"ဟား ဟား ဟား~~~"

ကျန်းချန်ရဲ့ စူအောင့်အောင့်စကားကြောင့် အားလုံးရဲ့ ရယ်သံတွေက ကမ်းခြေတစ်လျှောက် ပျံ့လွှင့်သွားလေသည်။

"ဟင်း ကျန်းချန်ရယ် ကျန်းချန် မင်းကို ငါနားလည်ပါတယ်ကွာ ဒါတွေမင်းဘယ်လို နားလည်မှာလည်းကွာ အပျိုကြီးလို့ ပြောရင်လည်း မင်းက ကြိုက်တာ မဟုတ်ဘူး"

"ဝါး ဟား ဟား ဟား~~~"

Xiao Zhan ကျန်းချန်စကားကြောင့် Yiboကို ခွံ့လက်စ အသားတုံးကို Yibo ပါးစပ်ထဲ ထည့်ပြီးတာနဲ့ သက်ပြင်းလေးချပြီး စိတ်မကောင်းသလို ကျန်းချန်ကို ကြည့်ရင်း ထိုသို့ဆိုလာတော့ အားလုံးရဲ့ သဘောတကျ အော် ရယ်သံတွေက ထပ်မံ ပြန့်လွှင့်လာပြန်သည်။

ကျန်းချန်ကတော့ တရှူးရှူးတရှဲရှဲဖြစ်လာပြီး ~~~

"Xiao Zhan မင်း! မင်း! ~~~"

ကျန်းချန် ဒေါသတစ်ကြီးနဲ့ Xiao Zhanကို ထရိုက်မယ်လုပ်တော့ Xiao Zhanလည်း တဟားဟား အော်ရယ်ပြီး ထ​ပြေးလိုက်လေသည်။

Xiao Zhanနောက်ကို ကန်ကျောက်လိုက် လက်သီးနဲ့ ထိုးလိုက်လုပ်နေတဲ့ ကျန်းချန်က တကယ့်တကယ်တော့လည်း Xiao Zhanကို မမှီခဲ့ပေ။

အားလုံးကလည်း ရယ်ရယ်မောမောနဲ့ သူတို့ကို လိုက်ကြည့်ရင်း စားသောက်နေကြလေသည်။

"ပေသွားလို့"

စားသောက်ရင်း ရယ်မောနေကြလို့ နှုတ်ခမ်းလေးပေနေတာကို Hae Yeonကတော့ သတိမထားမိပေမဲ့ သူမမျက်နှာ တစ်ကမ္ဘာမြင်နေတဲ့ Seoun Younက သူမ နှုတ်ခမ်းလေးကို တစ်ရှူးလေးနဲ့ ဖွဖွလေးနဲ့ သုတ်ပေးမိတော့ Hae Yeonရဲ့ မျက်ဝန်း ဝိုင်းဝိုင်းလေးက Seoun Younကို မော့ကြည့်လာလေသည်။

Seoun Younက သူမကို အသည်းယားစွာပဲ သူမ နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွ ဆွဲညစ်ပြီး ထိုသို့ဆိုလိုက်တော့ အားလုံးရဲ့ အာရုံက သူတို့ဆီ ရောက်ရှိသွားပြန်သည်။

ပတ်ဝန်းကျင်ကို သတိမရအားစွာပဲ နှစ်ယောက်သားကတော့ အကြည္စိုက်နေလေသည်။

ဟုတ်ပါတယ်လေ ခုမှ ချစ်စခင်စ အကြင်လင်မယားတွေဆိုတော့လည်း ရှူ့မဝတွေ ဖြစ်နေကြတာပေါ့။

Triangle {Completed}Where stories live. Discover now