Part-30

4.7K 376 85
                                    

Unicode

"နင်တကယ်ရူးနေတာပဲ Xiao Zhan
သူကို့မှလေ နင်ဘယ်လိုနှလုံးသားနဲ့ လုပ်ရက်ရတာလဲ!"

Hae Yeon စကားကြောင့် Xiao Zhan ဟက်ဟက်ပက်ပက် တစ်ချက်ရယ်ပြီး

"ဟဟ ငါလုပ်နိုင်တာပေါ့ ငါ့မှာ ခံစားချက်မှ မရှိတာ အဲ့ဒီတေါ့ မင်းက ဘာလုပ်ချင်လဲ?"

"နင်! ဘာလို့ သူ့အပေါ် ဒီလေါက်လုပ်ရက်နေရတာလဲ! ငါ့ကိုမုန်းရင် ငါ့အပေါ်ပဲ ပြန်လုပ်လေ Yiboက ဘာမှားနေလို့လဲ? သူ့မှာ သူ့မှာတော့~~~"

"ငါဂရုမစိုက်ဘူး! သူနာကျင်မှ မင်းငိုမယ်ဆို ငါဘာမှ ဂရုမစိုက်ဘူး~~~အားလုံးက အတူတူပဲ မင်းလိုပဲ အားလုံးက!"

Xiao Zhanစကားက ကျယ်သထက် ကျယ်လာပြီ ဖြစ်တာကြောင့် မတော်လို့ Yibo နိုးသွားရင် ဆိုတဲ့ စိတ်ကြောင့် Seoun Younအထဲ အမြန်ဝင်လာပြီး~~~

"မင်းတို့နှစ်ယောက် အပြင်ထွက်ပြီး ရန်ဖြစ်လို့မရဘူးလား? တော်ကြာ Yiboကြားသွားမှာ မင်းတို့မစိုးရိမ်~~~ဟင် Yibo ညီလေး~~~"

Hae နဲ့ Xiao Zhanက ရန်ဖြစ်ဖို့သာ အားသန်နေတာကြောင့် ကုတင်ပေါ်မှာ ရှိနေတဲ့ Yiboကို သတိမထားမိ။ Seoun Younအခန်းထဲရောက်တော့ ထိုနှစ်ယောက်ကို တားရင်း ကုတင်ပေါ်သို့ မျက်လုံးကစားမိတော့ Xiao Zhanရဲ့ နောက်ကျောကို  ငေးရင်း မျက်ရည်လေးတွေ အတွင်တွင်ကျပြီး အသံတိတ် ငိုနေတဲ့ Yiboကို တွေ့ရလေသည်။

နည်းတူ Hae နဲ့ Xiao Zhanလည်း Seoun Younစကားကြောင့် တုန်လှုပ်သွားဟန်
ကုတင်ဘက်ကို နစ်ယောက်သား လှည့်ကြည့်တော့ သူတို့ကို ဗလာကျင်းမျက်ဝန်းနဲ့ ကြည့်နေတဲ့ Yiboကို တွေ့ရလေသည်။

မဟုတ်သေးဘူး။ ကြားသွားပြီလား။ မဖြစ်ရပါဘူး။

"ခ ခလေး နိုးပြီလား? ခေါင်း ခေါင်းမူးသေးလား"

သူ့လက်ကို နုနုယွယွ လှမ်းကိုင္လာတဲ့ Xiao Zhanလက်ကို Yibo အသာရုန်းထွက်သွားလေသည်။

"ခလေး"

"ထွက်သွား"

ထွက်သွားတဲ့ အေးစက်စက်ခလေးအသံက သူစိမ်းဆန်လိုက်တာ။

"ခလေး ခလေးထင်သလိုမဟုတ်~~~"

"ထွက်သွားလို့!!"

Triangle {Completed}Where stories live. Discover now