Part-10

5.6K 511 37
                                    

Unicode

"ဘယ်လိုဖြစ်တာလဲ Haeရယ်
နောက်ဆို သတိထားနော်
မထိခိုက်စေနဲ့ မိန်းခလေးဖြစ်ပြီး
ခြေကင်းဝတ်ယောင်နေရင်
မလှပဲနေမယ်"

အို အခု Yiboက ကျွန်မကို
ဂရုစိုက်နေတာလား အားအမေရယ်
ဒီနေ့ အမေရဲ့သမီးလေး
ကံထူးပြီ။

Haeတစ်ယောက် ပြေးရင်း
သတိမထားမိလို့ ခြေကင်းဝတ်
လည်သွားတာကြောင့် ကျောင်းကို
ထော့နဲ့ ထော့နဲ့နဲ့ လာနေရခြင္း
ဖြစ်သည်။

Yiboကတော့ ပွစိပွစိနဲ့
Hae ကိုခုံပုလေးတစ်နေရာမှာ
ထိုင်ခိုင်းထားပြီး လည်သွားတဲ့
သူမခြေကင္းဝတ်ကို ဂရုတစိုက်
နှိပ်နှယ်ပေးနေလေသည်။

Haeကတော့ Yiboမျက်နှာ
အစိတ်အပိုင်း အားလုံးကို
အသေးစိတ် လိုက်ကြည့်မေမိလေသည်။

ချောရက်လိုက်တာ Yiboရယ်
နင့်ကို ချစ်ခွင့်ရခဲ့ရင် သိပ်ကောင်းမှာပဲ။

~~~~~

"စာအုပ်က သိပ်အရေးကြီးပုံရတယ်
လိမ္မာနေလိုက္တာ ချစ်ဖို့တော့ တော်တော်
ကောင္းတယ်"

Xiao Zhan သူ့လက်ထဲက
စာအုပ်အစိမ်းလေးကို ကြည့်ရင်း
ခပ်တိုးတိုးနဲ့ ထိုသို့ဆိုနေလေသည်။

ခြေလှမ်းကျဲကြီးနဲ့ လမ်းလျှောက်လာတဲ့
Xiao Zhanက ခြေလှမ်းတိုင်းတက်ကြွ
နေသလို မျက်နှာမှာ ကျေနပ်ပီတိ
အပြုံးပန်းတွေ ဖူးပွင့်လို့။

ကြိုမမြင်နဲ့ မိနစ် စက္ကန့်တွေပါပဲ
တစ်နေရာအရောက်မှာတော့
Xiao Zhanရဲ့ ခြေလှမ်းတွေ
ရပ်တန့်သွားသလို မျက်နှာပေါ်က
အပြုံးတွေကလည္း ပျောက်ကွယ်
သွားရလေသည်။

နူးညံ့ပျော်ရွှင်နေတဲ့ ထိုမျက်ဝန်းက
Haeရဲ့ ခြေကျင်းဝတ်ကို
ဂရုတစ်စိုက် နှိပ်နှယ်ပေးနေတဲ့
Yiboကိုတွေ့လိုက်တာနဲ့
ချက်ချင်း လူသတ်မျက်ဝန္းအဖြစ်
ပြောင္းသွားလေသည်။

လက်ထဲမှာကိုင်ထားတဲ့
စာအုပ်စိမ်းလေးကလည်း
လက်အားကြောင့် တွန့်ကျေလာလေပြီ။

Kim Hae Yeon  ထပ်ပြီးတော့
မင်းပဲလား မင်းစောင့်နေ
မင်းချစ်တဲ့့အရာတွေက
ငါ့အပိုင်ပဲဖြစ်လာစေရမယ်
မင်းငါ့ကို မနိုင်စေရဘူး။

Triangle {Completed}Where stories live. Discover now