Part-8

5.6K 498 29
                                    

Uni

Yiboတစ်ယောက် စာအုပ်ကို နှမြောပေမဲ့ ပြန်မရနိုင်တော့တဲ့အဆုံး အိမ်ကိုသာ ပြန်လာခဲ့လေသည်

သူတစ်ယောက်တည်း အေးအေးလူလူ လမ်းလျှောက်နေတုန်း နောက်က လူလိုက်လာတယ် ခံစားရတာကြောင့် ခြေလှမ်းတွေကို အရှိန်တင်မိလေသည်

"ကျစ် ဘယ်ရောက်သွားတာလဲ"

Xiao Zhan Yibo နောက်လိုက်ရင်း Yibo ပျောက်သွားတာကြောင့် ရပ်ပြီး ညီးညူနေတုန်း

"ရပ်!"

တံမြက်စည်းတစ်ခုကိုင်ပြီး ဘယ်ဂျောင်ကနေ ထွက်လာမှန်းမသိတဲ့ Yiboက သူ့ရှေ့မှာမတ်တပ္ရပ်လို့

"အမ္ Xiao Zhan"

Yiboအစကတော့ လူဆိုးလို့ထင်မိတာကြောင့် ရိုက်မယ်လုပ်နေတာ ထိုလူက Xiao Zhanလို့ သိရတာနဲ့ တံမြက်စည်းကို ကိုင်ထားတဲ့ လက်က အလိုလို အောက်သို့ ဖြေ​းဖြေးချင်းချသွားလေသည်

"အင်း ငါပဲ အဲ့တံမြက်စည်းနဲ့ ငါ့ကို ရိုက်မယ်ပေါ့ ငါသာ တကယ့် လူဆိုးဆို မင်းပြားပြားဝပ်နေပြီ"

Xiao Zhanအစကတော့ နည်းနည္းလန့်သွားပေမဲ့ ရုပ်တည်ကြီးနဲ့ တံမြက်စည်းကို ကိုင်ပြီး ကို့ယို့ကားယားနဲ့ သူ့ကိုခြောက်နေတဲ့ Yiboကိုတွေ့တော့ ရီချင်နေတာကို အောင့်အီးပြီး ထိုသို့ပြောလိုက်လေသည် ထိုမှ Yiboက

"အဲ့တော့ ဘာဖြစ်လဲ မင်းက ဘာကိစ္စရှိလို့ ငါ့နောက်လိုက်လာရတာလဲ"

Yiboစကားဆုံးတော့ Xiao Zhan မျက်ခုံးတစ်ဖက်ပင့်ပြီး

"မင်းပဲ စာအုပ်ပြန်လိုချင်တယ်ဆို"

"မင်းက ပြန်ပေးမှာမလို့လား"

Yiboစကားကြောင့် Xiao Zhanက သဘောတကျ ပြုံးပြီး Yibo နားကပ်သွားရင်း

"မင်းငါ့အလိုကျနေပေးရင် ငါပြန်ပေးမယ်"

Xiao Zhan Yibo နားနား ကပ်ပြီး ပြောလိုက်တာကြောင့် Yibo ကြက်သီးပင် ထလာလေသည် ရင်တွေလည်း ပရမ်းပတာတွေ ခုန်လို့

"မင်း မင်း ငါ့ကို ဘာခိုင်းဦးမလို့လဲ"

ဒီလို ထစ်ထစ် ငေါ့ငေါ့လေးတွေက ချစ်ဖို့ကောင်းသားပဲ ဟာ Xiao Zhanမင်း ဘာတွေတွေးနေတာလဲ

Triangle {Completed}Where stories live. Discover now