Part-41

3.8K 318 20
                                    

Unicode

တိတ်ဆိတ်လွန်းတဲ့ ထမင်းဝိုင်းမှာ ကိုယ်နဲ့မင်းက မျက်နှာချင်းဆိုင်ထိုင်တယ်။ ငြိမ်သက်သွားလိုက်တာ အချစ်ရယ်။ မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တဲ့ တရားခံက  ကိုယ်တဲ့လား ခံရခက်လိုက်တာ။ မင်းကို အရင်လို ပြန်ဖြစ်လာအောင် ကိုယ်ဘယ်လိုလုပ်ရမလဲ ဆိုတာ မင်းပြောပြလို့ မရဘူးလားကွာ။

အချိိန်တော်တော် ကြာသည်ထိ စိုက်ကြည့်ခံနေရတာကြောင့် Yibo မနေတတ်တော့။ Xiao Zhanကလည်း လက်ဖဝါးကို မေးစေ့မှာထောက်ပြီး သူ့ကို အားရပါးရကြည့်နေတာကြောင့် Yibo Xiao Zhanကို မျက်လုံးလန်ကြည့်ပြီး~~~

"ခင်များမစားဘူးလား? ကျွန်တော့်ကိုပဲ စိုက်ကြည့်မနေနဲ့ စား"

"အင် ဟုတ်ကဲ့ ခလေးအမိန့်အတိုင်းပါ"

သူထိုသို့ပြောမှအသိဝင်လာပုံရတဲ့ Xiao Zhanက သူ့ကို "အမိန့်အတိုင်းပါ" လာပြောနေတော့ Yibo မျက်မှောင် ကြုံ့သွားမိလေသည်။

"ခင်များ~~~"

Yibo စကားပင်မဆုံးလိုက် သူ့ကို ပြုံးပြုံးလေးနဲ့ နားထောင်နေတဲ့ Xiao Zhanကြောင့် သက်ပြင်းတိုးတိုးလေးချလို့ မနိုင်ဘူး ဆိုတဲ့ သဘောနဲ့ ခေါင်းတွေ ခါနေလိုက်လေသည်။
Xiao Zhanကတော့ သူ့ကို သွားတွေဖြဲပြပြီး ပြုံးနေတုန်း။

တိတ်ဆိတ်တယ်။ အနည်းငယ်မွန်းကြပ်တယ် လို့ ဆိုကြပေမဲ့ တကယ့်တကယ် ရင်ထဲက အနွေးလှိုင်းလေးကိုတော့ နှစ်ယောက်သား သတိမထားမိခဲ့။

ညနေခင်းကြီးက အထီးကျန်နေပါတယ်။ ဒါပေမဲ့ နွေးထွေးတယ်။

~~~~

"ဟင်"

Seoun Youn ညစာ စားဖို့ချက်ရပျင်းနေတာနဲ့ အပြင်ထွက်စားမယ်လုပ်တော့ တံခါးပေါက်ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက် အထူးသဖြင့် သူသိပ်ကို လွမ်းနေမိတဲ့ ကောင်မလေးတစ်ယောက်ကြောင့် တံခါးဝမှာတင် တောင့်တောင့်ကြီးရပ်လို့ ငေးနေမိလေသည်။

"အိုက်ယား အစ်ကို Hae အေးနေပြီလို့ အိမ်ထဲ မခေါ်တော့ဘူးလား ဘာလို့ ရပ်ပြီးငေးနေတာလဲ"

စူအောင့်အာင့် အသံလေးကိုကြားမှ Seoun Younအသိကပ်လာပြီး သူ့ကို စူပုတ်ပြနေတဲ့ Haeကို အရည်ရွမ်းနေတဲ့ မျက်ဝန်းနဲ့ ကြည့်လို့ မရည်ရွယ်ပါပဲ Hae ကိုဆွဲဖက်လိုက်လေသည်။

Triangle {Completed}Where stories live. Discover now