Part-50(Final)

7.6K 359 116
                                    

Unicode

"ကျွန်မ ကန့်ကွက်တယ်" ဆိုတဲ့ စကားအဆုံးမှာ ခန်းမထဲက လူတွေရဲ့ စကားပြောသံတွေ ပွက်လောရိုက်သွားလေသည်။

အားလုံးရဲ့ အကြည့်က Yibo ဘေးမှာ ရပ်နေတဲ့ သတို့သမီးဆီစုပုံသွားကြလေသည်။

လုံးဝထင်မထားတဲ့ အခြေအနေမှာ ပေမို့လား Yiboကိုယ္တိုင်က နားမလည်သလိုနဲ့ Hae Yeonကို လှည့်ကြည့်နေလေသည်။

ထူးဆန်းစွာနဲ့ပဲ အံ့သြဟန်မရှိတဲ့ သူက လန်အဖွားနဲ့ Kim မိဘနှစ်ပါးဖြစ်နေသည်။

"ကျွန်မလည်း ကန့်ကွက်တယ်"

"ဟင်~~~"

ဒီတစ်ခေါက် စကားသံက လန်အဖွားဆီက ဖြစ်တာကြောင့် အားလုံးက ဟင်ခနဲ ဟာခနဲ။ ထူးဆန်းစွာပဲ Kim မိဘနှစ်ဦးကလည်း ပြုံးနေပြန်တယ်။

"Hae ဒါဘယ်လိုဖြစ်တာလဲ ကျွန်တော် နားမလည်တော့ဘူး"

Yibo အမေးစကားကို Fatherကထောက်ခံသလို ခေါင်းတညိတ်ညိတ်။ Hae Yeonက ရယ်ပြီး ခန်းမ အစွန်ဆုံးမှာ သူတို့ကို တအံ့တသြနဲ့ ရပ်ကြည့်နေတဲ့ Xiao Zhanကို စိုက်ကြည့်ရင်း~~~

"ဒီတစ်ခါနဲ့ဆို နှစ်ခါရှိပြီနော်! ကျွန်မက Mao Xuanli တဖြင့် Kim Hae Yeon ကပိုင်ချင်တာရှိရင် ပိုင်ဆိုင်ရမှ ကျေနပ်တဲ့သူမျိုး! ရလာဖို့အရေး ဘာနာကျင်မှုမျိုးကိုမှ ထည့်တွက်တဲ့ သူမျိုးမဟုတ်ဘူးနော်!
ဘူမသိ ဘာမသိ Styleနဲ့ ကြောင်တောင်တောင် လုပ်နေသေးရင် ကျွန်မ အပိုင်ယူလိုက်မှာနော်! "

Hae ထိုသို့ အော်လိုက်တော့မှ Xiao Zhan ခြေလှမ်းတို့ စတင်လှုပ်ရှားလာသလို။

"Hae ဒါ ဘာဖြစ်တာလဲ ကျွန်တော်နားမလည်တော့ဘူး"

Yibo တစ်ယောက်လည်း ကြောင်နေတာ ခုထိ ဖြစ်ဖြစ်သမျှကို နားမလည်နိုင်တော့။

"ဖြစ်သင့်တာ ဖြစ်စေချင်တာကို လုပ်နေတာပါ Haeက"

သူမ က ပြုံးပြုံးလေးနဲ့ ဆိုလာတော့ Yibo ပို၍ပင် အံ့သြသွားရလေသည်။

"ခလေး"

Yibo အတွေးလွင့်နေတာနဲ့ စကားသံတစ်ခုကြောင့် သတိကပ်တော့ Xiao Zhanက သူ့ရှေ့ရောက်နေပြီ ဖြစ်သည်။

"ကိုယ္နဲ့ လက်ထပ်ပါ ခလေးလေး"

သူ့ရှေ့မှာ အသာအယာ ဒူးထောက်ချပြီး လက်စွပ်ကမ်းပေးလာတဲ့ Xiao Zhanကြောင့် Yibo ပါးစပ်ကလေးဟ လာခဲ့ပေမဲ့ သူအသံတိတ်နေမိသည်။ အံ့သြသွားပါရက်နဲ့ သူ့မှာ ပြောစကားတို့က ထွက်မလာ။

Triangle {Completed}Wo Geschichten leben. Entdecke jetzt