Part-24

4K 354 57
                                    

Unicode

Yibo Xiao Zhanအိမ်ကိုလဲမသိတာကြောင့်သူ့အိမ်ကိုသာခေါ်လာခဲ့လိုက်သည်

အခန်းထဲရောက်ရောက်ချင်းမှာပဲ
ပင်ပန်းလွန်းတာကြောင့် Xiao Zhan
ခန္ဓာကိုယ်ကို လှဲချပေးလိုက်တာနဲ့
Yibo ခန္ဓာကပါ ယိုင်ကျသွား လေသည်။

တစ်ဆစ်ဆစ်နဲ့ ကိုက်နေတဲ့ လက်ကောက်ဝတ်ကြောင့် မျက်ရည်တို့
ရစ်ဝိုင်းရပြန်သည်။

ရေပတ်တိုက်တာကစ ဖိနပ်ချွတ်တာအဆုံး
အကုန်လုပ်ပေးပြီးမှ Yibo Xiao Zhanကို
နေရာတကျ အိပ်စေပြီး စောင်ကို ရင်ဘတ်ထိ ခြုံပေးရင်း Xiao Zhanနဖူးပေါ်က
ဆံသားအချို့ကို တပ်တင်ပြီး Xiao Zhanမျက်နှာကို အချိန်တစ်ခုထိ ထိုင်ကြည့်နေလိုက်လေသည်။

"ကျွန်တော်ဘယ်လောက်တောင် ချစ်လိုက်ရတာလဲဆိုတာ ကိုကိုအသိဆုံး Haeကိုပဲ ချစ်တယ်လို့ ဘယ်လိုထင်ရက်ရတာလဲ"

Yibo ရဲ့ မျက်ရည်ကြည်ကြည်လေးတို့ကတော့ ဘာအတွက်ကျသွားတယ်မှန်း သူ
မသိတော့။

နီရဲနေတဲ့ လက်ကောက်ဝတ်လေးကို လျစ်လျူရှူ့လို့ မျက်ရည်ကျရင်းသာ ကုတင်အောက်ခြေမှာ ထိုင်ချလိုက်မိလေသည်။

ချစ်မိသူက အရှုံးတဲ့။ ကျွန်တော်က ဘာကို ရှုံးနေလို့ ရင်ထဲအသည်းထဲ နာကျင်နေရတာလဲ။

ငိုရှိုက်သံတို့ ဆိတ်ငြိမ်သွားချိန်မှာတော့ Xiao Zhanရဲ့ မျက်ဝန်းတို့က တဖြေးဖြေးနဲ့ ဖွင့်လာလေသည်။

သူအခန်းကိုဝေ့ဝဲကြည့်တော့ အောက်ကြမ်းပြင်မှာထိုင်ပြီး  သူလှဲအိပ်နေတဲ့ ကုတင်မှာ လက်လေးပေါ် ခေါင်းစောင်းတင်လို့ အိပ်ပျော်နေတဲ့ Yiboကို Xiao Zhanတွေ့ရလေသည်။

ဇက်တွေ ညောင်းကုန်တော့မှာပဲ။ တောင်းပန်ပါတယ် Yibo မင်းကို ကိုယ်အသုံးချခဲ့မိလို့။ မင်းသူ့ကို ငြင်းရုံလောက်ပဲ ကိုယ်သုံးချင်တာပါ။ ဒါပေမဲ့ သူမင်းကို အရမ်းချစ်ပြနေတော့ သူမျက်ရည်ကျဖို့ မင်းနာကျင်ပေးမှ ရမှာမို့ပါ"

အင​ြိုးတဲ့ ဘာမှမကောင်းပါပဲနဲ့
လက်စွဲတော်အဖြစ် သုံးကြတယ်။

တကယ်တော့ တစ်ချို့အရာတွေက ခွင့်လွှတ်နိုင်မှ ပျော်ရွင်ရာ ရှာတွေ့နိုင်မှာ။

Triangle {Completed}Où les histoires vivent. Découvrez maintenant