Part-38

3.9K 335 35
                                    

unicode

"ကျန်းချန် ငါဘယ်လိုလုပ်ရမလဲ? ခလေးငါ့ကို မုန်းနေတာတွေ ပျောက်သွားဖို့ ငါဘာလုပ်ရမလဲ မင်းငါ့ကို ပြောပြပါအုံး"

အရက်ပုလင်းကို အဖော်ပြုလို့ သူ့ကို အကူအညီတွေ အကြံတွေတောင်းနေတဲ့ သူငယ္ချင်းဖြစ်သူကိုကြည့်ပြီး ကျန်းချန်သနားနေရုံကလွဲ သူလည်း ဘာမှမတတ်နိုင်တော့။

Yibo ပျေုာက်သွားကတည်းက အရူးတစ်ယောက်လို လူပျောက်လိုက်ရှာလို့ နေမကောင်းဖြစ် ဆေးရုံတင်ရသည်ထိ ဖြစ်သွားတဲ့ သူငယ်ချင်းကိုလည်း သနားသလို Yiboဘက် ကြည့်ပေးရင်တော့လည်း ကိုယ့်သူငယ်ချင်း လုပ်ရပ်ကြောင့် စိတ်နာသင့်ပါသည်လေ။

ဒီကံကြမ္မာလှည့်ကွက်တွေကြား ဘယ်သူမှားတယ် ဆိုတာကိုတောင် ထောက်ပြလို့မရတော့။

"သူငယ္ချင်း စိတ်ထိန်းပါကွာ
အားလုံးအဆင္ပြေမှာပါ"

"ငါ ငါ ~~~ အင့္!"

"မငိုနဲ့တော့ကွာ မင်းလို့တောင် ပြောလို့မရတော့ဘူး။ စိတ်ခိုင်ခိုင်ထားလေကွာ 5နှစ်ကြီးများတောင် စောင့်ခဲ့ပြီပဲ အခုသူမင်းရှေ့ရောက်နေပြီလေ သူစိတ်ပြေလာအောင် မင်းကြိုးစားရမယ်လေ"

အရက်ကို အဖော်ပြုလို့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ကောင်လေး ရှိသလို အိပ်ယာထဲလှဲပြီး စိတ်ကိုအနိုင်နိုင်ထိန်းရင်း အိပ်ဖို့ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်လည်းရှိခဲ့သည်။

"ဘာလို့ ပိန်သွားရတာလဲ။ မျက်ဝန်းလေးက ဘာလို့အရင္လိုမတောက်ပတော့တာလဲ။ ဘာလို့ အရမ္းအားနည်းတယ်လို့ ခံစားရတာလဲ။ ကျစ်! အာရုံပဲ မင်းမတွေးပဲ အိပ်စမ်းတော့ Wang Yibo!"

Yibo ကိုယ့်ကိုယ်ကို ဒေါသထွက်ရင်းသာ
အိပ်ယာပေါ် လူးလိမ့်နေလေသည်။

~~~~

အချစ်ကြုံဖူးတဲ့ သူတိုင်း အချစ်ဆိုတာ အေးချမ်းသလို အရမ်းလည်း ပူလောင်တယ် ဆိုတာ သိပေလိမ့်မည်။

~~~~

"Appa လုပ်ပါ နောက်တစ်ပတ်လေးပဲလေနော် သမီး သူငယ်ချင်းတွေနဲ့ နှုတ်မဆက်ရသေးဘူးလေ နော် appaနော် နော်လို့"

Triangle {Completed}Unde poveștirile trăiesc. Descoperă acum