ZAWGYI
Chapter 50: Don't Bother Shaving
ဟေးချန် ဖတ်နေရင်းနဲ့ ထိုစာမှတဆင့် အစေခံကျိုးရဲ့ ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်မှုတွေကို ခံစားနေရသည်။
အစေခံကျိုး ရေးထားတာက
ဒီအစေခံကျိုးကတော့လား !
ဟေးချန် သူ့မျက်စိအောက်က အချဉ်ဖောက်ထားတဲ့ နို့ကိုကြည့်ပြီး မျို ချဖို့တောင် ခက်ခဲလာသလို ရုတ်တရက်ကြီး ခံစားလိုက်ရသည်။
သူမက အဲ့လိုလွယ်လွယ်နဲ့ သိမ်းသွင်းဆွဲဆောင်ခံရမယ့် လူမျိုးမဟုတ်ဘူးလေ !
ဟေးချန် သူ့စိတ်ထဲက အံ့သြထိန့်လန့်မှုကို ဖိနှိမ်လိုက်ပြီး အမြန်အစီစဉ် တခုဆွဲလိုက်သည်။
မွေးနေ့ ? ဆုပေးတယ် ?
အိမ်မက်သာ မက်နေလိုက်!
အာ ?
သူ့ရဲ့ ကျစ်လစ်တောင့်တင်းတဲ့ အသွင်ပြင်နဲ့ အနည်းငယ် အေးစက်စက်နိုင်တဲ့ အရောင်ဝါတွေကို ပေါင်းလိုက်လျှင် မိန်းမပျို လေးတွေရဲ့
UNICODE
ဟေးချန် ဖတ်နေရင်းနဲ့ ထိုစာမှတဆင့် အစေခံကျိူ းရဲ့ ပျော်ရွှင်မှုနဲ့ ကျေ းဇူးတင်မှုတွေကို ခံစားနေရသည်။
အစေခံကျိူ း ရေးထားတာက
[ဒီအစေခံအိုက တတိယသခင်မလေးရဲ့ ချက်ပြုတ်နိုင်စွမ်းကို အစက မသိခဲ့ပါဘူး ။ Songtaoအဆောင်မှာလည်း တနေ့ တမျိူ းကို မရိုးနိုင်အောင်ကို စားကြရပါတယ်။ သခင်မလေးက ကျွန်မတို့လို နိမ့်ကျတဲ့အစေခံတွေ အပေါ်လည်း ဂရုဏာထားဆက်ဆံပေးပါတယ် ။ ဒီအစေခံအိုကလည်း သခင်မလေးရဲ့ အရသာရှိလှတဲ့ မုန့်မျိူ းစုံ ဟင်းမျိူ းပုံကို မြည်းစမ်းကြည့်ဖို့ အခွင့်ရေးရခဲ့ပါတယ် ။ဒီအစေခံအိုရဲ့အသက်နဲ့ သိပ်မကောင်းတော့တဲ့ သွားတွေနဲ့ဆို သခင်မလေး လုပ်ကျွေးတဲ့ ကြက်သားခေါက်ဆွဲက အရမ်းအဆင်ပြေပြီး စားလို့လည်း အရမ်းကောင်းပါတယ် ။မဟုတ်သေးဘူး×2 , ငွေပန်းလိပ်ပုံမုန့်တွေ....poria မှိုအစာသွတ်ပေါင်မုန့်တွေကလည်း စားလို့အဆင်ပြေပါတယ် ။နှစ်တွေအကြာကြီးနေလာခဲ့ပြီးမှ ဒီအစေခံအိုအတွက် အဲ့လိုစားကောင်းတဲ့အစားအစာတွေက ပထမဆုံးစားဖူးခြင်းပါပဲ ! ဒီအစေခံအိုက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ; ဒီအစေခံအို
အမျှော်လင့်ဆုံးအချိန်က အစားစာချိန်ပါပဲ...]
{ဝမ်ကျင်းနဲ့ တဖွဲ့ထဲ ဆိုတော့လည်း အဲ့လောက်တော့ ရှိမှာပေါ့ 😂 ချူ းလျန်အကြောင်းမပါဘူး သူ့အကြောင်းချည်းပဲ }
အဆုံးနားမှာလည်း စာပိုဒ်ကြီး တစ်ပိုဒ်ရေးထားသေးသည်။ ပထမစာပိုဒ်မှာက အစေခံကျိူ းက ချူ းလျန်ရဲ့ လက်စွမ်းအကြောင်းချည်းပဲ ရေးတာများသွားလို့ ထင်ပါရဲ့ ။ သူမ ပြန်စဉ်း့ပြီးမှ ခေါင်းစဉ်ပြောင်းပြီး ပြန်ရေးတာ ဖြစ်နိုင်သည်။
" တတိယသခင်မလေးက အစားအသောက်ကို အရမ်းနှစ်ချိူက်သူ တစ်ဦးပါ ။ တတိယသခင်လေး မြောက်ဘက်နယ်စပ်မှာ ရှိနေတဲ့အချိန် သခင်မလေးရဲ့ ကျန်းမာရေးကို စိုးရိမ်မနေပါနဲ့ရှင် ။ သခင်လေး .. ကျေးဇူးပြု ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး အစားလည်း များများစားပါနော် "
ဟေးချန်လည်း သွေးအန်မိတော့မလိုတောင် ခံစားလိုက်ရသည် ; သူ့အစီစဉ်တွေက အလဟာသတွေ ဖြစ်နေတာလား ။
ဒီအစေခံကျိူ းကတော့လား !
အဲ့လိုစားကောင်းလောက်မယ့် အရာတွေကို အရင်ရေးထားပြီးမှ သူမက ငါ့ကိုလည်း များများစားပါနော် လို့ တကယ်ကြီး ပြောနိုင်သေးတယ်! ငါက ဒီ$မြောက်ဘက်နယ်စပ်ကို ရောက်နေတာကို သူမက သတိမရဖြစ်နေတာလား? ဒီမှာ ဘာမှစားစရာ မရှိဘူးလေ!
ဟေးချန် သူ့မျက်စိအောက်က အချဉ်ဖောက်ထားတဲ့ နို့ကိုကြည့်ပြီး မျိူ ချဖို့တောင် ခက်ခဲလာသလို ရုတ်တရက်ကြီး ခံစားလိုက်ရသည်။
အဲ့ဒီကောက်ကျစ်တဲ့မိန်းမက တကယ်ကို အဆိပ်ပြင်းတာပဲ!
သူမက ငါ့လူတွေကို အစားအသောက်နဲ့ သိမ်းသွင်းထားတယ်ပေါ့ !
ဟေးချန်ရဲ့ ချောမောတဲ့မျက်နာက ရှုံ့မဲ့နေသည်။ နောက်ကျရင် အစေခံကျိူ းဆီစာပို့ပြီး အဲ့ဒီကောက်ကျစ်တဲ့မိန်းမရဲ့အစားအစာတွေကို စားပြီးရင်လည်း သူ့အမိန့်ကို မမေ့စေဖို့ ပြောရမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
သူမက အဲ့လိုလွယ်လွယ်နဲ့ သိမ်းသွင်းဆွဲဆောင်ခံရမယ့် လူမျိူ းမဟုတ်ဘူးလေ !
နောက်ဆုံးတော့ Dingyuanအိမ်တော်က အကြောင်းကို ဆက်ဖတ်လိုက်သည်။ဟေးချန်ရဲ့ မျက်လုံးတွေက အရောင်မှိန်သွားပြီး တွေးတောနေမိသွားသည်။
စာကို ကိုင်ထားတဲ့ သူ့လက်ကလည်း ပိုတင်းကြပ်သွားသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? Dingyuanအိမ်တော်က အဖြစ်အပျက်တွေက လုံးဝကို ပြောင်းလဲသွားတာပဲ....
အဲ့ဒီမကောင်းတဲ့မိန်းမက ဒီကိစ္စကြောင့်နဲ့ပဲ တော်ဝင်မင်းသမီး Duanjiaနဲ့ အဆက်သွယ် ရသွားတယ် ?
ဟေးချန် သူ့စိတ်ထဲက အံ့ဩထိန့်လန့်မှုကို ဖိနှိမ်လိုက်ပြီး အမြန်အစီစဉ် တခုဆွဲလိုက်သည်။
နောက်ဆုံးစာပိုဒ်မှာတော့ ချူ းလျန်က သူမရဲ့ ငွေတွေကို သိပ်ပြီး မစီမံမခန့်ခွဲတတ်ကြောင်းကို အပြစ်တင်သည့်ပုံဖြင့် ရေးထားသည်။ အစေခံကျိူ းပြောပုံအရဆို ချူ းလျန်က သူမရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူမရဲ့အစေခံတွေကို ဆုချီးမြင့်တာဆိုပြီး မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ပေးတာဖြစ်သည်။
မွေးနေ့ ? ဆုပေးတယ် ?
ချူ းလျန်ရဲ့မွေးနေ့ မွေးရက် အတိအကျကို ဟေးချန်လည်း သိသည်။ သို့ပေမယ့် သူအရမ်းမုန်းနေတဲ့မိန်းမတစ်ယောက်ရဲ့ မွေးနေ့ကို ဂုဏ်ပြုပေးဖို့ လိုအပ်မနေပေ။ကြည့်ရတာ သူမက သူမရှိပဲနဲ့တောင် သူမဘာသာ ပျော်ပျော်ကြီး ကျင်းပလိုက်ပြီး အစေခံတွေကိုတောင် ဆုချီးမြင့်လိုက်သေးတယ်ပေါ့လေ ။ အစေခံကျိူ းက သူမလည်းပဲ ရွှေနားကပ်တစုံနဲ့ ရွှေလက်စွပ်တစ်ကွင်းရခဲ့တယ်လို့ ရေးထားသေးသည်။
ဟေးချန်လည်း အေးစက်စက်နဲ့သာ နှာခေါင်းရှုံ့လိုက်သည်။
သူ့ရင်ထဲမှာ အထင်သေးခြင်းတွေက ပြည့်နှက်သွားသည်။ သူမက အဲ့လို လက်ဆောင်သေးသေးလေးတွေနဲ့ သူ့ရဲ့ သစ္စာခံအစေခံတွေကို လာဒ်ပေးသိမ်းသွင်းလို့ ရမယ်များ ထင်နေသေးတာလား?
အိမ်မက်သာ မက်နေလိုက်!
ဟေးချန်လည်း သူဘာကြောင့် ဒီလောက် စိတ်တိုနေရသလဲ မသိတော့ပေ။ အဲ့အမုန်းတွေက သူ့အရိုးထဲထိတောင် စိမ့်ဝင်နေပြီလား?
သူအခုကစပြီး အဲ့ဒီမိန်းမရဲ့ ညဏ်များတဲ့ပရိယာယ်တွေကို အလေ့ကျင့်ဖြစ်အောင် လုပ်ထားမှရတော့မယ်...
ဒီဘဝမှာတော့ အရာအားလုံးကို ကြိုတင်သိမြင်နိုင်တဲ့ သန်မာတဲ့ ခြင်္သေ့တစ်ကောင်တော့ သူဖြစ်ချင်သည်။ဒါပေမယ့် တကယ့်တကယ်ကျတော့လည်း သူ့ရဲ့စိတ်ကို သူမထိန်းနိုင်ဖြစ်နေသေးသည် ; တခါပြီးတခါ ဒေါသ ဒေါသ သာထွက်နေပြီး အဲ့ဒါတွေအကုန်လုံးကလည်း အဲ့ဒီမိန်းမကြောင့်ပဲ ဖြစ်သည်။
သူ့ကို ထိန်းချူပ်နိုင်စွမ်းတွေက လုံးဝကို ပျောက်ကွယ်နေပြီး သူ့ကိုယ်သူ သတိထားမိလိုက်ချိန်မှာတော့ သူလုပ်နေသမျှအားလုံးကလည်း သူ့အရင်ဘဝနဲ့ ခြားနားနေတာ ဖြစ်သည်။
အရင်ဘဝက ထိုသနားစရာချူ းလျန်က ကျင်းအန်အိမ်တော်ကို လာတော့ မဂ်လာပစ္စည်းအနည်းငယ်သာ ပါတဲ့အတွက် သူကလည်း သိသိချင်းကိုပဲ ချူ းလျန်စိတ်မညစ်နေရအောင် သူ့ဘာသာ လျှိ့ဝှက်ပြီး ထည့်ပေးခဲ့သည်။ ဒီဘဝမှာတော့ သူက သူမစိတ်ဒုက္ခရောက်နေရတာကိုပဲ မြင်ချင်တာဖြစ်သည်။
သူမက အစေခံတွေက သူမကို အထင်ကြီးလာအောင် အဲ့လိုပဲ ဆုတွေပေးလိုက်တယ်လား?
ဘေးမှာ ရှိနေတဲ့ လဲ့ရွမ်ကလည်း သူ့သခင်လေးရဲ့ အမူယာတွေကို တချိန်လုံးစောင့်ကြည့်နေတာဖြစ်သည်။ သူ့ရဲ့ သိချင်စိတ်တွေကလည်း အရမ်းကိုပဲ ပြင်းပြနေပြီ ဖြစ်သည်။ သူ့သခင်လေးက ဘာတွေဖြစ်နေတာလဲဆိုတာရယ် ဒီစာလေးတစ်စောင်ကို ဖတ်ရုံနဲ့ ဘာလို့ သူ့သခင်လေးရဲ့မျက်နာက ဖြူ လိုက်မဲလိုက်နဲ့ ဘာလို့အရောင်မျိူ းစုံပြောင်းနေတာလဲ ဆိုတာကို သူတကယ်ကို သိချင်နေပြီ ဖြစ်သည်။ ပထမက ဒေါသထွက်နေတာကနေ နောက်တော့ ပျင်းပြစွာနဲ့လက်စားချေချင်တဲ့ပုံဖြစ်နေသည်။နောက်တော့ အေးစက်စက် လှောင်ပြုံ း ပြုံးနေတဲ့အတွက် လဲ့ရွမ်လည်း မသိလိုက်စွာပဲ ကိုယ့်ကိုကို ကျူံ့ မိသွားသည်။
ဟေးချန် ဘာလုပ်တော့မလဲဆိုတာကို သိနေတဲ့အတိုင်း ဘာဘာရီယန်လူကြီးက စာရွှက်နဲ့မင်တံကို ထယူပေးသည်။ ဟေးချန် သူ့အနားကို လူ၂ယောက်ကို တချက်ကြည့်လိုက်တော့ သူတို့တွေကလည်း အလိုက်သိစွာနဲ့ ရှောင်ပေးကြသည်။
ဟေးချန် ရေးလို့ပြီးသွားတော့ စာအိတ်ထဲ သေချာ ထည့်လိုက်ပြီး ဘာဘာရီယန်လူကြီးကို ပေးလိုက်သည်။ ထိုလူကြီးကလည်း ခေါင်ငြိမ့်လျက် ထိုစာကို လူအကျင်္ီထဲ သေချာထည့်လိုက်သည်။
ဟေးချန်နဲ့ လဲ့ရွမ်လည်း တဲထဲမှာပဲ အနားယူနေလိုက်သည်။ ခဏကြာတော့ အစောကထွက်သွားတဲ့ မိန်းမကြီးနဲ့ မြင်းတွေကို ယူသွားတဲ့ကောင်လေးက စည်ပိုင်းတစ်ခုကို သယ်ပြီး ဝင်လာသည်။ထို့နောက် အထဲကိုရေပူတွေဖြည့်နေ၍ လဲ့ရွမ်လည်း သူ့သခင်လေးရေချိူ းဖို့အတွက်ဆိုတာ သဘောပေါက်သွားသည်။
သူတို့လုပ်ကိုင်ပြီးသွားကြတော့ တဲထဲမှာ လဲ့ရွမ်သာ သူ့သခင်လေးကို ကူဖို့ ကျန်နေခဲ့သည်။
ဟေးချန် ရေစည်ထဲဝင်လိုက်ပြီး အခုမှ အေးချမ်းသွားသလို သက်ပြင်းချလိုက်သည်။ သူ့ရဲ့ လက်ရှည်ရှည်၂ချောင်းက စည်ပိုင်းဘောင်ပေါ်တင်ထားပြီး သူ့ရဲ့ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ကို ပြသထားသည်။လဲ့ရွမ်လည်း သူ့သခင်လေးရဲ့ကျောဘက်ကို အဝတ်နဲ့တိုက်ပေးပြီးတော့ မုတ်ဆိတ်မွှေးအနည်းငယ်ထွက်နေတာကို တွေ့၍ သူနဲ့အမြဲဆောင်ထားနေကြ သင်တုန်းဓားကို ထုတ်ပြီး ကူရိတ်ပေးဖို့ လက်လှမ်းလိုက်သည်။
ဟေးချန်က သူ့ရဲ့လှုပ်ရှားမှုကို သတိထားမိပြီး ဖယ်ထုတ်လိုက်သည်။
"ရိတ်စရာမလိုဘူး ... အဲ့တိုင်းပဲထားလိုက်"
အာ ?
လဲ့ရွမ်လည်း အနည်းငယ် ကြောင်အမ်းသွားသည်။ ဝူအင်ပါယာရဲ့ အလှသတ်မှတ်ချက်က ဝေနဲ့ကျင်း အင်ပါယာတို့လို အတူတူပဲဖြစ်သည်။အသားအရေကောင်းမွန်(ဖြူ ) တဲ့ ယောက်ျားတွေကို နှစ်သက်တဲ့သူ များသည်။
ဆောင်ကြာမြိုင်က ယောက်ျားပြည့်တန်ဆာတွေဆိုရင် သူတို့အသားရေ ပိုပြီး ဖြူ လာအောင် ပေါင်ဒါတွေတောင် လိမ်းကြသေးသည်။
ဆောင်ကြာမြိုင်ပဲ မဟုတ် အခြားသခင်လေးတွေဆိုလည်း သူတို့သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ရှိရင် ပေါင်ဒါကိုလိမ်းကြသေးသည်။ တချိူ့ဆို သူ့တို့ဆံပင်မှာ ပန်းတွေတောင် ဆင်သွားကြသေးပြန်သည်။မုတ်ဆိတ်မွှေးကတော့ ဘယ်သခင်လေးမှ မထားပေ ။
အဲ့ဒါကလည်း မိန်းမတွေထက်တောင် ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ရှောင်ပိုကျင်းကြောင့်ပင်။
ဟေးချန်ကတော့ ထိုလူတွေလို ပေါင်ဒါတွေ ပန်းတွေ ဘာမှမလုပ်ပေမယ့် သန့်သ့်သန့်ပြန့်ပြန့်တော့ နေတတ်သည်။ သူက အရမ်းကြီး ဆွဲဆောင်မှုရှိနေတာတော့ မဟုတ်ပေမယ့် မွေးကတည်းက ခန့်ချော ချောတာ ဖြစ်သည်။
သူ့ရဲ့ ကျစ်လစ်တောင့်တင်းတဲ့ အသွင်ပြင်နဲ့ အနည်းငယ် အေးစက်စက်နိုင်တဲ့ အရောင်ဝါတွေကို ပေါင်းလိုက်လျှင် မိန်းမပျိူ လေးတွေရဲ့
နှလုံးသားကို တဒုန်းဒုန်းနဲ့ခုန်အောင် လုပ်နိုင်နေပြီ ဖြစ်သည်။
သို့ပေမယ့် ထိုချောမောတဲ့မျက်နာရဲ့ တဝက်လောက်ကို မုတ်ဆိတ်မွှေးတွေက ကွယ်နေတဲ့အတွက် အခုကတော့ လုံးဝကို ကြည့်ကောင်းမနေပေ။ ဒီနေ့ဟေးချန်ရဲ့ စိတ်အခြေနေကြောင့် လဲ့ရွမ်လည်း အတွန့်တက်ပြီး ဆက်ပြောမနေတော့ပဲ ဓားကိုသာ သိမ်းလိုက်တော့သည်။