Part-33

4.6K 367 37
                                    

Unicode

''အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် Hae.... Haeက ကျွန်တော့်အတွက် သူငယ်ချင်းဆိုတာထက် အစ်မတစ်ယောက်လိုလည်း ကာကွယ်ပေးသေးတယ်။ တကယ်ဆို ကျွန်တော်ကမှ Haeကို ကာကွယ်ပေးသင့်တာ။ ဒါပေမဲ့ Haeက သန်မာပါတယ်နော်။
အရင်က ဖြစ်ဖြစ်သမျှအတွက် တကယ်စိတ်ရင်းနဲ့ ​ကျေးဇူးတင်ပါတယ် Hae...

ပြီးတော့ Hae ဘာတွေတွေးနေလည်းဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ Haeဒီလေါက်ကောင်းခဲ့တာတောင် ထိုအရာကို ကျွန်တော် ပြန်မပေးနိုင်ခဲ့လို့ တကယ် အနူးအညွတ်တောင်းပန်ပါတယ်။

သံသရာတစ်ကွေ့မှာ Haeလိုလူကိုတွေ့ရတာ ကျွန်တော့်အတွက် ကံကောင်းခြင်းပါပဲ။ Haeက ကျွန်တော့်အတွက် Lucky Girlလေးပါ။ ကံမကုန်ရင်တော့ ပြန်ဆုံကြမယ်နော်။ အဲ့ဒီအချိန်ကျရင်တော့ ကျွန်တော်ထက်ကောင်းပြီး Haeနဲ့ လိုက်ဖက်တဲ့လူနဲ့ လက်ချင်းချိတ်နေတာကို ကျွန်တော်မြင်ချင်ပါတယ်။

Your Friend forever.
Wang Yibo. (didi)´´

Hae ဖက်ထုပ်ဝယ်ပြီး ပြန်အလာ ဖုန်းထဲ စာတစ်စောင်ရောက်လာတာကြောင့် သူမဖွင့်ကြည့်တော့ မြင်ရတဲ့ စာတွေကြောင့် သူမဝယ်လာတဲ့ ဖက်ထုပ်လေးက ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ကျရောက်သွားရလေသည်။

"Yibo! ဟင့်!"

Hae ဘာမှ ဂရုမစိုက်နိုင်တော့ပဲ ဆေးရုံဆီသို့ ဝုန်းဒိုင်း ပြေးလာလိုက်လေသည်။

"Yibo!!"

သူမအခန်းတံခါးကို အကြမ်းပတမ်းဆွဲဖွင့်တော့ ဗလာကင်းနေတဲ့ အခန်းလေးကြောင့် သူမ အားအင်တစ်ခုလုံးက စုပ်ယူခံလိုက်ရသလို ရပ်နေဖို့တောင် အားမရှိတော့ပဲ နေရာမှာတင် ထိုင်ရက်သားလေး ခွေကျသွားရလေသည်။

"ဘာလို့လဲ ဟင့်! ဘာလို့ထွက်သွားရတာလဲ? ဘာလို့ နှုတ်ဆက်ခွင့်လေးတောင် မပေးရတာလဲ Yiboရယ်"

~~~~~

ကားထဲရောက်နေတဲ့ Yiboကတော့ ကားမှန်ပြတင်းပေါက်ကိုချခိုင်းပြီး ပေကျင်းရဲ့အလှကို ငေးကြည့်နေလေသည်။
သူ့မျက်ဝန်းထဲမှာတော့ မြင်မနေခဲ့ရင်တောင်မှပေါ့။

ကိုကို ငါတို့တကယ်ဝေးပြီ။ ဘာအညိုးကြောင့်များ လုပ်ရက်ခဲ့တာလဲဆိုပြီး ကျွန်တော်မေးချင်ခဲ့ဖူးတယ်။ တကယ်လည်းသိရော ကျွန်တော် တကယ်ခံနိုင်ရည်မရှိခဲ့ပြန်ဘူး။

Triangle {Completed}Where stories live. Discover now