Part-42

3.8K 328 34
                                    

Unicode

"Yubinငါတို့ မာမားတို့အတွက် ကြာပန်းသွားခူးရအောင်"

"ဟာ ဖြစ်ပါ့မလား ငါ့တို့က ခလေးတွေလေ"

"လာပါ ဖြစ်ပါတယ် ငါတို့ သွားခူးကြမယ် "

"ပါပါးနဲ့ မာမားကို ပြောသွားရအောင်"

"မလိုပါဘူးကွာ လှေရှိတာပဲ ငါတို့သွားကြမယ် နော် နော် Yubinနော်"

Xiao Zhan ချွဲယူပြောလိုက်တော့ Yubinလည်း သက်ပြင်းတိုးတိုးလေးချလို့ ခေါင်းညိတ်လိုက်လေသည်။

ခလေးငယ်လေးနှစ်ယောက် ဘာဘေးအန္တရာယ်မှ မသိရှာပါပဲ ကန်ကမ်းစပ်က လှေပေါ်တက်လို့ မလှော်တတ်လှော်တတ်နဲ့ ကြာပန်းသွားခူးဖို့ လုပ်နေကြလေသည်။

သူငယ်ချင်း အရင်းခေါက်ခေါက်တွေဖြစ်တဲ့ အဖေနှစ်ယောက်ကလည်း ရယ်ရယ်မောမောနဲ့ စကားပြောနေကြလို့ သူတို့သားလေး တွေလှေပေါ်ရောက်နေတာကို သတိမထားမိကြ။

နည်းတူ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေကြတဲ့ မိခင်နှစ်ဦးလည်း မုန့်လုပ်ဖို့ကိုသာ စိတ်ရောက်နေလေသည်။

"Yubin အဲ့တစ်ပွင့်ပါယူကြမယ်လေ"

"အင့္ လှေက လှော်လည်းမရတော့ဘူး ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"ရမှာပါ အားထည့်ကြည့်ရအောင်"

"Zhan Zhan ငါအထင်ငါတို့ ပြန်ရအောင်ကွာ အဲ့တစ်ပွင့်မယူတော့ဘူးလေ"

"ယူမှာပဲ"

ခေါင်းမာလွန်းတဲ့ Xiao Zhanက Yubinပြောသမျှကို ခေါင်းခါနေလေသည်။

"Zhan Zhan မရဘူးထင်တယ်"

"ရပါတယ်ကွာ ငါ့လက်ကို မြဲမြဲကိုင်ထားနော္ "

"အင်း"

Xiao Zhanတစ်ကိုယ်လုံးအားကိုသုံးပြီး တတ်နိုင်သလောက် ကြာပန်းကိုယူဖို့ လက်လှမ်းနေသလို Yubinကလည်း Xiao Zhan ပြုတ်မကျဖို့ Xiao Zhan ရဲ့ ကျန်လက်တစ်ဖက်ကို အားကုန်ဆွဲထားလေသည်။

"ရပြီလား"

"ရတော့မယ်"

"အင့္"

"ရတော့မယ် ရတော့မယ် အ့ အားးး"

"အ့ Zhan Zhan!!"

Triangle {Completed}Where stories live. Discover now