Part-31

4.5K 389 60
                                    

Unicode

"မြေးလေး အဖွားနဲ့ ပြန်လိုက်နေပါနော်"

"ကျွန်တော်မလိုက်ပါရစေနဲ့ အဖွား အမေက Lanမျိုးရိုးနဲ့ မပတ်သက်ဖို့ ကျွန်တော့်ကို မှာသွားတယ်"

မြေးဖြစ်သူရဲ့ စကားကြောင့် လန်သခင်မကြီး ငိုမိသွားလေသည်။ သူမရဲ့ သားမက်နဲ့ သမီးဖြစ်သူကို ခွဲမိတာကို တကယ် နောင်တရနေပြီဖြစ်သည်။

Lan သခင်မကြီး Yiboရဲ့ လက်ကလေးကိုလှမ်းကိုင်ပြီး~~~

"အဖွားနဲ့ ပြန်လိုက်ပါ မြေးလေးရယ်။ အဖွားတို့မှာ မြေးလိုချင်တာမှန်တမှျှ ဖြည့်ဆီးဖို့အသင့်ပါ တစ်ခုပါပဲ တစ်ခုပဲ မြေးလေးအဖွားနဲ့ ပြန်နေပါနော်"

အဖွားက အရင်လိုပဲ ငွေရှိရင်အရာရာဖြစ်တယ် ဆိုတဲ့စိတ္ကို နှလုံးသားမှာ အသေသွင်းထားပုံရတယ္။

"ကျွန်တော် မလိုက်ပါရစေနဲ့အဖွား ကျွန်တော် အခုချစ်သူရှိနေပြီ ကျွန်တော် တစ်ယောက်တည်းလည်း ဖြစ်ပါတယ်"

"မြေးရယ်"

Lan သခင်မကြီး ပြောမရတော့သည့်အဆုံး
Yiboကို သူမလိပ်စာနဲ့ ဖုန်းနံပါတ်ကို အတင်းပေးထားပြီး ပြန်လိုက်ရလေသည်။

ကျွန်တော္ မထင်ခဲ့ဘူး ဒီဖုန်းနံပါတ်ကို အသုံးပြုရမယ်လို့။ မားကျွန်တော့္ကို ခွင့်လွှတ်ပါ။ ဒီရွှေဘုံစံသူဌေးသားတွေနဲ့ လွတ်နိုင်ဖို့ ဒီလမ်းကလွဲရင် သားမစဥ္းစားမိတော့လို့ပါ။

~~~~~

"အခု နင်ကျေနပ်ပြီလား Xiao Zhan အခု အခု Yiboကြားသွားပြီ အခုဘယ်လိုလုပ်မှာလဲ! ဟင်! ဘယ်လိုလုပ်တော့မှာလဲ!"

Hae Yeon ထုရိုက်မှုကို ကျွန်တော်မရှောင်မိသလို ပြန်လည်း မချေပမိ။ ကြားသွားပြီတဲ့။ မရည်ရွယ်ခဲ့ပါဘူး။ အရင်က အဲ့လိုစိတ်နဲ့ လုပ်ခဲ့ပေမဲ့ အခုချိန်မှာ အရမ်းချစ်နေတာ ကျွန်တော် ကိုယ်တိုင်ပဲ သိတယ်။ ဒီလိုအခိုက်အတန့် ရောက်လာမှာ စိုးရိမ်လို့ ကျွန်တော် ဝန်ခံတော့မဲ့ အချိန်မှလေ အရာရာက ဒီလိုဖြစ်လာတယ်။

သူကိုရိုက်နေပေမဲ့ ဘာတုံ့ပြန်မှုမှ မပေးလာတဲ့ Xiao Zhanကို Hae Yeon စိတ်တိုသထက် တိုလာတာကြောင့် ဆောင့်တွန်းပစ်လိုက်ရလေသည်။

Triangle {Completed}Where stories live. Discover now