Part-27

4K 344 75
                                    

Unicode

Yiboတစ်ယောက် နေဝင်တာနဲ့ အိမ်စာလုပ်နေတာ အချိန်အားဖြင့် ည 11ရောက်မှ ပြီးလေသည်။ သူတစ်ယောက်တည်းဆို မြန်ပေမဲ့ အခုက Xiao Zhanစာတွေပါ သူရေးပေးနေရတာကြောင့် အချိန်တွေက ပုံမှန်ထက် နှစ်ဆ ကုန်သွားရခြင်းဖြစ်သည်။

လွတ်သွားတဲ့ ညစာကို သုံးဆောင်ဖို့ Yibo မီးဖိုချောင်ထဲဝင်ပြီး Ge ပြင်ပေးထားတဲ့ ညစာကို ထိုင်စားနေလိုက်လေသည်။
သူပထမတစ်လုတ် စားနေချိန်မှာပဲ~~~

Ring ~~~ Ring~~~

ဖုန်းသံကြောင့် Yibo ဖုန်းကိုကြည့်လိုက်တော့ "ချစ်ရတဲ့ ကိုကို" ဆိုတဲ့ nameလည်း မြင်ရော Yibo ပြုံးပြုံးရွှင်ရွှင်နဲ့ အမြန်ကိုင်လိုက္ပြီး~~~

"Hello ကိုကို"

"ခလေး ကိုယ့်ကို လာခေါ်ပါလား? ကိုယ်
မပြန်နိုင်တော့ဘူး ကိုယ့်ကိုကယ်ပါ ခလေး~~~"

တစ်ဖက်က ဖုန်းသံကြောင့် စားလက်စ ထမင်းလေးတောင် Yibo ပြီးအောင် မစားနိုင်တော့ပဲ အစားကိုဖယ်ထားလို့ Xiao Zhanပြောတဲ့ clubဆီသို့ ဒုန်းဆိုင်းပြေးရတော့သည်။

"ကိုကို ဘာမှ မဖြစ်လိုက်ပါနဲ့ "

Xiao Zhanတစ်ယောက်တော့ ဖုန်းကို
သူ့သူငယ်ချင်းတွေရှေ့ရမ်းပြပြီး ရယ်နေလိုက်လေသည်။

"မင်းဟာလေးက သေချာလို့လား"

"သေချာလားမသေချာလား မင်းတို့ခဏနေ စောင့်ကြည့်နေလိုက်"

"ဟား ဟား ဟုတ်ပြီကွာ သူတာတကယ်လာရင်တော့ ငါတို့မင်းကို လောင်းထားတာပေးမယ်ကွာ"

Xiao Zhanကတော့ အောင်နိုင်သူအပြုံးနဲ့ ပြုံးနေလေသည်။ သူသေချာသိနေပြီလေ Yiboက သူ့ဆီလာမယ်ဆိုတာ။

Yiboတစ်ယောက်တော့ Taxi ဘာညာလည်း တားလို့မရတာကြောင့် ခြေလျင်နဲ့သာXiao Zhan ပြောတဲ့ နေရာကို အပြေးလေးသွားနေမိလေသည်။

ချွေးသီးချွေးပေါက်တွေက နားထင်ကနေ ဖြတ်ပြေးတာသိပေမဲ့ သူမရပ်မိ၊ ဖိနပ်တောင် မလဲအားပဲ အိမ်တွင်းစီးဖိနပ်လေးနဲ့သာ စိတ်စေရာအတိုင်း မရပ်မနားပြေးနေလေသည်။

ကောင်တာမှာ မေးကြည့်တော့ VIP ခန်းမှာဆိုလို့ ​ခွေကျချင်နေတဲ့ ခြေထောက်ကို အမိန့်ပေးလို့ ထိုအခန်းဆီကိုသာ ဒုန်း ဆိုင်း ပြေးသွားမိလေသည်။

Triangle {Completed}Waar verhalen tot leven komen. Ontdek het nu