Part-25

4.2K 332 52
                                    

Unicode

ကျွန်တော်နိုးလာလို့ ကိုကို့ကို မတွေ့တာကြောင့် စိတ်တွေပူပြီး လိုက်ရှာမိတော့ စကားပြောသံကြားရတာကြောင့် ကျွန်တော် သွားကြည့်လိုက်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် လူက  ရူးတော့မလိုလိုတောင် ဖြစ်သွားရလေသည်။

ဘယ်လိုတွေတောင် ဖြစ်နေကြတာလဲ?

"ကိုကို"

"ဟင်ခလေး နိုးပြီလား? လာကြည့္စမ်း
ဒီကောင်က ခလေးမီးဖိုချောင်ထဲ ရောက်နေတယ်။ သူခိုးလားမသိလို့ ကိုယ်ကြိုးနဲ့ ချီထားတယ်"

ကြိုးနဲ့ချီထားတယ်ဆိုလို့ Yibo Seoun Younလက်ကို ကြည့်မိတော့ အချည်ခံထားတာကလည်း မုန့်ထုတ်ကို ချီထားတဲ့ ပန်းရောင်ဖဲကြိုးလေးနဲ့။

တော်တော်တော့ ခိုင်နေအုံးမယ်။ ဘယ်လိုအတွေးနဲ့များလည်း ကိုကိုရယ်။

"Yibo ဘာကို ပြုံးစိစိလုပ်နေတာလည်း မင်းအဖေငါက ချည်ခံနေရတာနော်"

Seoun Younစကားကြောင့် Xiao Zhan ချက်ချင်း မျက်မှောင်ကျုံ့သွားမိလေသည်။

"ဟား ဟား ဟား~~~"

Yibo ကတော့ ဖြေမဆည်နိုင်အောင်ကို
ဟက်ဟက်ပက်ပကို အော်ရယ်လို့။

"အဲ့ကြိုးလေးနဲ့မှ မလွှတ်နိုင်ဘူး ဆိုရင်လည်း အစ်ကိုတစ်နေ့လုံးပဲ အချည်ခံလိုက်တော့ ဟ ဟား ဟား"

ထိုမှXiao Zhanနဲ့ Seoun Younလည်းလက်ကောက်ဝတ်ကို ကြည့်လိုက်တော့
ပန်းရောင်ဖဲကြိုးလေးက တန်းလန်းနဲ့။

သောက်ကျိုးနည်းပဲ မင်း Xiao Zhan။

Xiao Zhan သူရှက်နေတာ Yiboတို့နှစ်ယောက် မသိပေမဲ့ သူသိနေတာကြောင့်
အရှက်ပြေရာပေကြောင်း Yiboကို
လှည့်ကြည့်ပြီး~~~

"ခလေးသူက ဘယ်သူလဲ~~~"

Xiao Zhanဝင်မေးတော့မှ Yiboက ရယ်​ကြောကို ခနဖြတ်ထားပြီး ပြုံးပြုံးနဲ့~~~

"ကျွန်တော် ပြောပြဖို့ မေ့နေတာ အကြောင်းက ဒီလိုပါ ကိုကိုရယ် သူက ကျွန်တော့်အစ်ကို Seoun Younပါ~~@#$%%%$% "

Yibo ရဲ့ ရှင်းပြမှုအရှည်ကြီး နောက်ပိုင်းမှာတော့ Xiao Zhanက နားလည်ချင်သလိုလိုနဲ့ မျက်မှောင်ကြီးကျုံ့ပြီး ~~~

Triangle {Completed}Where stories live. Discover now