Part-4

6K 667 85
                                    

Unicode

Yibo အခန်းရှေ့မှာ ဒူးထောက်တာနဲ့ တပြိုင်နက် အားလုံးရဲ့ နှိမ်တဲ့အကြည့်တွေ ရှုံ့ချတဲ့ အကြည့်တွေနဲ့တိုး၏ အဆိုးဆုံးကတော့ သူ့ကို မဲ့ပြုံးနဲ့ ပြုံးပြနေတဲ့ Xiao Zhan

Xiao Zhanသူ့လက်ထဲက စာအုပ်စိမ်းနုရောင်လေးကို Yiboကို မြင်အောင်ထုတ်ပြလိုက်တော့

Yiboမှာ ဒူးထောက်နေရင်းနဲ့ နားမလည်မှုများစွာနဲ့ မငြိမ်မသက်ဖြစ်နေရလေသည်

မိမိစာအုပ်က သူ့ဆီဘယ်လိုရောက်သွားတာလဲပေါ့

သူခိုးတာလို့ ဘာလို့အပြစ်မတင်မိတာလည်း ကျွန်တော် တကယ်မသိတော့

ထို့နောက် Yibo သေချာပြန်စဥ်းစားမိတော့
မနက်သူကျောင်းလာနေတုန်း ဆရာမက ပန်းအိုးခဏကူသယ်ပေးဆိုလို့ ခုံတန်းလေးပေါ်မှာ သူအိတ်ကို ခဏထားမိခြင်းသာ

ဒါဆို သူအဲ့ချိန်မှာပဲ ယူလိုက်တာနေမှာ
Yiboရယ် နမော်နမဲ့ချင်အုံး ခုတော့ခံပေါ့

Yiboသတိမထားမိတာက ​သူတွေးသာတွေးနေတာ သူခုချိန်ထိ Xiao Zhanကို  အပြစ်တင်ခြင်း အလျင်းမရှိသေး

တကယ်ဆိုသူ့စာအုပ်ကိုယူသွားတဲ့သူကိုအပြစ်တင်ရမှာမဟုတ်ဘူးလားYiboရယ်ဘယ်လိုတေဖြစ်

ဆရာမလဲသူ့အချိန်ပြီးလို့အခန်းအပြင်ထွက်ပြီးYiboကိုပြောလိုက်သည်

"နောက်ဆိုအဲ့လိုမဖြစ်စေနဲ့နော်Wang Yibo
ခုထတော့"

"ဟုတ်ဆရာမ"

ဆရာမထွက္သွားတာနဲ့Haeကသူ့အနားရောက်လာလေသည်

"Yibo အဆင်ပြေရဲ့လားဟင်"

"ငါ အဆင်ပြေပါတယ် hae
အ့"

ယိုင်နဲ့နေတဲ့ ဒူးခေါင်းနှစ်ဖက်ဟာ ထဖို့တောင်အဆင်မပြေနေခဲ့တော့ဘူး

"အဆင်ပြေရဲ့လား Yibo  တောက်စ် ငါသိနေတယ် ဒါ..."

"နေ...နေပါစေ haeရယ်
ငါအဆင်ပြေပါတယ်"

"လာလာ Yibo ငါထူပေးမယ်နော်
ဖြေး​ဖြေးချင်းထ"

"ကျေးဇူးပါ Hae ငါ့ကိုတစ်ခုလောက်ကူညီပေးပါလားဟင်"

"ဘာလဲ Yibo ပြောလေ"

"ငါ့ကိုဆရာမကစာအုပ်တေလာပို့ခိုင်းထားသေးတယ်အဲ့ဒါ သွားပေးပေးပါလား"

Triangle {Completed}Where stories live. Discover now