Part_23

3.9K 378 45
                                    

Unicode

"ကိုကို သက်သာလာရဲ့လားဟင်"

"ကိုကို ဘယ်လိုနေသေးလဲ"

"ကိုကို အဆင်မပြေသေးဘူးလား"

"ကိုကို စာပြန်အုံး"

"ကိုကို ခင်များနေကောင်းပြီလား"

reply မရှိတဲ့ message၊  ဖြေကြားသူမရှိတဲ့
Phone Callကို Yibo အတန်ကြာ ဖုန်းဆက္နေမိလေသည်။

တစ်ဖက်လူကတော့ စိတ်မာစွာပဲ
သူ့ကို ဘာမှအရေးမစိုက်ခဲ့ပေ။

မိနစ်ခြားတစ်ခါ တုန်ခါနေတဲ့
ဖုန်းကို Xiao Zhan စိုက်ကြည့်နေရင်းသာ
မဲ့ပြုံးတစ်ခု ပြုံးလိုက်လေသည်။

ညဘက်ထိ ဆက်ကြည့်ပေမဲ့ ဖြေသူမရှိတဲ့
တစ်ဖက်ဖုန်းကြောင့် ​ Yibo ညလယ္ရောက်သည္ထိ အိပ်မပျော်ခဲ့ပေ။ မနက် တစ်နာရီကျော်မှာ မှေးခနဲ ဖြစ္သွားပေမဲ့ ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် လူက မျက်လုံးပြဴးမျက်ဆံပြူးနဲ့ ချက်ချင်းထထိုင်လို့ လက်ထဲကဖုန်းကိုလည်း ကိုင်ပြီးသားဖြစ်လေသည်။

Yibo ပြုံးရွှင်စွာနဲ့ပဲ~~~

"ဟဲလို ကိုကို ကိုကို~~~"

တစ်ဖက်ရဲ့ စကားသံက Yiboကို
ငြိမ်သက်နိုင်စွမ်းအပြည့်ရှိသည်။

Clubမှာတဲ့ ပြီးတော့ လူသူမသိအောင်ကို
မူးနေပြီတဲ့ ကိုကိုဘာဖြစ်တာလဲ။

အနွေးထဲကို အမြန်ဆွဲယူလို့ တစ်ဖက်ကသူပြောလာတဲ့ လိပ်စာအတိုင်းကိုသာ Yibo အပြေးအလွှားနဲ့ရောက်သွားလေသည်။

"ကိုကို ကိုကို ကိုကို"

သူClubကို ရောက်ရောက်ချင်း ထွက်လာတဲ့
စကားက ကိုကိုတဲ့။ သူဘယ်လောက်စိတ်ပူနေကြောင်းကို မျက်နှာလေးကို ကြည့်လိုက်ရုံနဲ့ သိသာ၏။

တွေ့ပါပြီ။ ကိုကိုက ခုံပေါ်မှာမောက်နေပြီး
waiter တစ်ယောက်က ကိုကို့ဘေးမှာ ရပ်စောင့်နေတာပဲ။ ဘယ်လောက်တောင် သောက်လိုက်တာလဲ ကိုကိုရာ။

Yibo အမြန်ပဲ Xiao Zhanနားပြေးသွားပြီး~~~

"ကိုကို ကိုကို"

"အဲ့အကိုရဲ့ဖုန်းပါ ဆရာ ခွင့်ပြုပါအုံး"

သူ Xiao Zhanကို လှုပ်နိုးနေတုန်း
ဖုန်းကိုလှမ်းပေးရင်း နှုတ်ဆက်လာတဲ့
waiter ကောင်လေးကို သူခေါင်းညိတ်ခြင်းသာ အသိအမှတ်ပြုနိုင်တော့သည်။

Triangle {Completed}Where stories live. Discover now