Part-39

3.8K 310 26
                                    

Unicode

Seoun Younတစ်ယောက် အလုပ်သွားဖို့
တံခါးကထွက်ထွက်ချင်းမှာပဲ မြင်ရတဲ့ လူတစ်ယောက်ကြောင့် မယုံကြည်နိုင်စွာပဲ မျက်လုံးနှစ်ဖက်ကို လက်နဲ့ အမြန်ပွတ်ကြည့်လိုက်လေသည်။

သူ့ရှေ့မှာ တည်တည်တံ့တံ့ရုပ်လေးနဲ့ ရပ်နေတဲ့ လူက Yiboပါလို့ သူမယုံနိုင်စွာပဲ မျက်ရည်တို့ ရစ်ဝိုင်းရပြန်သည်။

အနီးမှာ ရှိရင် အမြဲ ရန်တွေ့နေကြဆိုပေမဲ့ တကယ် ဘာမှမပြောမဆိုပဲ ပျောက်သွားတော့ သူ့မှာ တကယ် စိတ်ပူရပါသည်။

တစ်နေ့ပြန်လာမယ်ဆိုတဲ့ စိတ်နဲ့ ခုထိ မွေးရပ်မြေကို မပြန်ဖြစ်ခဲ့ဘူး မဟုတ်ပေလား။

"Yi Yi Yiboမလား တ တကယ် Yiboမလား"

စကားလေး အထစ်ထစ်အငေါ့ငေါ့နဲ့ သူ့ကို လာထိကိုင်ပြီး ဘယ်ညာကြည့်နေတဲ့ Seoun Youn Geကြောင့် Yibo ဝမ်းသာ မျက်ရည်များကျရပြန်သည်။

သူတစ်ကိုယ္ကောင်းဆန်ပြီး သူ့ကို ဂရုစိုက်တဲ့ အစ်ကိုဖြစ်သူကို ထားပစ်ခဲ့မိပြီလားပေါ့။

"ကျွန်တော်ပါ Ge ကျွန်တော် ပြန်လာပြီ"

"မင်း  မင်းကွာ အီးဟီး~~~"

"ဟာGeကလဲယောက်ျားကြီးဖြစ်ပြီး ငိုရတယ်လို့"

Seoun Younသူ့ကို ဖက်ပြီး ငိုလာတော့ Yiboခင်မျာ ရီရမလို  ငိုရမလိုဖြစ်သွားရလေသည်။

ဒါပေမဲ့ သူGeကိုတော့ မခနဲ့ဖြစ်။ သူGeကို နားလည်သည်။

"စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ် Ge"

"မလိုပါဘူးကွာ မင်းပြန်လာတာနဲ့တင် ငါဝမ်းသာမဆုံးဘူး ဒီနှစ်တွေမှာ မင်းဘယ်ရောက်နေတာလဲ။ ရှာလည်းမတွေ့။ သတင်းမကြားနဲ့ ငါတို့ မင်းကို ဘယ်လောက်တောင် စိတ်ပူလိုက်ရတာလဲ"

"ငါတို့"

Yibo နားမလည်သလို မေးလာတော့ Seoun Younအမြန်ပဲ မျက်နှာပိုးသတ်ပြီး~~~

"ဟုတ်တယ်လေ ငါရော Hae Yeonရော မင်းကိုရှာနေတာ"

GeပြောမှပဲသူHaeကိုသတိရမိတယ်ပေကျင်းကိုပြန်ရောက်တာ1ပတ်လောက်ရှိပေမဲ့Haeအကြောင်းဘာမှမကြားရ

Triangle {Completed}Where stories live. Discover now