးလန္က ဒီအတိုင္း ေတာင့္ေတာင့္ႀကိး ရပ္ေနေသးတာကို သူ သတိထား မိသြားသည္။ သူ႔မ်က္ခုံးမ်ား အနည္းငယ္ တြန္႔ခ်ိဳးသြားကာ ညင္ညင္သာသာေလး လွမ္းေခၚလိုက္သည္။
"လန္အာ...., လာေလ။လာထိုင္ ပါ။"
ခ်ဴးလန္သာ တကယ္ ထိုင္ခ်င္ စိတ္ရွိခဲ့မွ ေတာ့ အေစာႀကီး ထဲက သူမ ဝင္ထိုင္ႏွင့္ခဲ့ၿပီး ျဖစ္ေနမွာ မဟုတ္လား ?တကယ္လို့ သူမမွာ ေရြးခ်ယ္စရာ တစ္ခုခု ရွိလို့ကေတာ့ အေစာႀကီးထဲက လွည့္မၾကည့္ဘဲ ထြက္သြားခဲ့ တာ ၾကာၿပီေပါ့။
အမွန္ေတာ့ ဒါေတအကုန္လုံး ခ်ဴးလန္စိတ္ထဲမွာ ေတြးေနခဲ့ေပမယ့္ အျပင္မွာ ဘာမွ ထုတ္မေျပာလိုက္ဘဲ သူ႔စကား နားေထာင္ၿပီး အလိမၼာေလးနဲ႔ ဝင္ထိုင္ လိုက္ၿပီး သူမ အၾကည့္ကို ေလၽွာ့ခ် လိုက္သည္။ ေရွာင္ဘိုက်င္းရဲ့ ေမၽွာ္လင့္ခ်က္ေတြနဲ႔ တပ္တပ္စင္ ေအာင္ လြဲေနတဲ့ သူမ မ်က္ဝန္းထဲက ခံစားခ်က္ေတြကို ဖုံးကြယ္ ထားလိုက္သည္။
"လန္အာ...မင္းဒီေန႔ ေရာက္လာခဲ့ ေပးလို့ ကိုယ္တကယ္ ဝမ္းသာ ပါတယ္။ အခုေလးတင္ ပဲ "လက္တြဲေဖာ္ ရွာတဲ့ ဖီးနစ္ငွက္ "ဆိုတဲ့ ကိုယ့္ သီခ်င္း ေလးကို ၾကားခဲ့ၿပီးေရာေပါ့။ဘယ္လိုလဲ ေကာင္းရဲ့လား?"
ေရွာင္းဘိုက်င္း ရဲ့ ေလသံထဲ ၾကင္နာမွုေတြနဲ႔အတူ မ်က္ဝန္းထဲမယ္ ခ်စ္ျခင္း ေမတၱာ ေတြ ႏွင့္ ျပည့္နက္ ေနခဲ့ေတာ့သည္။
ဒါေပမယ့္ သူ႔စကားသံေၾကာင့္ အေရွ႕မွာ ထိုင္ေနတဲ့ မိန္းကေလး တစ္ေယာက္ ရင္ထဲ ခံစားခ်က္ေတြ ဗေလာင္ဆူ သြားခဲ့ရသည္။
"ဘာျဖစ္ေနတာလဲ?"
ေရွာင္ဘိုက်င္းက သူတို့၂ေယာက္ ဒီဆိုင္ ဒီေနရာမွာ ေတြ႕မယ္လို့ ႀကိဳခ်ိန္း ထားခဲ့သလိုမ်ိဳး ႀကီး ဘာေၾကာင့္ ေျပာေနရတာလဲ? ဘာ့ေၾကာင့္လဲ? ဒီၾကားထဲမယ္ သူမ သူ႔ဆီက ဘာ အဆက္အသြယ္မွလည္း မရခဲ့ဘူး မဟုတ္လား!!
ေရွာင္ဘိုက်င္းက လိမ္လည့္ လွည့္စား ေျပာဆိုေနတာလား?ဒါမွမဟုတ္ သူမမသိလိုက္ဘဲ တစ္ခုခု ျဖစ္သြားခဲ့တာ မ်ားလား?
ေနာက္တစ္ခုက သူမကိုအိပ္ေပ်ာ္လုနီးပါး ျဖစ္သြားေစတဲ့. သီးခ်င္း တစ္ပုဒ္ေတာင္ တီးျပခဲ့တာလည္း ရွိေသးတယ္။
ေမာင္ေလး..: မင္းေကာင္း ေကာင္း တီးျပခဲ့ပါတယ္။ဒါေပမယ့္ ..မမက ဒီလို ဂီတ အမ်ိဳးအစားကို နားမလည္ဘူးကြဲ႕။
ခ်ဴးလန္ ငိုခ်င္ေနခဲ့သည္။ ဒီလို တစ္ခုခုသာ ျဖစ္မယ္မွန္းသိရင္ သူမ ေတာ္ဝင္မင္းသမီး နဲ႔ အတူ လိုက္မလာခဲ့ဘူးေပါ့။
သူမေခါင္းကို ငုံ႔သထက္ ပို ငုံ႔ သြားသည္။ ၿပီးေနာက္ အသံေလးက ျခင္သံေလး သာသာ ရွိၿပီး
ေျဖလိုက္သည္က..
"စိတ္ေက်နပ္ စရာေကာင္း ခဲ့ပါတယ္" တဲ့။
ဒီစကား ၾကားေတာ့ ေရွာင္းဘိုက်င္း မ်က္လုံးထဲ စိတ္ပ်က္ သြားပုံႀကီးက ထင္းကနဲ ျမင္ေနရသည္။သို့ေပမယ့္ အလ်င္အျမန္ပဲ ေႏြးေႏြးေထြးေထြး ျပန္ ျပဳံးျပၿပီး သူလက္ထဲ ယူလာခဲ့တဲ့ ပိုးသားပတ္ ေသတၱာဘူးေလးကို စားပြဲ ေပၚ တင္လိုက္သည္။ ၿပီးေနာက္ ထိုဟာကို ခ်ဴးလန္ ေရွ႕ တြန္းပို့လိုက္ၿပီး...
"လန္းအာ....ဒီေန႔က မင္းေမြးေန႔ေလ။ ဒီဟာေလးက မင္းအတြက္ ကိုယ္ျပင္ဆင္ ထားခဲ့တဲ့ ေမြးေန႔ လက္ေဆာင္!
ဖြင့္ၿပီး ၾကည့္လိုက္ပါအုံး..
မင္းအႀကိဳက္ ျဖစ္ရဲ့လားလို့? "
ခ်ဴးလန္ ေျပာင္လက္ေနတဲ့ ပိုးသား မ်က္ႏွာျပင္ ေပၚ အၾကည့္ တစ္ခ်က္ ေရာက္သြားသည္။
ရႈံ႕မဲ့ သြားေတာ့မယ့္ သူမမ်က္နာကို သူမ အတတ္နိုင္ဆုံး မရမက ႀကိဳးစား တားဆီး ေနခဲ့၏။
'အခုက ဘာေတြ ျဖစ္ပ်က္ေနတာလဲ ?'
သူ႔ တရားဝင္ ေယာက္်ားက ေတာင္ သူမေမြးေန႔ အေၾကာင္း ဘာတစ္ခုမွ မေဖာ္ျပထားခဲ့ဘူး ဒါအျပင္ ျဖစ္နိုင္တာကေတာ့ သူလုံးဝကို သတိ မရေတာ့တာပဲ။ ဒီဘက္မွာက အျပင္လူ တစ္ေယာက္က သူမဆီ အေရာက္ လာဖို့ နည္းလမ္း ေပါင္းစုံ သုံးခဲ့တယ္- ဒီလက္ေဆာင္ေလး တစ္ခု ေပးဖို့ အတြက္နဲ႔! ခ်ဴးလန္ အထက္ေကာင္းကင္ဘုံကိုသာ မ်က္ေစာင္း ထိုးျပခ်င္ေနခဲ့သည္။
ခ်ဴးလန္ အသက္ ျပင္းျပင္း တစ္ခ်က္ ရွူၿပီး ဒီေကာင္ေလးကို ညင္ညင္သာသာ ေလးပဲ ပစ္ထားခဲ့နိုင္ဖို့ သူမ အေကာင္းဆုံး ႀကိဳးစားခဲ့ပါေတာ့သည္။
"ရွင့္ရဲ့ ၾကင္နာတတ္တဲ့ စိတ္ထားအတြက္ ေက်းဇူးတင္ပါတယ္။ ဆရာေရွာင္ ရွင့္။
ဒါေပမယ့္ ကၽြန္မ ဒီလက္ေဆာင္ကို လက္မခံပါရေစနဲ႔"
ေရွာင္ဘိုက်င္းရဲ့ အသက္ရွူႏွုန္း ေႏွးသြားခဲ့သည္။ မ်က္လုံးထဲမယ္ တိုက္ခက္ေတာ့မည့္ မုန္တိုင္း တစ္ခု ေဝ့လည္ သြားေနသလိုမ်ိဳးႏွင့္ သူ႔မ်က္ခုံးမ်ား တြန္႔ေခါက္သြားပါသည္။
"လန္အာ...ဒီအစ္ကိုေရွာင္က မင္းအတြက္ အထူးတလည္ ျဖစ္ေအာင္ ဒီလက္ေဆာင္ေလးကို အမ်ားႀကီး အားစိုက္ထုတ္ၿပီး ျပင္ဆင္ ထားခဲ့တာပါ။"
မ်က္ေစာင္းထိုးမွာ ေခါင္းငုံ႔ၿပီး ထိုင္ေနတဲ့ အမ်ိဳးသမီးဆီသို့ ေရွာင္ဘိုက်င္းရဲ့ အၾကည့္မ်ားက ျပင္းထန္လာခဲ့သည္။ သူမရဲ့ အမွုအယာအေပၚ သူ ဖတ္မရ ျဖစ္ေနခဲ့သည္။ အက်ီလက္ရွည္ အပြႀကီး ေအာက္မွာ လက္သည္းထိပ္မ်ား လက္ဖပါးထဲ နစ္ဝင္သြားသည့္ အထိ လက္သီးကို က်စ္က်စ္ ပါေအာင္ ဆုပ္ထားခဲ့သည္။
"လန္အာ...မင္းဘာေၾကာင့္ ေၾကာက္ရြံ့ေနရတာလဲ? မင္း ငါ့ကို ေမာ့ေတာင္ မၾကည့္တာ
ဘာေၾကာင့္ လဲ ကြာ?"
ဒုတိယအႀကိမ္ အေမးခံရခဲ့ၿပီး ေနာက္မွာေတာ့, ခ်ဴးလန္ ငိုခ်င္စိတ္ ေပါက္သြားခဲ့သည္။ ဒီေသာက္တလြဲ..ေသာက္က်င့္ မေကာင္းတဲ့ ေကာင္ကို ဘယ္သူက ၾကည့္ခ်င္မွာတုန္း? သူမသာ တတ္နိုင္မယ္ဆို အစထဲက ထြက္ေျပး သြားခဲ့ေလာက္ၿပီးၿပီ!
ဝတၳဳထဲက အဓိကဇာတ္ေကာင္ မင္းသား ျဖစ္တဲ့ ေရွာင္ဘိုက်င္း နဲ႔ မ်က္ႏွာခ်င္းဆိုင္ေနရတာက သူမအတြက္ အရမ္း ဖိအားမ်ား ေနခဲ့သည္။ အဲ့ဒီအစား သူမရဲ့ ႐ူးေၾကာင္ေၾကာင္ ေအးစက္စက္ . ေယာက္်ား နဲ႔ မ်က္ႏွာခ်င္းဆိုင္ရတာမွ ပိုၿပီးလြယ္ကူ ေနအုံးမယ္။
"လန္အာ...မင္းဒီေန႔ ဒီေနရာထိ ေရာက္လာခဲ့ၿပီးမွေတာ့ မင္းရင္ထဲမွာ ကိုယ္ရွိေနတုန္း ပဲမလား?မင္းရဲ့ အစ္ကိုေရွာင္ အျဖစ္ေပါ့?
ဒီအေျခေနအထိ ေရာက္လာေအာင္ မင္းတြန္းအားအေပးခံခဲ့ရတာ ကိုယ္သိပါတယ္။ စိတ္မပူပါနဲ႔ အစ္ကို့ေရွာင့္ တာဝန္ထားလိုက္ပါ။ တစ္ေန႔ေန႔က် အစ္ကိုေရွာင္ မင္းကို ဒီအေျခအေနကေန ေခၚထုတ္ သြား ပါ့မယ္။ "
စကားဆုံးခါနီးမွာ ေရွာင္ဘိုက်င္းရဲ့ အသံထဲက ရက္စက္ၾကမ္းၾကဳတ္ ေတာ့မယ့္ အရိပ္အေယာင္ ေတြ ပါလာခဲ့သည္။
သူ႔ရဲ့ ေယာက္်ားပီသတဲ့ မ်က္ႏွာ ေပၚက ေၾကာက္စရာ ေကာင္းေအာင္ ရက္စက္ ေတာ့မယ့္ အမူအယာပုံစံ ျဖင့္ မည္သူမဆို ေက်ာခ်မ္း သြားနိုင္ ပါသည္။
ထိုပုံစံကို ရွိးယန္ တစ္ေယာက္ ဖ်တ္ခနဲ ဖမ္းမိသြားခဲ့သည္။ သူမအလြန္ တုန္လွုပ္ ေၾကာက္လန္႔သြား လို့ ေခါင္းသာ ဆက္ငုံ႔ထားခဲ့ ၿပီး နည္းနည္းေလးမွ ထပ္မလွုပ္ရဲ ေတာ့ေပ။
ခ်ဴးလန္ကေတာ့ တို့ဟူးနင္ ေနၿပီး အန္ထြက္ခ်င္ေနခဲ့သည္။ ဒီအ႐ူးေကာင္ ဒီေနရာ မွာ ရွိေနတယ္ဆိုတာ သူမႀကိဳသိခဲ့ရရင္ ေသသြားတဲ့ အထိ အရိုက္ခံရမယ္ ဆိုရင္ေတာင္ သူမ ဒီေနရာကို လိုက္လာခဲ့မွာ မဟုတ္ဘူး။
" အစ္ကို.... ဒီလိုမ်ိဳး မလုပ္ပါနဲ႔။ နည္းနည္းေလာက္ပိုၿပီး လက္ေတြ႕ဆန္ ေပးလို့ရမလား? ကၽြန္မက လက္ထက္ၿပီးသား ျဖစ္ေနပါၿပီ။ တကယ္လို့ ကၽြန္မ ေယာက္်ားက ဆိုးသြမ္းၿပီး အျမဲတမ္း ရိုက္ႏွက္ ေနမယ္ဆိုရင္ေတာင္ ကၽြန္မက သူ႔ကို သစၥာေဖာက္ သြားဖို့ လုံးဝ မရည္ရြယ္ ထားဘူး။ အစ္ကိုကဘယ္လိုျဖစ္ခ်င္လို့လဲ? ဒီေနရာကို ခိုးေၾကာင္ခိုးဝွက္နဲ႔ တိတ္တဆိတ္ ေရာက္လာခဲ့ရတာလဲ? ၿပီးေတာ့ ဘာ့ေၾကာင့္ ကၽြန္မကို ေနာက္မီးလင္းၿပီး အျပစ္က်ဴးလြန္ေအာင္လာေအာင္ လုပ္ဖို့ ႀကိဳးစားၿပီး အရမ္း အစြဲအလမ္း ႀကီးေနရတာလဲ?
ခ်ဴးလန္ ႏွုတ္ခမ္းကိုသာ ကိုက္ေနခဲ့ၿပီး ေနာက္ဆုံးေတာ့ ဘာတစ္ခုမွ မေျပာေတာ့ဘူးလို့ ဆုံးျဖတ္လိုက္၏။ အကယ္၍ ေရွာင္ဘိုက်င္းသာ သူမက ခ်ဴးလန္ အစစ္ မဟုတ္ဘူးဆိုတာ ရွာေတြ႕ သြားခဲ့ရင္ သူ ဒီ့ထက္မက ပို ႐ူးသြားနိုင္ တယ္လို့ သူမ စိတ္ထဲ ထင္ေၾကး ေပးေနခဲ့သည္။ အႏၲရာယ္ထဲ မွာပဲ ေကာင္းေကာင္း ႀကီး ေပ်ာ္ေနတဲ့ သူဘဝ ေပါ့ ။ ဒါ့ေၾကာင့္ လူမသိသူမသိ ေနခဲ့ကတာမွ ပိုေကာင္းခဲ့အုံးမယ္။
တကယ့္ခ်ဴးလန္ အစစ္က ဘယ္လို အရွုပ္မ်ိဳးကို သူမအတြက္ ရွင္းဖို့ ထားခဲ့ရတာလဲ?!
ေရွာင္ဘိုက်င္းက သူ႔ႏွလုံးသားထဲက စိတ္ကုန္သြားမႈကို ဖိႏွိပ္ၿပီး မ်က္ေပၚဝယ္ ႏူးည့ံၾကင္နာမွု ပုံစံကို အတင္းဇြတ္ ေဖာ္ထားခဲ့သည္။ ခ်ဴးလန္က လက္ေဆာင္ကို လွမ္းမယူဘဲ ျငင္းဆန္ေနခဲ့ေတာ့ သူ႔ေရွ႕ကိုဘဲ ျပန္ဆြဲ ယူလိုက္ေတာ့သည္။ ထို့ေနာက္ ၄င္းကို ဖြင့္ၿပီး သူမေရွ႕ ျပန္ပို့ လိုက္၏။
ထို့ေနာက္..
သူ႔ရဲ့ အေႏြးေထြးဆုံး ဆြဲေဆာင္မွု အရွိဆုံး အသံကို သုံးၿပီး ေျပာလိုက္သည္။
"လန္အာ...တစ္ခ်က္ေလာက္ ၾကည့္ပါအုံး။ ဟိုအရင္ထဲက မင္းအေတာ္ၾကာ မ်က္စိက်ေနခဲ့တဲ့ ေက်ာက္စိမ္း အလွဆင္ထားတဲ့ ေရႊဆံထိုးေလး ေလ။ မင္းႀကိဳက္တယ္မလား?"
(ဟယ္...ဒီမမေတာ့ သနားလာၿပီေနာ္ အေခ်ာေလးေရ..😑😚)
ခ်ဴးလန္လည္း ထိုပစၥည္းေလးေပၚသို့ အၾကည့္ ေရႊ႕သြားခဲ့၏။ ဆံထိုးေပၚက ပန္းပုထုထား တဲ့ ေက်ာက္စိမ္း ပန္းပြင့္ေလးေတြက အထူး လက္ရာ ေျမာက္လွသည္။ အသည္းပုံ ပန္းပြင့္ ေလးေတြနဲ႔ အတူ သူတို့ရဲ့ ပြင့္ခ်ပ္ ေလးေတြကိုလဲ အရည္အေသြးေကာင္း ေက်ာက္စိမ္းျဖင့္သာ ျပဳလုပ္ စီမံထားခဲ့ျခင္း ျဖစ္သည္။ဆံထိုးထိပ္မွာေတာ့ အႀကီးဆုံးပန္းပြင့္ တစ္ပြင့္ ပါရွိၿပီး ၄င္းကို မီးေရာင္ ေအာက္ တလက္လက္ ေတာက္ပေနတဲ့ နီလာေက်ာက္ကေလး ၅လုံးျဖင့္ စီရီပုံေဖာ္ ထားခဲ့သည္။
ဒီအဆင္တန္ဆာက တကယ့္ကို တန္ဖိုးႀကီးၿပီး အပီအျပင္ လွပေနပါေရာလား။ ဒါကို အရင္က အစစ္မ ခ်ဴးလန္ တစ္ေယာက္ လိုခ်င္စိတ္ ျပင္းျပေနခဲ့တာ မအံ့ဩေတာ့ပါဘူး။
ေရွာင္ဘိုက်င္းရဲ့ ပုံစံအမူအယာလည္း အနည္းငယ္ ေျဖေလ်ာ့ ေပ်ာ့ေပ်ာင္း လာခဲ့သည္။ ထင္ရတာေတာ့ ခ်ဴးလန္ရဲ့ သူ႔လက္ေဆာင္အေပၚ ႏွစ္ေထာင္းအားရ သေဘာက် ေနပုံကို ရိပ္ဆ မိသြားတာ ျဖစ္မည္။
သူ႔ လန္းအာ က စကား မေျပာခ်င္ ဘူး ဆိုရင္လည္း သူက တိတ္တိတ္ဆိတ္ဆိတ္ပဲ ေနၿပီး ပါရမီ ျဖည့္ ေပး မယ့္ သူႀကီး။ သူက ခ်ဴးလန္ကို သူ႔ရဲ့ စစ္မွန္တဲ့ သေဘာထား ေနာက္ကြယ္က နက္ရွိုင္းမွု ႀကီးကို နားလည္ ေစခ်င္ တာပါ။ ဟို ေသာက္တလြဲ ေဟးစန္းလန္ကေတာ့ ခ်ဴးလန္အေပၚ လုံလုံေလာက္ေလာက္ ေကာင္း ေပးခဲ့တာ မဟုတ္ဘူး!
"လန္အာ....ဒါအစ္ကိုေရွာင့္ အမွားပါ။ဒီဆံထိုးေလးကို မင္းအတြက္ အရင္ထဲက ဝယ္ခဲ့ ေပးသင့္တာပါ။ မင္းကို ဒီေလာက္ အၾကာႀကီး ေစာင့္ရေအာင္ လုပ္ခဲ့မိေတာ့ အခု အစ္ကိုေရွာင္ ကိုယ္တိုင္ မင္းကို ပန္ေပးပါရေစ။"
ခ်ဴးလန္,(. ....)
တည္ၿငိမ္ေအးေဆးတဲ့ သူမရဲ့ အျပင္ပန္းပုံစံကို ဆက္ထိန္းထားဖို့ ႀကိဳးစားေနရင္း ပဲ သူမ သည္းခံနိုင္သည့္ ပမာဏ ျပည့္ သြားခဲ့ၿပီ။
'ဒီေကာင္က အခုခ်ိန္မွာ ဘာလုပ္ဖို့ ႀကိဳးစား ေနတာလဲ?!'
သူတို့ ၂ေယာက္လုံး မသိခဲ့လိုက္တာက ေဘးကပ္ရပ္ သီးသန္႔ အခန္းထဲမွာ ရွိေနတဲ့ မင္းသားက်င္းက သူတို့ ေျပာဆိုေနတာေတြ အကုန္လုံး အစအဆုံး ၾကားေနခဲ့တယ္ ဆိုတာပါပဲ။
တည္ၿငိမ္ေနတဲ့ ကန္ေရျပင္ေပၚ လိုင္းထ သြားသကဲ့သို့ မင္းသားက်င္းရဲ့ ျပာလဲ့လဲ့ မ်က္ဝန္းစိုစို မွာထဲ ခံစားခ်က္ လွိုင္းမ်ား ရိုက္ခတ္ သြားခဲ့သည္။
"ေရွာင္ဘိုက်င္း?"
ခ်ဴးမိန္းခေလး ဒီေလာက္ ရဲတင္း လိမ့္မယ္ လို သူ မထင္ထား ခဲ့ျခင္းျဖစ္သည္။ သူ ဒီေနရာထိ ခ်ဴးလန္ ေနာက္ လိုက္ဖို့ ဆုံးျဖတ္ခဲ့တာ မွန္သြားၿပီလို့ ႐ုတ္တရက္ ခံစားလိုက္ရသည္။ ေနာက္ၿပီး ဘာေၾကာင့္ ေဟးခ်န္က သူရဲ့ဒီဇနီး အသစ္စက္စက္ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ ခိုင္းထားခဲ့လဲဆိုတာ ပါ စတင္ နားလည္လာ ေတာ့သည္။
မင္းသားရဲ့ မိုးျပာေရာင္ မ်က္လုံးကေလးမ်ား အေရာင္ေတာက္ပလာခဲ့ၿပီး သူ႔ႏွုတ္ခမ္းေထာင့္စြန္း တစ္ဖက္ ေကာ့တက္သြားကာ,
"ဒီကိစၥကေတာ့ ..ပိုၿပီး ရယ္စရာေကာင္းေတာ့မယ္!"
တစ္ဖက္ျခမ္းမွာေတာ့ ခ်ဴးလန္က ျမန္ျမန္ဆန္ဆန္ ပဲ ေတာင္းဆိုခ်က္ကို လက္ရမ္းျပၿပီး ျငင္းလိုက္သည္။ ေရွာင္ဘိုက်င္းရဲ့ ေဒါသကို ေျပၿငိမ္းဖို့ရာ အတြက္ သူမ အသံေသးေသးေလးျဖင့္ သာ ျပန္ေျပာလိုက္နိုင္ ခဲ့သည္။
" အဲ့ေလာက္ထိလုပ္ေပးဖို့ မလိုပါဘူး။
ကၽြန္မ ဒီတိုင္း ပဲျပန္ယူ လိုက္ပါ့မယ္"
ထိုသို့ ေျပာၿပီးေနာက္ ခ်ဴးလန္က စားပြဲေပၚက ပိုးသားပတ္ ေသတၱာဘူးေလးကို ေကာက္ယူၿပီး သူ႔ေနာက္ကေစာင့္ ေနတဲ့ ရွီးယန္ဆီ ကမ္းေပးလိုက္ခဲ့သည္။
ခ်ဴးလန္က သူ႔လက္ေဆာင္ကို လက္ခံတာ ျမင္လိုက္ရေတာ့ ေရွာင္ဘိုက်င္းလဲ ေနာက္ဆုံး စိတ္ေအးခ်မ္း သြားနိုင္ၿပီး ကိုယ္တိုင္ တပ္ဆင္ေပးမလို့ လုပ္ေနတာပါ ရပ္တန္႔ သြားခဲ့သည္။
" လန္အာ, အစ္ကိုေရွာင့္ကို နည္းနည္းေလာက္ ထပ္ေစာင့္ ေပးပါအုံး။ ေနာ္?အစ္ကို့ ကို ယုံလိုက္။
ဒါ..အရမ္းၾကာေတာ့မွာ မဟုတ္ပါဘူး။ "
သူမဒူးေပၚ တင္ထားခဲ့တဲ့ ခ်ဴးလန္ရဲ့ ျဖဴဥဥ လက္ေသးေသးေလး ၂ဖက္ကို သနားၾကင္နာစြာျဖင့္ ေရွာင္ဘိုက်င္း စိုက္ၾကည့္ ေနခဲ့သည္။ သူမလက္ကေလးေတြကို ယူၿပီး သူလက္ဖဝါးႀကီးႀကီး ေတြေအာက္ ဖုံးအုပ္ၿပီး ဆုပ္ကိုင္ခ်င္စိတ္ ျပင္းျပလာခဲ့သည္။ ပိုၿပီး ေတြးၾကည့္ ေလေလ ပို လုပ္ခ်င္ လာေလေလ ျဖစ္ေနခဲ့သည္။ သတိမမူမိပဲ သူ႔လက္ေခ်ာင္းေတြကို သူဖိညႇစ္ ေနခဲ့တဲ့ အထိပါပဲ။
ခ်ဴးလန္ ေရွာင္ဘိုက်င္းရဲ့ ျပင္းျပေနတဲ့ စိတ္ကို ခုခံနိုင္ဖို့ ျပန္စိုက္ၾကည့္ ေပးလိုက္ရသည္။
ဒီငရွုပ္, ေရွာင္ဘိုက်င္းက သူ႔ တစ္ဖက္သတ္ ခံစားခ်က္ေတြကို ရပ္တန္႔ နိုင္ပါဦးမလား? ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူမခံစားခ်က္ကိုေရာ သူ ထည့္မ
စဥ္းစား မိဘူးလား? ထင္ထားတဲ့ အတိုင္းပဲ, သူက အလြန္ လြန္႔ကို မုန္းစရာေကာင္းၿပီး ေဟးခ်န္ထက္ေတာင္ ပိုၿပီး စိတ္ပ်က္စရာ ေကာင္းေနေသးတယ္။ !
ေရွာင္ဘိုက်င္းက စကားဆက္ေျပာ မလို့လုပ္တုန္း
ေဘးအခန္းက ေန (ဒုန္းကနဲ) အသံအက်ယ္ႀကီး တစ္ခု ထြက္လာခဲ့သည္။ ခ်ဴးလန္လည္း ေနာက္ တဆင့္က ရန္ထျဖစ္ ေတာ့မွာလား ထင္ၿပီး ေၾကာက္လန္႔ သြားခဲ့သည္။
ခ်ဴးလန္ ခ်က္ခ်င္းပဲ တစ္ဖက္က ကာထားခဲ့တဲ့ ေဘးအခန္း နံရံကို စူးစူးစိုက္စိုက္ လွည့္ၾကည့္ လိုက္သည္။
ဆူညံသံေၾကာင့္ ေတာ္ေတာ္ ေလး ထိတ္လန္႔သြားပုံရတဲ့ ေရွာင္ဘိုက်င္း သူ႔ခုံကေန ထရပ္ လိုက္ခဲ့သည္။ သူက ခ်ဴးလန္ ထက္ေတာင္ ပိုၿပီး အထိမခံ ေရႊပန္းကန္ ျဖစ္ေသးတယ္။
ထိုအခ်ိန္မွာပဲ မီးခိုေရာင္ ဝတ္စုံနဲ႔ လူတစ္ေယာက္ အရိပ္ထဲကေန ထြက္လာၿပီး ေရွာင္ဘိုက်င္းဆီ လွမ္းလာခဲ့သည္။ ထို့ေနာက္ ေရွာင္ဘိုက်င္း နားထဲ တိုတိုးေလး ကပ္ေျပာ ခဲ့ပုံက တစ္ခုခုကို အစီရင္ခံ ေနသမ်ိဳး ျဖစ္သည္။
ေရွာင္ဘိုက်င္းရဲ့ မ်က္ခုံး ၂ဖက္ၾကား ထည္ေရးေၾကာင္း (အတြန္႔)ေတြ႕က ပိုၿပီး သိသာ ထင္ရွားလာခဲ့သည္။ သူနဲ႔ အနည္းငယ္ အကြာက ခ်ဴးလန္ကို လွမ္းကိုင္မလို့ လက္လွမ္းခဲ့ေပမယ့္ မီးခိုးေရာင္နဲ႔ အမ်ိဳးသားက သူ႔လက္ကို ျပန္ဆြဲဖမ္း လိုက္ၿပီး ေျပာလိုက္ခဲ့သည္။
"သခင္ေလး, အခ်ိန္မရွိေတာ့ပါဘူး။
ကၽြန္ေတာ္တို့ ခ်က္ခ်င္း ျပန္ထြက္ရပါ့မယ္။
အဲ့ လူေတြ ကၽြန္ေတာ္တို့ကို ရွာေတြ႕သြားတာနဲ႔ ေသေရးရွင္ေရး ၾကဳံလာနိုင္ပါတယ္"
"ဒါေပမယ့္, လန္အာ..."
"ခ်ဴးမမေလးက သူတို့ရဲ့ ပစ္မွတ္မဟုတ္ ပါဘူး။ သူမ အဆင္ေျပမွာပါ။ကၽြန္ေတာ္နဲ႔ လိုက္ခဲ့ပါ။
ျမန္ျမန္ေလး!
"အခုခ်ိန္မထြက္ သြားဘူးဆိုရင္ အႏွစ္ႏွစ္အလ လ က ျပင္ဆင္ထားခဲ့ တာေတြ အကုန္ သဲထဲ ေရသြန္ ျဖစ္သြားပါလိမ့္ မယ္,သခင္ေလး"