Part-11

5.2K 534 40
                                    

Unicode

မရှိတော့ဘူး၊ ထပ်မရနိုင်တော့ဘူး ၊
ငါမထိန်းသိမ်းနိုင်ခဲ့ဘူး၊ ငါအသုံးမကျခဲ့ဘူး။

Yiboတစ်ယောက် စာအုပ်အပိုင်းအစလေးတွေအကုန် ကောက်ပြီး သူ့ကျောပိုးအိတ်ထဲ အကုန်ထည့်ရင်း ကျောပိုးအိတ်ကို ရင်ဝယ်ပိုက်ပြီး တရှုံ့ရှုံ့ရှိုက်ငိုရင်းနဲ့သာ အိမ်ပြန်လမ်းဆီသို့ ဦးတည်မိသွားလေသည်။

ကျေနပ်တယ် Xiao Zhan မင်းကိုယ်တိုင်ပဲပေးခဲ့တယ် အခုမင်းကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တယ်။

မင်းမမှတ်မိပေမဲ့ ငါကတော့သိတယ်။ မထင်မှတ်ပဲ ငါပြန်ရှာတွေ့ခဲ့တုန်းက ရင်ခုန်ခဲ့တဲ့ငါ့အဖြစ်ဟာ မင်းကိုဒေါသထွက်စေသည်ထိ အပြစ်လုပ်မိသွားခဲ့တယ်။
အသန့်ကြိုက်တဲ့မင်းက ကော်ဖီလေးတစ်ခွက်ကြောင့် ငါ့ကို အမုန်းစိတ်လေးစွဲခဲ့တယ်။

ကျေနပ်ပါတယ် ကော်ဖီခွက်လေးကြောင့်
မင်းမုန်းတယ် ဆိုတဲ့ ငါ့ဖြစ်တည်မှုလေးက မင်းစိတ်ထဲ နေရာယူသွားခဲ့တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မင်းမသိပေမဲ့ ငါသဘောကျတယ်။

တစ်ခုပဲ မင်းပေးခဲ့တဲ့အရာ ငါ့ရဲ့ပထမဆုံးလက်ဆောင်ကိုမှ မင်းဖျက်ဆီးရက်တယ်။

Yibo ကျောင်းဝင်းထဲက ထွက်ဖို့ ခြေအလှမ်းမှာ ပုခုံးထက် ရောက်လာတဲ့ လက်လေးကြောင့် လှည့်ကြည့်လိုက်တော့ Hae

"Yibo ဘာဖြစ်တာလဲ ဘာလို့ငိုတာလဲ ဟိုကောင် Xiao Zhan အနိုင်ကျင့်ပြန်ပြီလား"

Yiboဘာမှ မပြောရသေးပဲ Haeက စိုးရိမ်တကြီးနဲ့ မေးလာတော့ Yibo ခပ်ဖွဖွ ပြုံးမိသွားသေးသည်။

Hae Yeon Kim Hae Yeon သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ပထမဆုံးနဲ့ နောက်ဆုံး သူငယ်ချင်း~~~

"Hae Yeon Ah!"

နာမည်အပြည့်အစုံကို မခေါ်ဖူးတဲ့ လူက ခေါ်လာတော့ Hae အနည်းငယ် မသက်မသာ သလို ဖြစ်လာလေသည်။

"Yiboပြောလေ"

Yibo တစ်ချက်ပြုံးပြီး

"အနားမှာ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်
ငါ့ရဲ့ ပထမဆုံး သူငယ်ချင်း လုပ်ပေးလို့လည်း ကျေးဇူးတင်ပါတယ် အရာရာအတွက် ကျေးဇူးတင်ပါတယ် ငါ့အတွက် စိတ်မပူနဲ့တော့နော်"

Triangle {Completed}Where stories live. Discover now