{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

Od whitekiddy

298K 40.9K 935

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... Více

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
📩
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 52

2.3K 359 10
Od whitekiddy

<Unicode>
Chapter 52: Yuehong Restaurant's Roast Duck

    ချူ းလျန်လည်း မေ့အဆောင်မှာတွေ့ခဲ့တဲ့ အနေအေးပြီး တည်ငြိမ်တယ်ထင်ရတဲ့ ထိုမင်းသမီးက အခုလို ပြောင်းလဲသွားလိမ့်မယ်လို့ မထင်မိပေ။

သူမရဲ့အပြုံးက ပိုတောင် တောက်ပလာပြီး
   "ဒါပေါ့, ကျွန်မ နားလည်ပါတယ် "

  " အင်း ... နင် ဒီကြောင်ကွတ်ကီးကို လုပ်တာက ငါ့အတွက်ပဲ ဖြစ်ပါစေနော်! အဲ့လိုမှမဟုတ်ရင် , နင့်အပြစ်ပဲနော် !"

ချူ းလျန်လည်း စိတ်ထဲက မှတ်စုစာအုပ်ထဲမှာ နမည်တခုတိုးပြီး မှတ်ထားလိုက်သည် ; တော်ဝင်မင်းသမီးDuanjiaက ရန်စတတ်ပြီး ကို့ရို့ကားယားနိုင်ရုံတင်မဟုတ်ဘူး ပိုင်ဆိုင်လိုအားလည်း အရမ်းရှိလွန်းသည်။

     သူတို့နှစ်ယောက်လည်း ထိုမုန့်တွေနဲ့ ပျားလက်ဖက်ရည်နဲ့ကိုပဲ တွဲစားလိုက်ရင်း စကားတပြောပြာလုပ်နေကြသည်။ မင်းသမီးဝေကလည်း အတော်လေးနောက်ကျမှ သူတို့စားဖို့ ချယ်ရီပိုင်မုန့်တွေက်ု ယူလာပေးရင်း သူမရဲ့ သမီးက တစ်စုံတစ်ယောက်နဲ့ ရယ်မော ပြောဆိုတာက ရှား၍ မနှောင့်ယှက်ပဲ ပြန်လှည့်သွားလိုက်သည်။
  
    နေ့လည်တောင် ရောက်နေပြီ ဖြစ်၍  တော်ဝင်မင်းသမီး Duanjia က ချောင်းဟန့်လိုက်ပြီး
      " ချူ းလျန် , ငါနင့်ကို အပြင်တနေရာရာကို စားဖို့ခေါ်သွားရင် ဘယ်လိုလဲ?"

   ချူ းလျန်လည်း ဘာပြန်ပြောရမလဲ မသိဖြစ်ရပြန်သည်။ ထိုမင်းသမီးက အခုဆို အရင်ကပုံစံနဲ့ အရမ်းကွဲပြားနေပြီမလား ။ ပြီးတော့
ဧည့်သည်ကို နေ့လည်စာ ကျွေးရင် တခြားတနေရာရာထက် အိမ်တော်ထဲမှာက ပိုမကောင်းဘူးလား,? ဘာလို့ ဒီမင်းသမီးက အပြင်မှာ သွားစားဖို့ခေါ်နေရတာလဲ?

     ချူ းလျန်ရဲ့တုံ့ပြန်မှုက မျက်လုံးအပြူ းသားနဲ့ စကားပြန်မပြောပဲ ဖြစ်နေ၍ မင်းသမီး Duanjiaလည်း နှုတ်ခမ်းစူစူနဲ့ ထပ်ပြောလိုက်ပြန်သည်။
     " ကောင်းပြီလေ , ငါက ယွဲ့ဟောင်စားသောက်ဆိုင်က ဘဲကင်ကိုစားချင်ရုံကို ။ နင်သွားမှာလား မသွားဘူးလား?"

ယွဲ့ဟောင်စားသောက်ဆိုင် ?

  ထိုဆိုင်က မြို့တော်ထဲက အကောင်းဆံူးဆိုင်ဖြစ်ပြီး မော်ဒန်ခေတ်မှာ ဘဲကင်အကောင်းဆုံးဆိုင်အဖြစ် ကျော်ကြားနေတဲ့
Quanjade စားသောက်ဆိုင်နဲ့ ဆင်တူသည်။

     ချူ းလျန်က ကူလင်းစားသောက်ဆိုင်ကို စီမံရတော့မှာ ဖြစ်တဲ့အတွက် ထိုအကောင်းဆုံးဆိုတဲ့ဆိုင်က ဘယ်လိုဘယ်ပုံ ပြင်ဆင်ထားမလဲဆိုတာ သူမလည်း လေ့လာချင်မိသွားသည်။

  ချူ းလျန်လည်း ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။

     တော်ဝင်မင်းသမီးလည်း သူတို့အပြင်ထွက်မယ့်အကြောင်းကို အစေခံတစ်ယောက်ကို
မင်းသမီးဝေဆီ အကြောင်းသွားကြားခိုင်းလိုက်သည်။ နောက်တယောက်ကိုတော့ သူတို့စီးမယ့် ဝေါယာဉ်ကို ပြင်ထားဖို့ ပြောလိုက်သည်။

   သူတို့ ဆိုင်ရှေ့ကို ရောက်တော့ ချူ းလျန်ရဲ့မျက်လုံးအစုံက ပြူ းကျယ်သွားရသည်။
ထင်ထားသည့်အတိုင်း ထို ယွဲ့ဟောင် စားသောက်ဆိုင်က ထူးခြားဆန်းပြားနေသည်။
ထိုဆိုင်က ကျူ းရွီလမ်းမထက်က နေရာကောင်းမှာ တည်ရှိနေသည်။ နေ့တိုင်းလိုလို ရာချီ ရှိတဲ့ စားသုံးသူတွေကလည်း ဝင်ချည်း ထွက်ချည် နဲ့ ရှိနေသည်။သူတို့ရပ်နေတဲ့ နေရာကနေ အပေါ်ဆုံးထပ်က လူပြည့်နေတာကို တွေ့နိုင်သည်။

   အထူးစားပွဲထိုးက သူတို့ဆီကို အပြေးလာကြိုသည်။ တော်ဝင်မင်းသမီးက ဒီဆိုင်မှာဆို ပုံမှန်စားသုံးသူ ဖြစ်ပုံရသည် ; ထိုစားပွဲထိုးက သူတို့ကို  ' ကောင်းကင်ဘုံ ' လို့ခေါ်တဲ့ အထူးသီးသန့်အခန်းကို ဦးဆောင်ခေါ်သွားသည်။

    တော်ဝင်မင်းသမီးက စားပွဲထိုးပေးတဲ့ဘုတ်ပြားက စာတချိူ့ကို တတောက်တောက်နဲ့ တောက်ပြလိုက်သည် ; တချိူ့ဟာတွေဆို ချူ းလျန် တခါမှ မကြားဖူးတာ တွေလည်း ပါနေသေးသည်။

   ချူ းလျန်လည်း ထိုသီးသန့်အခန်းကို လေ့လာလိုက်သည်။အသုံးဆောင်ပစ္စည်းတွေကတော့ ဈေးကြီးတာတွေပဲ သုံးထားသည် ; ဈေ းမြင့်တဲ့ bonsai အပင်ပုလေးက်ုတောင် ပြတင်းပေါက်နားမှာ အလှစိုက်ထားသေးသည်။
ဆိုင်အခင်းအကျင်းက အဆင့်တန်းမြင့်နေပေမယ့်လည်း  သူတို့ဆိုင်က အစားအသောက်တွေကကော ထိုနည်း၄င်းကောင်း ပဲဖြစ်နေမလား ချူ းလျန်လည်း ပိုတောင် သိချင်သွားသည်။

  တော်ဝင်မင်းသမီး Duanjia က မေးစေ့ကို လက်တစ်ဖက်နဲ့ ထောက်ထားလျက် ချူ းလျန်ကို ကြည့်နေသည်။
   " ချူ းလျှိ့ {Liú - 6} နင်...ဒီလို နေရာမျိူ းကို တခါမှ်ရောက်ဖူးဘူးလား ? "

  ထိုမင်းသမီးက ဒဲ့တိုးကြီး ပြောလာမယ်လို့ ချူ းလျန်လည်း မထင်ထားမိပေ။ သူမလည်း ရိုးရိုးပဲ ပြုံးလိုက်ပြီး ခေါင်းခါလျက်
    " ကျွန်မ အရင်က ဒီလိုနေရာမျိူ းကို  တခါမှ မရောက်ဖူးပါဘူး ။ ဒါက ပထမဆုံးအကြိမ်ပေါ့ "

    အရင် ချူ းလျန်က မိထွေးရဲ့ ဖိနှိပ် ချုပ် ချယ်မှုတို့ကြောင့်  ပိုက်ဆံသုံးစရာရယ်လို့ မရှိခဲ့ပေ။ ပိုက်ဆံမရှိတာ အသာထား အိမ်တော်အပြင်ဘက်ကိုတောင် ထွက်ခွင့်မရ , အိမ်တော်ထဲမှာဆိုလည်း အခြားသခင်မလေးတွေလို စားသောက်ခွင့်မရတဲ့အတွက် ... ထို ယွဲ့ဟောင်လို  ဈေးကြီးတဲ့စားသောက်ဆိုင်ကတော့ စိတ်တောင် မကူးဖူးပေ။

ချူ းလျန်ရဲ့ ရိုးသားတဲ့ဝန်ခံမှုကြောင့် ယင်အိမ်တော်က သူမရဲ့အခြေနေကို မင်းသမီးDuanjia လည်း ခန့်မှန်းနိုင်သွားသည်။
သို့ပေမယ့် ချူ းလျန်ရဲ့ နားကျည်းခါးသီးမှုတွေ ကင်းစင်နေတဲ့ ကြည်လင်တောက်ပတဲ့ မျက်ဝနိးတစ်စုံကြောင့် သူမရဲ့ စိတ်လွတ်လက်လွတ်နေတတ်တဲ့ စိတ်ဓာတ်ကို မင်းသမီးလည်း ပ်ုလို့တောင် သဘောကျသွားသည်။

    "ဒါဆို ဒီနေ့ များများစားနော် ။ ငါတို့စားပြီးရင်လည်း ဒဲယ်ဖန်းလက်ဖက်ရည်ဆိုင်ကို ခဏဝင်ရအောင် ။ အဲ့မှာ တစ်ယောက်ယောက်က
' ဇာမဏီက သူ့ရဲ့ကြင်ဖော်ကို ရှာနေတယ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ သရုပ်ဖော်ပြောပြမှာလို့ ကြားထားတယ် "

   မင်းသမီးအတွက်ကလည်း အဖော်တစ်ယောက်နဲ့ အပြင်ထွက်ရတယ်ဆိုတာ ရှားပါးလွန်းသည်။ ချူ းလျန်ကလည်း သူမတို့ကြားက အဆင့် ကွာဟမှုကို စိတ်ထဲထားမနေတဲ့အတွက် သူတို့နှစ်ယောက်က ဈေးဝယ်ထွက်နေကြတဲ့ သူငယ်ချင်းတွေလ်ုပဲ ဖြစ်နေသည် ; ထို့ကြောင့် ချူ းလျန်လည်း အများကြီး စဉ်းစားမနေပဲ သဘောတူလိုက်သည်။

   မှာထားတဲ့ ပန်းကန်တွေ လာချတော့ မျှော်လင့်ချက်အပြည့်နဲ့စောင့်နေတဲ့ ချူ းလျန်ကတော့ သူမရဲ့ အမူယာကိုတောင် မထိန်းထားနိုင်တော့ပေ။

   လာချထားတာက ၁၀ပန်းကန်လောက် ရှိပေမယ့် ဘဲကင်တပန်းကန်ထဲသာ ချူ းလျန်ရဲ့ စာမေးပွဲမှာ အောင်မြင်သွားသည် ; ဘာလို့ဆို ကျန်တဲ့ ပန်းကန်တွေက ကျင်းအန်အိမ်တော်က အတိုင်းပဲကို း ။

     တဖက်က တော်ဝင်မင်းသမီးကတော့ ထိုဟင်းပွဲတွေကို ကြည့်ရင်း မျက်လုံးအစုံက အရောင်လဲ့နေသည်။မင်းသမီးရဲ့ အစေခံကလည်း ဘဲကင် တစ်ဖဲ့ဆီကို သူတို့နှစ်ယောက်လုံးရဲ့ ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။

    သူတို့နှစ်ယောက်ရဲ့ပန်းကန်ရှေ့မှာလည်း ပန်းကန်အသေးလေး နှစ်ခုနဲ့ ပဲငံပြာရည်နဲ့ ဆားတို့ကို ထည့်ထားသည်။

    တော်ဝင်မင်းသမီးက ထို ပန်းကန်အသေးလေး၂ခုကို ညွှန်ပြလျက် " ချူ းလျှိ့ , နင် ဘဲကင်က်ု ပဲငံပြာရည်နဲ့ ဆားနဲ့ အရင်တို့ပြီးမှ စားနော် ။ အဲ့လ်ုဆို အရမ်းစားကောင်းတယ်! စမ်းကြည့်လိုက်!"

  ပြောပြီးတာနဲ့ မင်းသမီးက သူ့ပန်းကန်ထဲက ဘဲကင်က်ု တဖဲ့ဖဲ့လိုက်ပြီး ထိုအစာနှစ်ခုကိုတို့လိုက်ပြီး စားလိုက်သည်။ စားရင်း သူမရဲ့မျက်လုံးတွေက်ု မှိတ်ပြီး အရသာခံနေသေးသည်။စားပြီးတော့လည်း လျှာကို သပ်လိုက်သည်က ထိုအရသာကို မှတ်ညဏ်တွေထဲထိ သွင်းလိုက်သလို ။ ထို့နောက် ချူ းလျန်ကို မျှော်ချက်ရောင်ခြည်မျက်လုံးလေးတွေနဲ့ လှမ်းကြည့်လိုက်သည်။

   ထိုစောင့်ကြည့်နေတဲ့အကြည့်လေးကြောင့် ချူ းလျန်လည်း မင်းသမီး စားပြသွားတဲ့အတိုင်း လိုက်လုပ်ပြီး ပါးစပ်ထဲထည့်လ်ုက်သည်။

ချူ းလျန် : .....

   ဘဲကင်က အပြင်ပိုင်းက အဆီရွှဲပြီး အမြင်လည်း လှပေမယ့် အတွင်းပိုင်းမှာတော့ အရသာက လုံးဝက်ု မရှိဘူး ဖြစ်နေတယ် ! သူတို့တွေ ပဲငံပြာရည်နဲ့ ဆားက်ု အရင်တို့ပြီးမှစားတာ အံ့ဩစရာ မရှိတော့ပါဘူးလေ။

  ပဲငံပြာရည်နဲ့ဆားကို တို့လိုက်တာက အသားရဲ့အပြင်ပိုင်းကိုပဲ အရသာရောက်တာပေါ့ ။ ပြီးတော့ သူတ်ု့ချပေးထားတဲ့ အသန့်စင်ဆုံး ဆားတွေကလည်း မော်ဒန်က ရိုးရိုးဆားထက်တောင် ကြမ်းနေသေးတယ် ။ ချူ းလျန် ဆားတခဲချင်းစီကိုတောင် မြင်နေရသည်။ဘဲကင်က်ုစားနေရတာလား ဆားခဲက်ုကိုက်နေရတာလားလဲ မသဲကွဲတော့ပေ။ချူ းလျန်လည်း နောက်တခါ ဆိုတာကို တွေးတောင် မတွေးနိုင်တော့ပေ။ ဒီလို အရသာမျိူ းကို သူတို့တွေက ဘယ်လိုလုပ် အရသာရှိတယ်လို့ သတ်မှတ်နိုင်ကြတာလဲ?

   ချူ းလျန်က အစားအသောက်ဆို ပေါ့ပေါ့လေးပဲ စားတတ်တာဖြစ်၍ ထို ဘဲကင်ကတော့ သူမနဲ့ လုံးဝက်ု ဆန့်ကျင်ဘက်ပင်။ သို့ပေမယ့် တော်ဝင်မင်းသမီးက သူမကို ကြည့်နေတဲ့အတွက် ပြန်ထွေးထုတ်လို့ကလည်း မရပေ။ ပါးစပ်ထဲရှိနေတာကို မြန်မြန်သာ ဝါးလိုက်ပြီး ခက်ခက်ခဲခဲနဲ့ မြိုချလိုက်ရတော့သည်။

   ပြီးတာနဲ့ စိတ်ပြေလက်ပျောက် ချောင်း၂ကြိမ်လောက် ဟန့်လိုက်သည်။ တော်ဝင်မင်းသမီးက ချူ းလျန်ရဲ့ အပြုမူကို တွေ့၍ မေးလိုက်သည်။
   " ချူ းလျှိ့ , ဘယ်လိုနေလဲ? ကြိုက်ရဲ့လား?"

    ချူ းလျန် တော်ဝင်မင်းသမီးကို ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးထဲက လိုချင်နေသည့် အဖြေကို တွေ့၍ သူမရဲ့ ရည်ရွှယ်ချက်လေးကို မဖျက်စီးပစ်ချင်၍ မျက်နာပြောင်ပြောင်နဲ့ပဲ ဖြေလိုက်တော့သည်။
    " အဆင်ပြေပါတယ် "

တော်ဝင်မင်းသမီးလည်း သူမ မျှော်မှန်းမထားတဲ့အဖြေကြောင့် မျက်မှောင်ကြုတ်သွားသည်။
    " အရသာရှိလား? မရှိဘူးလား?"

    ချူ းလျန် ကို့ရို့ကားယားနိုင်စွာနဲ့ ပြုံးမိလိုက်သည်။သူမလည်း ဒီက အစားအစာတွေ ဘယ်လောက်တောင် ဆိုးဝါးသလဲ မျက်မြင်ကိုယ်တွေ့ ကြုံဖူးပြီးဖြစ်သည်။နန်းတော်ထဲက ဘုရင့်စားတော်ပွဲတွေတောင် ဒီလိုမျိူ းတွေပဲ ဖြစ်မယ် ထင်ပါရဲ့ ။

   ရုတ်တရက် တော်ဝင်မင်းသမီးရဲ့ မျက်လုံးတို့က အရောင်လဲ့သွားသည်။
   " ချူ းလျှိ့ , နင်... ဒီဘဲကင်ထက် အရသာ ပိုကောင်းအောင် လုပ်နိုင်တယ်မလား ?"

  ချူ းလျန်က ငြင်းချင်ပေမယ့် တော်ဝင်မင်းသမီးက အမြန် ထပ်ပြောသည်။
   " လိမ်ပြောမယ် မကြံနဲ့နော်! မဟုတ်ရင် နင်ကငါ့ကို အနိုင်ကျင့်တယ်လို့ ငါ့အဖေကို ပြောလိုက်မှာ!"

အာ.... ထိုဖော်ရွှေတတ်တဲ့ မင်းသမီးက အခုလိုရုတ်တရက်ကြီး ခြိမ်းခြောက်လာမယ်လို့ ချူ းလျန် မမျှော်လင့်ထားပေ။

   ချူ းလျန်လည်း အမြန် အဖြေပေးလိုက်ရတော့သည်။
    " တော်ဝင်မင်းသမီး, ကျွန်မလုပ်တဲ့ ဘဲကင်က ကောင်းမယ်လို့တော့ အာမခံပြီး မပြောရဲပါဘူး ဒါပေမယ့် ဒီ ယွဲ့ဟောင်စားသောက်ဆိုင်ထက်တော့ နည်းနည်းပိုကောင်းမယ်လို့ ထင်ပါတယ် "
ပြောရင်းနဲ့ ချူ းလျန်လည်း နည်းနည်းလောက်ပဲ ကောင်းနိုင်မယ်ဆိုတဲ့သဘောနဲ့
သူမရဲ့ လက်မနဲ့လက်ညှိးကို ' နည်းနည်းလေးပဲ' ဆိုတဲ့ ပုံစံလေး လုပ်ပြလိုက်သေးသည်။

    တော်ဝင်မင်းသမီးလည်း သူမရဲ့ အရှေ့က
ထိုကလေးဆိုးလေးက ဘဲကင်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သိမယ်လို့တောင် မတွေးခဲ့ပေ။ 
   " ရက်အနည်းငယ်လောက် ကြာရင် ငါ့အိမ်တော်ကို လာဖို့ ဖိတ်စာ ထပ်ပေးလိုက်မယ်။
ငါတို့ ဘဲကင်ကို အတူတူလုပ်ကြရင်ကော ဘယ်လိုလဲ?"

   တော်ဝင်မင်းသမီးက အပြင်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောနေပေမယ့်လည်း အတွင်းစိတ်ထဲမှာ အူလှိုက်သည်လှိုက်ကို ရယ်မောနေသည်။ ဟမ့်! ဒီဘဲကင်က စားလို့ သိပ်မကောင်းဘူးဆိုတာ သူမ သိတာပေါ့။
သူမရဲ့ အကိုတော်၄ဆို ဒီဘဲကင်ကို ကြိုက်လွန်းလို့ လျှိ့ဝှက်နည်းကို ငွေအတော်များများနဲ့ ဝယ်လိုက်တာလေ။ အခု ချူ းလျှိ့က ဒီဟာထက် ပိုကောင်းတဲ့ ဘဲကင်ကို လုပ်တော့မှာ ။ သူမကလည်း သူမရဲ့ အကို ၄ကို နည်းနည်းဖြစ်ဖြစ်တော့ ကျွေးကို ကျွေးလိုက်အုံးမှာပါ။ ပြီးမှ သူ့ငွေတွေ အလဟသ ဖြစ်လို့ ဒေါသထွက်နေလို့ ပုံကို ထိုင်ကို ကြည့်နေအုံးမှာ!

   သူမရဲ့အတွေးတွေကို ဖြန့်ကျက်နေတဲ့ မင်းသမီးကတော့  ထိုယွဲ့ဟောင်ဆိုင်ကို လာပြီးထိုဘဲကင်ကို စားချင်တယ်လို့ ပြောတဲ့ပထမဆုံးသူက သူမပဲဆိုတာကိုတော့ မေ့လျှော့နေသည်။သို့ပေမယ့် ထိုဘဲကင်ကိုစားနေသော ချူ းလျန်ရဲ့အမူယာကြောင့် သူမဘယ်လောက်ပဲ ဆက်ပြီးတော့စားစား အရင်ကလောက်တော့ စားမကောင်းတော့ပေ။

       သူတို့၂ယောက်လုံး ဘဲကင်ကို နည်းနည်းသာ ဆက်ပြီး စားဖြစ်ကြပြီး အသီးဝိုင်ကမှသောက်လို့ကောင်းနေသေး၍ ထိုဝိုင်ကိုပဲ များများလေးသောက်လိုက်ကြသည်။

   စားရင်းသောက်ရင်း သူတို့နှစ်ယောက်လည်း လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ပဲ စကားစမြည်ပြောနေကြပြီး ; သူတို့ပြောသမျှ စကားတိုင်းကို ဘေးကပ်ရပ်အခန်းက တစ်ယောက်ယောက်က နားထောင်နေတာကိုတော့ သူတို့ မသိကြပေ။

တမ်ယန် မထိန်းနိုင်တော့ပဲ ပါးစပ်ကို လက်နဲ့ကာလ်ုက်ပြီး သူ့ပါးနှစ်ဖက်ကလည်း ရယ်ထားလွန်း၍ အနီရောင်တောင် သမ်းလုနီးနီးဖြစ်နေသည်။ အဆုံးမှာတော့ အသံတိတ်မရယ်နိုင်တော့၍  အသံထွက်ပြီးသာ ရယ်လိုက်ရတော့သည်။

   တော်ဝင်မင်းသမီးပြောတဲ့ အကိုတော်၄ဆိုတာက မင်းသားကျင်းကို ပြောတာဖြစ်သည်။
သူ့မျက်နာက မပျော်မရွှင်ဖြစ်နေပြီး သူ့ရဲ့ ပုံမှန်အတိုင်းပဲ အေးစက်စက် မျက်ဝန်းပြာပြာတွေက တမ်ယန်ကို စိုက်ကြည့်နေသည်။

ထိုသတိပေးချက်တွေ ပါနေတဲ့အကြည့်ကြောင့် တမ်ယန်လည်း ရယ်နေတာကို မနဲပြန်ပြီး ထိန်းလိုက်ရသည်။ သူ့မျက်နာကို အတည်ပေါက်ပုံ ပြန်ထားလိုက်ပြီး ပြောလိုက်သည်။
    " ဒီနိမ့်ကျတဲ့ကျွန်တော်က မင်းသား၄ကို မေးချင်တာရှိပါတယ်... ဒီဘဲကင်ရဲ့ လျှိ့ဝှက်နည်းအတွက် မင်းသားက ဘယ်လောက်တောင် ရင်းနှီးခဲ့ရပါလဲ ? "

  မင်းသားကျင်းရဲ့ မျက်နာက ပိုလို့တောင်
မာကျောနေပြီး ဓားသွားလို့ မျက်ဝန်းတွေနဲ့ ထပ်ကြည့်လိုက်ပြန်သည်။
     " တမ်ယန် , မင်းလ်ုအရာရှိအဆင့်က ငွေတွေအများကြီးရလို့များ ဒီလိုယွဲ့ဟောင်ဆိုင်ကို လာထိုင်နိုင်တာလား?"

   တမ်ယန်လည်း အရိပ်ပြအကောင်မြင်တဲ့အတွက် ချက်ချင်း ပါးစပ်ပိတ်ထားလိုက်တော့သည်။ တော်ဝင်မင်းသမီးလ်ုပဲ သူလည်း သူ့အရှေ့က ဘဲကင်က်ု အရမ်းကြီး ကြိုက်တာလည်း မဟုတ်ပေ။

သူလည်း ပြန်ဖြေဖြန်းပြောလိုက်ရသည် ။
     " မင်းသမီးရဲ့သူငယ်ချင်းက ဘဲကင်က်ု ဘယ်လိုကောင်းကောင်းလုပ်တတ်သလဲဆိုတာကို ဒီနိမ့်ကျတဲ့ကျွန်တော်က သိချင်ရုံပါ။
ဒီနိမ့်ကျတဲ့ကျွန်တော်က နည်းနည်းလောက်ဖြစ်ဖြစ် မြည်းစမ်းကြည့်ချင်လို့ပါ "

   မင်းသားကျင်းက နောက်တဖန် အေးစက်စက်မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီး
   " မင်းက မင်းရဲ့သတ္တိကို စမ်းသပ်ြကြည့် နေတာလား?"

   တမ်ယန်လည်း ကို့ရို့ကားယားနဲ့ ချောင်းဆိုးမိသွားပြီး သူတို့ပြောရမယ့် စကားလမ်းကြောင်းဆီကိုသာ ပြန်ဦးတည်လိုက်သည်။
    "အရှင့်သား .. ဟေးစန်းလန်က လင်းကျိူ းကို ရောက်ပါပြီ ။ ဒီစာက သူပ်ု့လိုက်တဲ့စာပါ "

  တမ်ယန်က မင်းသားကျင်းရဲ့ ဘက်တော်သားဖြစ်ပြီး မင်းသားရဲ့ အယုံကြည်ရဆုံး အကြံပေးလည်းဖြစ်သည်။

  မင်းသားကျင်းက တမ်ယန်ကမ်းပေးတဲ့ စာတွေကနေ ဟေးချန်ပို့ိုလိုက်တဲ့စာကိုပဲ ဖတ်လိုက်သည်။ တခြားစာနှစ်စောင်ကတော့ ကျင်းအန်အိမ်တော်အတွက် ဖြစ်သည်။

   " ဟေးချန်ဆီကို လူတစ်စုနဲ့ မြင်းတွေကို ပို့ပေးလိုက် ။ သူလိုအပ်တဲ့အချိန်တိုင်း သုံးလို့ရအောင် "

တမ်ယန်လည်း ခေါင်းငြိမ့်လိုက်သည်။

  သူတို့နှစ်ယောက်လုပ်စရာ အလုပ်တွေ ပြီးခါနီးတော့ တဖက်အခန်းက မိန်းကလေးတွေလည်း ဒဲယ်ဖန်းလက်ဖက်ရည်ဆိုင်ကို သွားဖို့ပြင်နေတာကို မင်းသားကျင်း ကြားလိုက်သည်။

  ဟေးချန်ရဲ့စာထဲက 'ချူ းလျန်ကို သေချာ စောင့်ရှောက်ပေးပါ ' ဆိုတဲ့အတွက်ကြောင့် မင်းသားကျင်းနဲ့ တမ်ယန်လည်း တိတ်တိတ်လေးပဲ ဒဲယ်ဖန်းလက်ဖက်ရည်ဆိုင်ကို လိုက်သွားကြသည်။

  ထို ' သေချာစောင့်ရှောက်ပေးပါ ' ဆိုတဲ့စာက်ုရေးနေတုန်းက ဟေးချန်က ဒေါသထွက်စွာနဲ့ အံကိုကြိတ်ထားတာဖြစ်သည်။ သူကိုင်ထားတဲ့မင်တံက တုံရီနေပြီး သူ့ရဲ့ဒေါသကြောင့် မျက်နာတောင် ဖြူ ဖျော့နေတာဖြစ်သည်။ မင်းသားကျင်းက ဟေးချန်ရဲ့စိတ်ကို အာရုံခံနိုင်မလား မခံနိုင်ဘူးလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပေ။

# 1st jan မှ ပြန်ဆုံကြမယ်နော် 🥳🥳
  အဲ့ကျမှ ရက်မှန်မှန်နဲ့ ပြန်တင်ဖြစ်ပါတော့မယ်🙆

<Zawgyi>
Chapter 52: Yuehong Restaurant's Roast Duck

    ခ်ဴ းလ်န္လည္း ေမ့အေဆာင္မွာေတြ႕ခဲ့တဲ့ အေနေအးၿပီး တည္ၿငိမ္တယ္ထင္ရတဲ့ ထိုမင္းသမီးက အခုလို ေျပာင္းလဲသြားလိမ့္မယ္လို႔ မထင္မိေပ။

သူမရဲ႕အၿပံဳးက ပိုေတာင္ ေတာက္ပလာၿပီး
   "ဒါေပါ့, ကြၽန္မ နားလည္ပါတယ္ "

  " အင္း ... နင္ ဒီေၾကာင္ကြတ္ကီးကို လုပ္တာက ငါ့အတြက္ပဲ ျဖစ္ပါေစေနာ္! အဲ့လိုမွမဟုတ္ရင္ , နင့္အျပစ္ပဲေနာ္ !"

ခ်ဴ းလ်န္လည္း စိတ္ထဲက မွတ္စုစာအုပ္ထဲမွာ နမည္တခုတိုးၿပီး မွတ္ထားလိုက္သည္ ; ေတာ္ဝင္မင္းသမီးDuanjiaက ရန္စတတ္ၿပီး ကို႔ရို႔ကားယားနိုင္ရံုတင္မဟုတ္ဘူး ပိုင္ဆိုင္လိုအားလည္း အရမ္းရွိလြန္းသည္။

     သူတို႔နွစ္ေယာက္လည္း ထိုမုန္႔ေတြနဲ႔ ပ်ားလက္ဖက္ရည္နဲ႔ကိုပဲ တြဲစားလိုက္ရင္း စကားတေျပာျပာလုပ္ေနၾကသည္။ မင္းသမီးေဝကလည္း အေတာ္ေလးေနာက္က်မွ သူတို႔စားဖို႔ ခ်ယ္ရီပိုင္မုန္႔ေတြက္ု ယူလာေပးရင္း သူမရဲ႕ သမီးက တစ္စံုတစ္ေယာက္နဲ႔ ရယ္ေမာ ေျပာဆိုတာက ရွား၍ မေနွာင့္ယွက္ပဲ ျပန္လွည့္သြားလိုက္သည္။
  
    ေန႔လည္ေတာင္ ေရာက္ေနၿပီ ျဖစ္၍  ေတာ္ဝင္မင္းသမီး Duanjia က ေခ်ာင္းဟန္႔လိုက္ၿပီး
      " ခ်ဴ းလ်န္ , ငါနင့္ကို အျပင္တေနရာရာကို စားဖို႔ေခၚသြားရင္ ဘယ္လိုလဲ?"

   ခ်ဴ းလ်န္လည္း ဘာျပန္ေျပာရမလဲ မသိျဖစ္ရျပန္သည္။ ထိုမင္းသမီးက အခုဆို အရင္ကပံုစံနဲ႔ အရမ္းကြဲျပားေနၿပီမလား ။ ၿပီးေတာ့
ဧည့္သည္ကို ေန႔လည္စာ ေကြၽးရင္ တျခားတေနရာရာထက္ အိမ္ေတာ္ထဲမွာက ပို္မေကာင္းဘူးလား,? ဘာလို႔ ဒီမင္းသမီးက အျပင္မွာ သြားစားဖို႔ေခၚေနရတာလဲ?

     ခ်ဴ းလ်န္ရဲ႕တံု႔ျပန္မႈက မ်က္လံုးအျပဴ းသားနဲ႔ စကားျပန္မေျပာပဲ ျဖစ္ေန၍ မင္းသမီး Duanjiaလည္း နႈတ္ခမ္းစူစူနဲ႔ ထပ္ေျပာလိုက္ျပန္သည္။
     " ေကာင္းၿပီေလ , ငါက ယြဲ႕ေဟာင္စားေသာက္ဆိုင္က ဘဲကင္ကိုစားခ်င္ရံုကို ။ နင္သြားမွာလား မသြားဘူးလား?"

ယြဲ႕ေဟာင္စားေသာက္ဆိုင္ ?

  ထိုဆိုင္က ၿမိဳ႕ေတာ္ထဲက အေကာင္းဆံူးဆိူင္ျဖစ္ၿပီး ေမာ္ဒန္ေခတ္မွာ ဘဲကင္အေကာင္းဆံုးဆိုင္အျဖစ္ ေက်ာ္ၾကားေနတဲ့
Quanjade စားေသာက္ဆိုင္နဲ႔ ဆင္တူသည္။

     ခ်ဴ းလ်န္က ကူလင္းစားေသာက္ဆိုင္ကို စီမံရေတာ့မွာ ျဖစ္တဲ့အတြက္ ထိုအေကာင္းဆံုးဆိုတဲ့ဆိုင္က ဘယ္လိုဘယ္ပံု ျပင္ဆင္ထားမလဲဆိုတာ သူမလည္း ေလ့လာခ်င္မိသြားသည္။

  ခ်ဴ းလ်န္လည္း ၿပံဳးလ်က္ ေခါင္းၿငိမ့္လိုက္သည္။

     ေတာ္ဝင္မင္းသမီးလည္း သူတို႔အျပင္ထြက္မယ့္အေၾကာင္းကို အေစခံတစ္ေယာက္ကို
မင္းသမီးေဝဆီ အေၾကာင္းသြားၾကားခိုင္းလိုက္သည္။ ေနာက္တေယာက္ကိုေတာ့ သူတို႔စီးမယ့္ ေဝါယာဥ္ကို ျပင္ထားဖို႔ ေျပာလိုက္သည္။

   သူတို႔ ဆိုင္ေရွ႕ကို ေရာက္ေတာ့ ခ်ဴ းလ်န္ရဲ႕မ်က္လံုးအစံုက ျပဴ းက်ယ္သြားရသည္။
ထင္ထားသည့္အတိုင္း ထို ယြဲ႕ေဟာင္ စားေသာက္ဆိုင္က ထူးျခားဆန္းျပားေနသည္။
ထိုဆိုင္က က်ဴ း႐ြီလမ္းမထက္က ေနရာေကာင္းမွာ တည္ရွိေနသည္။ ေန႔တိုင္းလိုလို ရာခ်ီ ရွိတဲ့ စားသံုးသူေတြကလည္း ဝင္ခ်ည္း ထြက္ခ်ည္ နဲ႔ ရွိေနသည္။သူတို႔ရပ္ေနတဲ့ ေနရာကေန အေပၚဆံုးထပ္က လူျပည့္ေနတာကို ေတြ႕နိုင္သည္။

   အထူးစားပြဲထိုးက သူတို႔ဆီကို အေျပးလာႀကိဳသည္။ ေတာ္ဝင္မင္းသမီးက ဒီဆိုင္မွာဆို ပံုမွန္စားသံုးသူ ျဖစ္ပံုရသည္ ; ထိုစားပြဲထိုးက သူတို႔ကို  ' ေကာင္းကင္ဘံု ' လို႔ေခၚတဲ့ အထူးသီးသန္႔အခန္းကို ဦးေဆာင္ေခၚသြားသည္။

    ေတာ္ဝင္မင္းသမီးက စားပြဲထိုးေပးတဲ့ဘုတ္ျပားက စာတခ်ိဴ႕ကို တေတာက္ေတာက္နဲ႔ ေတာက္ျပလိုက္သည္ ; တခ်ိဴ ႕ဟာေတြဆို ခ်ဴ းလ်န္ တခါမွ မၾကားဖူးတာ ေတြလည္း ပါေနေသးသည္။

   ခ်ဴ းလ်န္လည္း ထိူသီးသန္႔အခန္းကို ေလ့လာလိုက္သည္။အသံုးေဆာင္ပစၥည္းေတြကေတာ့ ေစ်းႀကီးတာေတြပဲ သံုးထားသည္ ; ေစ် းျမင့္တဲ့ bonsai အပင္ပုေလးက္ုေတာင္ ျပတင္းေပါက္နားမွာ အလွစိုက္ထားေသးသည္။
ဆိုင္အခင္းအက်င္းက အဆင့္တန္းျမင့္ေနေပမယ့္လည္း  သူတို႔ဆိုင္က အစားအေသာက္ေတြကေကာ ထိုနည္း၄င္းေကာင္း ပဲျဖစ္ေနမလား ခ်ဴ းလ်န္လည္း ပိုေတာင္ သိခ်င္သြားသည္။

  ေတာ္ဝင္မင္းသမီး Duanjia က ေမးေစ့ကို လက္တစ္ဖက္နဲ႔ ေထာက္ထားလ်က္ ခ်ဴ းလ်န္ကို ၾကည့္ေနသည္။
   " ခ်ဴ းလ်ွိ႔ {Liú - 6} နင္...ဒီလို ေနရာမ်ိဴ းကို တခါမွ ္ေရာက္ဖူးဘူးလား ? "

  ထိုမင္းသမီးက ဒဲ့တိုးႀကီး ေျပာလာမယ္လို႔ ခ်ဴ းလ်န္လည္း မထင္ထားမိေပ။ သူမလည္း ရိုးရိုးပဲ ၿပံဳးလိုက္ၿပီး ေခါင္းခါလ်က္
    " ကြၽန္မ အရင္က ဒီလိုေနရာမ်ိဴ းကို  တခါမွ မေရာက္ဖူးပါဘူး ။ ဒါက ပထမဆံုးအႀကိမ္ေပါ့ "

    အရင္ ခ်ဴ းလ်န္က မိေထြးရဲ႕ ဖိနိွပ္ ခ်ဳပ္ ခ်ယ္မႈတို႔ေၾကာင့္  ပိုက္ဆံသံုးစရာရယ္လို႔ မရွိခဲ့ေပ။ ပိုက္ဆံမရွိတာ အသာထား အိမ္ေတာ္အျပင္ဘက္ကိုေတာင္ ထြက္ခြင့္မရ , အိမ္ေတာ္ထဲမွာဆိုလည္း အျခားသခင္မေလးေတြလို စားေသာက္ခြင့္မရတဲ့အတြက္ ... ထို ယြဲ႕ေဟာင္လို  ေစ်းႀကီးတဲ့စားေသာက္ဆိုင္ကေတာ့ စိတ္ေတာင္ မကူးဖူးေပ။

ခ်ဴ းလ်န္ရဲ႕ ရိုးသားတဲ့ဝန္ခံမႈေၾကာင့္ ယင္အိမ္ေတာ္က သူမရဲ႕အေျခေနကို မင္းသမီးDuanjia လည္း ခန္႔မွန္းနိုင္သြားသည္။
သို႔ေပမယ့္ ခ်ဴ းလ်န္ရဲ႕ နားက်ည္းခါးသီးမႈေတြ ကင္းစင္ေနတဲ့ ၾကည္လင္ေတာက္ပတဲ့ မ်က္ဝနိးတစ္စံုေၾကာင့္ သူမရဲ႕ စိတ္လြတ္လက္လြတ္ေနတတ္တဲ့ စိတ္ဓာတ္ကို မင္းသမီးလည္း ပ္ုလို႔ေတာင္ သေဘာက်သြားသည္။

    "ဒါဆို ဒီေန႔ မ်ားမ်ားစားေနာ္ ။ ငါတို႔စားၿပီးရင္လည္း ဒဲယ္ဖန္းလက္ဖက္ရည္ဆိုင္ကို ခဏဝင္ရေအာင္ ။ အဲ့မွာ တစ္ေယာက္ေယာက္က
' ဇာမဏီက သူ႔ရဲ႕ၾကင္ေဖာ္ကို ရွာေနတယ္' ဆိုတဲ့ ေခါင္းစဥ္နဲ႔ သရုပ္ေဖာ္ေျပာျပမွာလို႔ ၾကားထားတယ္ "

   မင္းသမီးအတြက္ကလည္း အေဖာ္တစ္ေယာက္နဲ႔ အျပင္ထြက္ရတယ္ဆိုတာ ရွားပါးလြန္းသည္။ ခ်ဴ းလ်န္ကလည္း သူမတို႔ၾကားက အဆင့္ ကြာဟမႈကို စိတ္ထဲထားမေနတဲ့အတြက္ သူတို႔နွစ္ေယာက္က ေစ်းဝယ္ထြက္ေနၾကတဲ့ သူငယ္ခ်င္းေတြလ္ုပဲ ျဖစ္ေနသည္ ; ထို႔ေၾကာင့္ ခ်ဴ းလ်န္လည္း အမ်ားႀကီး စဥ္းစားမေနပဲ သေဘာတူလိုက္သည္။

   မွာထားတဲ့ ပန္းကန္ေတြ လာခ်ေတာ့ ေမ်ွာ္လင့္ခ်က္အျပည့္နဲ႔ေစာင့္ေနတဲ့ ခ်ဴ းလ်န္ကေတာ့ သူမရဲ႕ အမူယာကိုေတာင္ မထိန္းထားနိုင္ေတာ့ေပ။

   လာခ်ထားတာက ၁၀ပန္းကန္ေလာက္ ရွိေပမယ့္ ဘဲကင္တပန္းကန္ထဲသာ ခ်ဴ းလ်န္ရဲ႕ စာေမးပြဲမွာ ေအာင္ျမင္သြားသည္ ; ဘာလို႔ဆို က်န္တဲ့ ပန္းကန္ေတြက က်င္းအန္အိမ္ေတာ္က အတိုင္းပဲကို း ။

     တဖက္က ေတာ္ဝင္မင္းသမီးကေတာ့ ထိုဟင္းပြဲေတြကို ၾကည့္ရင္း မ်က္လံုးအစံုက အေရာင္လဲ့ေနသည္။မင္းသမီးရဲ႕ အေစခံကလည္း ဘဲကင္ တစ္ဖဲ့ဆီကို သူတို႔နွစ္ေယာက္လံုးရဲ႕ ပန္းကန္ထဲကို ထည့္ေပးလိုက္သည္။

    သူတို႔နွစ္ေယာက္ရဲ႕ပန္းကန္ေရွ႕မွာလည္း ပန္းကန္အေသးေလး နွစ္ခုနဲ႔ ပဲငံျပာရည္နဲ႔ ဆားတို႔ကို ထည့္ထားသည္။

    ေတာ္ဝင္မင္းသမီးက ထို ပန္းကန္အေသးေလး၂ခုကို ညႊန္ျပလ်က္ " ခ်ဴ းလ်ွိ႔ , နင္ ဘဲကင္က္ု ပဲငံျပာရည္နဲ႔ ဆားနဲ႔ အရင္တို႔ၿပီးမွ စားေနာ္ ။ အဲ့လ္ုဆို အရမ္းစားေကာင္းတယ္! စမ္းၾကည့္လိုက္!"

  ေျပာၿပီးတာနဲ႔ မင္းသမီးက သူ႔ပန္းကန္ထဲက ဘဲကင္က္ု တဖဲ့ဖဲ့လိုက္ၿပီး ထိုအစာနွစ္ခုကိုတို႔လိုက္ၿပီး စားလိုက္သည္။ စားရင္း သူမရဲ႕မ်က္လံုးေတြက္ု မွိတ္ၿပီး အရသာခံေနေသးသည္။စားၿပီးေတာ့လည္း လ်ွာကို သပ္လိုက္သည္က ထိုအရသာကို မွတ္ညဏ္ေတြထဲထိ သြင္းလိုက္သလို ။ ထို႔ေနာက္ ခ်ဴ းလ်န္ကို ေမ်ွာ္ခ်က္ေရာင္ျခည္မ်က္လံုးေလးေတြနဲ႔ လွမ္းၾကည့္လိုက္သည္။

   ထိုေစာင့္ၾကည့္ေနတဲ့အၾကည့္ေလးေၾကာင့္ ခ်ဴ းလ်န္လည္း မင္းသမီး စားျပသြားတဲ့အတိုင္း လိုက္လုပ္ၿပီး ပါးစပ္ထဲထည့္လ္ုက္သည္။

ခ်ဴ းလ်န္ : .....

   ဘဲကင္က အျပင္ပိုင္းက အဆီရႊဲၿပီး အျမင္လည္း လွေပမယ့္ အတြင္းပိုင္းမွာေတာ့ အရသာက လံုးဝက္ု မရွိဘူး ျဖစ္ေနတယ္ ! သူတို႔ေတြ ပဲငံျပာရည္နဲ႔ ဆားက္ု အရင္တို႔ၿပီးမွစားတာ အံ့ၾသစရာ မရွိေတာ့ပါဘူးေလ။

  ပဲငံျပာရည္နဲ႔ဆားကို တို႔လိုက္တာက အသားရဲ႕အျပင္ပိုင္းကိုပဲ အရသာေရာက္တာေပါ့ ။ ၿပီးေတာ့ သူတ္ု႔ခ်ေပးထားတဲ့ အသန္႔စင္ဆံုး ဆားေတြကလည္း ေမာ္ဒန္က ရိုးရိုးဆားထက္ေတာင္ ၾကမ္းေနေသးတယ္ ။ ခ်ဴ းလ်န္ ဆားတခဲခ်င္းစီကိုေတာင္ ျမင္ေနရသည္။ဘဲကင္က္ုစားေနရတာလား ဆားခဲက္ုကိုက္ေနရတာလားလဲ မသဲကြဲေတာ့ေပ။ခ်ဴ းလ်န္လည္း ေနာက္တခါ ဆိုတာကို ေတြးေတာင္ မေတြးနိုင္ေတာ့ေပ။ ဒီလို အရသာမ်ိဴ းကို သူတို႔ေတြက ဘယ္လိုလုပ္ အရသာရွိတယ္လို႔ သတ္မွတ္နိုင္ၾကတာလဲ?

   ခ်ဴ းလ်န္က အစားအေသာက္ဆို ေပါ့ေပါ့ေလးပဲ စားတတ္တာျဖစ္၍ ထို ဘဲကင္ကေတာ့ သူမနဲ႔ လံုးဝက္ု ဆန္႔က်င္ဘက္ပင္။ သို႔ေပမယ့္ ေတာ္ဝင္မင္းသမီးက သူမကို ၾကည့္ေနတဲ့အတြက္ ျပန္ေထြးထုတ္လို႔ကလည္း မရေပ။ ပါးစပ္ထဲရွိေနတာကို ျမန္ျမန္သာ ဝါးလိုက္ၿပီး ခက္ခက္ခဲခဲနဲ႔ ၿမိဳခ်လိုက္ရေတာ့သည္။

   ၿပီးတာနဲ႔ စိတ္ေျပလက္ေပ်ာက္ ေခ်ာင္း၂ႀကိမ္ေလာက္ ဟန္႔လိုက္သည္။ ေတာ္ဝင္မင္းသမီးက ခ်ဴ းလ်န္ရဲ႕ အျပဳမူကို ေတြ႕၍ ေမးလိုက္သည္။
   " ခ်ဴ းလ်ွိ႔ , ဘယ္လိုေနလဲ? ႀကိဳက္ရဲ႕လား?"

    ခ်ဴ းလ်န္ ေတာ္ဝင္မင္းသမီးကို ၾကည့္လိုက္ေတာ့ သူမရဲ႕ မ်က္လံုးထဲက လိုခ်င္ေနသည့္ အေျဖကို ေတြ႕၍ သူမရဲ႕ ရည္ရႊယ္ခ်က္ေလးကို မဖ်က္စီးပစ္ခ်င္၍ မ်က္နာေျပာင္ေျပာင္နဲ႔ပဲ ေျဖလိုက္ေတာ့သည္။
    " အဆင္ေျပပါတယ္ "

ေတာ္ဝင္မင္းသမီးလည္း သူမ ေမ်ွာ္မွန္းမထားတဲ့အေျဖေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားသည္။
    " အရသာရွိလား? မရွိဘူးလား?"

    ခ်ဴ းလ်န္ ကို႔ရို႔ကားယားနိုင္စြာနဲ႔ ၿပံဳးမိလိုက္သည္။သူမလည္း ဒီက အစားအစာေတြ ဘယ္ေလာက္ေတာင္ ဆိုးဝါးသလဲ မ်က္ျမင္ကိုယ္ေတြ႕ ႀကံဳဖူးၿပီးျဖစ္သည္။နန္းေတာ္ထဲက ဘုရင့္စားေတာ္ပြဲေတြေတာင္ ဒီလိုမ်ိဴ းေတြပဲ ျဖစ္မယ္ ထင္ပါရဲ႕ ။

   ရုတ္တရက္ ေတာ္ဝင္မင္းသမီးရဲ႕ မ်က္လံုးတို႔က အေရာင္လဲ့သြားသည္။
   " ခ်ဴ းလ်ွိ႔ , နင္... ဒီဘဲကင္ထက္ အရသာ ပိုေကာင္းေအာင္ လုပ္နိုင္တယ္မလား ?"

  ခ်ဴ းလ်န္က ျငင္းခ်င္ေပမယ့္ ေတာ္ဝင္မင္းသမီးက အျမန္ ထပ္ေျပာသည္။
   " လိမ္ေျပာမယ္ မႀကံနဲ႔ေနာ္! မဟုတ္ရင္ နင္ကငါ့ကို အနိုင္က်င့္တယ္လို႔ ငါ့အေဖကို ေျပာလိုက္မွာ!"

အာ.... ထိုေဖာ္ေရႊတတ္တဲ့ မင္းသမီးက အခုလိုရုတ္တရက္ႀကီး ၿခိမ္းေျခာက္လာမယ္လို႔ ခ်ဴ းလ်န္ မေမ်ွာ္လင့္ထားေပ။

   ခ်ဴ းလ်န္လည္း အျမန္ အေျဖေပးလိုက္ရေတာ့သည္။
    " ေတာ္ဝင္မင္းသမီး, ကြၽန္မလုပ္တဲ့ ဘဲကင္က ေကာင္းမယ္လို႔ေတာ့ အာမခံၿပီး မေျပာရဲပါဘူး ဒါေပမယ့္ ဒီ ယြဲ႕ေဟာင္စားေသာက္ဆိုင္ထက္ေတာ့ နည္းနည္းပိုေကာင္းမယ္လို႔ ထင္ပါတယ္ "
ေျပာရင္းနဲ႔ ခ်ဴ းလ်န္လည္း နည္းနည္းေလာက္ပဲ ေကာင္းနိုင္မယ္ဆိုတဲ့သေဘာနဲ႔
သူမရဲ႕ လက္မနဲ႔လက္ညိွးကို ' နည္းနည္းေလးပဲ' ဆိုတဲ့ ပံုစံေလး လုပ္ျပလိုက္ေသးသည္။

    ေတာ္ဝင္မင္းသမီးလည္း သူမရဲ႕ အေရွ႕က
ထိုကေလးဆိုးေလးက ဘဲကင္ကို ဘယ္လိုလုပ္ရမလဲဆိုတာကို သိမယ္လို႔ေတာင္ မေတြးခဲ့ေပ။ 
   " ရက္အနည္းငယ္ေလာက္ ၾကာရင္ ငါ့အိမ္ေတာ္ကို လာဖို႔ ဖိတ္စာ ထပ္ေပးလိုက္မယ္။
ငါတို႔ ဘဲကင္ကို အတူတူလုပ္ၾကရင္ေကာ ဘယ္လိုလဲ?"

   ေတာ္ဝင္မင္းသမီးက အျပင္ပိုင္းမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ ေျပာေနေပမယ့္လည္း အတြင္းစိတ္ထဲမွာ အူလိႈက္သည္လိႈက္ကို ရယ္ေမာေနသည္။ ဟမ့္! ဒီဘဲကင္က စားလို႔ သိပ္မေကာင္းဘူးဆိုတာ သူမ သိတာေပါ့။
သူမရဲ႕ အကိုေတာ္၄ဆို ဒီဘဲကင္ကို ႀကိဳက္လြန္းလို႔ လ်ွိ႔ဝွက္နည္းကို ေငြအေတာ္မ်ားမ်ားနဲ႔ ဝယ္လိုက္တာေလ။ အခု ခ်ဴ းလ်ွိ႔က ဒီဟာထက္ ပိုေကာင္းတဲ့ ဘဲကင္ကို လုပ္ေတာ့မွာ ။ သူမကလည္း သူမရဲ႕ အကို ၄ကို နည္းနည္းျဖစ္ျဖစ္ေတာ့ ေကြၽးကို ေကြၽးလိုက္အံုးမွာပါ။ ၿပီးမွ သူ႔ေငြေတြ အလဟသ ျဖစ္လို႔ ေဒါသထြက္ေနလို႔ ပံုကို ထိုင္ကို ၾကည့္ေနအံုးမွာ!

   သူမရဲ႕အေတြးေတြကို ျဖန္႔က်က္ေနတဲ့ မင္းသမီးကေတာ့  ထိုယြဲ႕ေဟာင္ဆိုင္ကို လာၿပီးထိုဘဲကင္ကို စားခ်င္တယ္လို႔ ေျပာတဲ့ပထမဆံုးသူက သူမပဲဆိုတာကိုေတာ့ ေမ့ေလ်ွာ႔ေနသည္။သို႔ေပမယ့္ ထိုဘဲကင္ကိုစားေနေသာ ခ်ဴ းလ်န္ရဲ႕အမူယာေၾကာင့္ သူမဘယ္ေလာက္ပဲ ဆက္ၿပီးေတာ့စားစား အရင္ကေလာက္ေတာ့ စားမေကာင္းေတာ့ေပ။

       သူတို႔၂ေယာက္လံုး ဘဲကင္ကို နည္းနည္းသာ ဆက္ၿပီး စားျဖစ္ၾကၿပီး အသီးဝိုင္ကမွေသာက္လို႔ေကာင္းေနေသး၍ ထိုဝိုင္ကိုပဲ မ်ားမ်ားေလးေသာက္လိုက္ၾကသည္။

   စားရင္းေသာက္ရင္း သူတို႔နွစ္ေယာက္လည္း လြတ္လြတ္လပ္လပ္နဲ႔ ေပ်ာ္ေပ်ာ္ပဲ စကားစျမည္ေျပာေနၾကၿပီး ; သူတို႔ေျပာသမ်ွ စကားတိုင္းကို ေဘးကပ္ရပ္အခန္းက တစ္ေယာက္ေယာက္က နားေထာင္ေနတာကိုေတာ့ သူတို႔ မသိၾကေပ။

တမ္ယန္ မထိန္းနိုင္ေတာ့ပဲ ပါးစပ္ကို လက္နဲ႔ကာလ္ုက္ၿပီး သူ႔ပါးနွစ္ဖက္ကလည္း ရယ္ထားလြန္း၍ အနီေရာင္ေတာင္ သမ္းလုနီးနီးျဖစ္ေနသည္။ အဆံုးမွာေတာ့ အသံတိတ္မရယ္နိုင္ေတာ့၍  အသံထြက္ၿပီးသာ ရယ္လိုက္ရေတာ့သည္။

   ေတာ္ဝင္မင္းသမီးေျပာတဲ့ အကိုေတာ္၄ဆိုတာက မင္းသားက်င္းကို ေျပာတာျဖစ္သည္။
သူ႔မ်က္နာက မေပ်ာ္မရႊင္ျဖစ္ေနၿပီး သူ႔ရဲ႕ ပံုမွန္အတိုင္းပဲ ေအးစက္စက္ မ်က္ဝန္းျပာျပာေတြက တမ္ယန္ကို စိုက္ၾကည့္ေနသည္။

ထိုသတိေပးခ်က္ေတြ ပါေနတဲ့အၾကည့္ေၾကာင့္ တမ္ယန္လည္း ရယ္ေနတာကို မနဲျပန္ၿပီး ထိန္းလိုက္ရသည္။ သူ႔မ်က္နာကို အတည္ေပါက္ပံု ျပန္ထားလိုက္ၿပီး ေျပာလိုက္သည္။
    " ဒီနိမ့္က်တဲ့ကြၽန္ေတာ္က မင္းသား၄ကို ေမးခ်င္တာရွိပါတယ္... ဒီဘဲကင္ရဲ႕ လ်ွိ႔ဝွက္နည္းအတြက္ မင္းသားက ဘယ္ေလာက္ေတာင္ ရင္းနွီးခဲ့ရပါလဲ ? "

  မင္းသားက်င္းရဲ႕ မ်က္နာက ပိုလို႔ေတာင္
မာေက်ာေနၿပီး ဓားသြားလို႔ မ်က္ဝန္းေတြနဲ႔ ထပ္ၾကည့္လိုက္ျပန္သည္။
     " တမ္ယန္ , မင္းလ္ုအရာရွိအဆင့္က ေငြေတြအမ်ားႀကီးရလို႔မ်ား ဒီလိုယြဲ႕ေဟာင္ဆိုင္ကို လာထိုင္နိုင္တာလား?"

   တမ္ယန္လည္း အရိပ္ျပအေကာင္ျမင္တဲ့အတြက္ ခ်က္္ခ်င္း ပါးစပ္ပိတ္ထားလိုက္ေတာ့သည္။ ေတာ္ဝင္မင္းသမီးလ္ုပဲ သူလည္း သူ႔အေရွ႕က ဘဲကင္က္ု အရမ္းႀကီး ႀကိဳက္တာလည္း မဟုတ္ေပ။

သူလည္း ျပန္ေျဖျဖန္းေျပာလိုက္ရသည္ ။
     " မင္းသမီးရဲ႕သူငယ္္ခ်င္းက ဘဲကင္က္ု ဘယ္လိုေကာင္းေကာင္းလုပ္တတ္သလဲဆိုတာကို ဒီနိမ့္က်တဲ့ကြၽန္ေတာ္က သိခ်င္ရံုပါ။
ဒီနိမ့္က်တဲ့ကြၽန္ေတာ္က နည္းနည္းေလာက္ျဖစ္ျဖစ္ ျမည္းစမ္းၾကည့္ခ်င္လို႔ပါ "

   မင္းသားက်င္းက ေနာက္တဖန္ ေအးစက္စက္မ်က္ဝန္းေတြနဲ႔ ၾကည့္လိုက္ၿပီး
   " မင္းက မင္းရဲ႕သတၲိကို စမ္းသပ္ၾ္ၾကည့္ ေနတာလား?"

   တမ္ယန္လည္း ကို႔ရို႔ကားယားနဲ႔ ေခ်ာင္းဆိုးမိသြားၿပီး သူတို႔ေျပာရမယ့္ စကားလမ္းေၾကာင္းဆီကိုသာ ျပန္ဦးတည္လိုက္သည္။
    "အရွင့္သား .. ေဟးစန္းလန္က လင္းက်ိဴ းကို ေရာက္ပါၿပီ ။ ဒီစာက သူပ္ု႔လိုက္တဲ့စာပါ "

  တမ္ယန္က မင္းသားက်င္းရဲ႕ ဘက္ေတာ္သားျဖစ္ၿပီး မင္းသားရဲ႕ အယံုၾကည္ရဆံုး အႀကံေပးလည္းျဖစ္သည္။

  မင္းသားက်င္းက တမ္ယန္ကမ္းေပးတဲ့ စာေတြကေန ေဟးခ်န္ပို႔ိုလိုက္တဲ့စာကိုပဲ ဖတ္လိုက္သည္။ တျခားစာႏွစ္ေစာင္ကေတာ့ က်င္းအန္အိမ္ေတာ္အတြက္ ျဖစ္သည္။

   " ေဟးခ်န္ဆီကို လူတစ္စုနဲ႔ ျမင္းေတြကို ပို႔ေပးလိုက္ ။ သူလိုအပ္တဲ့အခ်ိန္တိုင္း သံုးလို႔ရေအာင္ "

တမ္ယန္လည္း ေခါင္းၿငိမ့္လိုက္သည္။

  သူတိူ႔နွစ္ေယာက္လုပ္စရာ အလုပ္ေတြ ၿပီးခါနီးေတာ့ တဖက္အခန္းက မိန္းကေလးေတြလည္း ဒဲယ္ဖန္းလက္ဖက္ရည္ဆိုင္ကို သြားဖို႔ျပင္ေနတာကို မင္းသားက်င္း ၾကားလိုက္သည္။

  ေဟးခ်န္ရဲ႕စာထဲက 'ခ်ဴ းလ်န္ကို ေသခ်ာ ေစာင့္ေရွာက္ေပးပါ ' ဆိုတဲ့အတြက္ေၾကာင့္ မင္းသားက်င္းနဲ႔ တမ္ယန္လည္း တိတ္တိတ္ေလးပဲ ဒဲယ္ဖန္းလက္ဖက္ရည္ဆိုင္ကို လိုက္သြားၾကသည္။

  ထို ' ေသခ်ာေစာင့္ေရွာက္ေပးပါ ' ဆိုတဲ့စာက္ုေရးေနတုန္းက ေဟးခ်န္က ေဒါသထြက္စြာနဲ႔ အံကိုႀကိတ္ထားတာျဖစ္သည္။ သူကိုင္ထားတဲ့မင္တံက တံုရီေနၿပီး သူ႔ရဲ႕ေဒါသေၾကာင့္ မ်က္နာေတာင္ ျဖဴ ေဖ်ာ့ေနတာျဖစ္သည္။ မင္းသားက်င္းက ေဟးခ်န္ရဲ႕စိတ္ကို အာရံုခံနိုင္မလား မခံနိုင္ဘူးလားဆိုတာကိုေတာ့ ဘယ္သူမွမသိနိုင္ေပ။

# 1st jan မွ ျပန္ဆံုၾကမယ္ေနာ္ 🥳🥳
  အဲ့က်မွ ရက္မွန္မွန္နဲ႔ ျပန္တင္ျဖစ္ပါေတာ့မယ္🙆

Pokračovat ve čtení

Mohlo by se ti líbit

5.9M 384K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
9.9K 672 49
Just like how two shores of sea can never meet, they can never meet too, might be physically but never mentally. The other shore is too far to even t...
146K 4K 190
The Gluttonous house's auction feast had an exceptionally good furnace in constitution of a little girl with sky-high price, everyone in looting. Su...
5.8M 457K 95
Sitting on the bed, I was waiting for my husband to arrive. It was our wedding Night. I rolled my toes as the visuals of him slowly touching my cheek...