Part-48

4.3K 300 84
                                    


တကယ်ပဲလား ကျန်းချန် ပြောသလိုသာဆို
ရင် မင်းကိုယ့်ဆီက ချစ်တယ် ဆိုတဲ့ စကားလေးကို မျှော်လင့်နေတာလား။ တကယ်ဆို မှန်ပါလေ ကိုယ် မင်းကြားချင်တဲ့ ထိုစကားကို  ကမ္ဘာကြီး တစ်ခုလုံးပါ ကြားသွားအောင် ကိုယ်​အော်ပြောလိုက်မှာပါ။ ခဏလောက် ထပ်စောင့်ပေးပါ ထိုစကားလေးပြောဖို့ ကိုယ်မင်းဆီ လာနေပါပြီ။

Xiao Zhanတစ်ယောက် မျှော်လင့်ခြင်းတစ်ပွေ့တစ်ပိုက်နဲ့ ချစ်ရသူဆီ သွားတဲ့လမ်းမှာ အပြုံးပန်းတွေ ဝေဆာလို့။

မနက်ခင်းနေရောင် နုနုလေးနဲ့အတူ Xiao Zhanရဲ့ တက်ကြွနေတဲ့ ပုံရိပ်လေးက သိပ်ကို လိုက်ဖက်သည်။

လာရာလမ်းတစ်လျှောက် ပြုံးပျော်ခဲ့ရပေမဲ့ သူ့ရဲ့ အိမ်ခလေးအရောက်မှာ ပိုင်ရှင်က မရှိဘူးတဲ့။ "ဘယ်သွားခဲ့တာလဲ" မေးတော့ "သူ့ သတို့သမီးလောင်းနဲ့ အတူ အခမ်းအနားအပြင်အဆင် သွားကြည့်ကြတယ္" တဲ့။ တကယ်ပဲ သူမအားတော့တာပဲ။ မင်္ဂလာပွဲကို သူတို့ ကျင်းပတော့မယ်ပေါ့။ ဒါဆိုရင် ကိုယ်က အပြင်လူသက်သက် သူ့ရဲ့ မင်္ဂလာပွဲကိုတောင် ဖိတ်ခြင်းမခံရလေသော အမေ့ခံ လူသား သက်သက်ပဲလား။

ချစ်ခဲ့ဖူးတယ် ဆိုတာ မပြောချင်တော့တာဆိုရင်လည်း ထားတော့ မုန်းတဲ့လူအနေနဲ့ တောင် လှောင်ပြောင်ဖို့ မတွေးလိုက်ဘူးလား။ အနည်းဆုံးတော့ နောက်ဆုံးလက်ဆောင်အဖြစ် မင်းလက်စားချေတာလေးပဲ ဖြစ်ဖြစ် ကိုယ်လိုချင်ခဲ့တာ။ ဒီလို ဥပက္ခာတော့ ကိုယ်မလိုချင်ဘူး။

"ဘယ်သူလဲ"

တည်တည်ငြိမ်ငြိမ်နဲ့ အမေးစကားသံကြောင့် Xiao Zhan အသံလာရာ လှည့်ကြည့်လိုက်တော့ သူ့ဆီ လျှောက်လာနေတဲ့ အဖွားတစ်ယောက်။ အသက်ကြီးပုံရပေမဲ့ အဖွားရဲ့ ပုံစံက ဖြတ်လတ် သွက်လက်နေဆဲ။

သေချာပေါက် သူက ခလေးရဲ့ အဖွားပဲ ထင်ပါရဲ့။

"မင်္ဂလာပါ အဖွား ကျွန်တော့်နာမည်က Xiao Zhanပါ အဖွား"

"သားက ဘယ်သူ့ကို လာရှာတာလည်း မသိဘူး"

"ခ~~~ အင် ~~~ ဥက္ကဌဝမ်ကို လာရှာတာဗျ။ သူနဲ့အလုပ်အကြောင်း နည်းနည်းဆွေးနွေးချင်လို့ဗျ"

Triangle {Completed}Where stories live. Discover now