Part-29

4.5K 378 133
                                    

Unicode

ရုတ်တရက် လဲကျသွားတဲ့ Yiboကြောင့် Xiao Zhanတစ်ယောက် နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားသည့်အလား အသက်တောင် ဝဝမရူနိုင်တော့။

"ခလေး!! ခလေး ခလေး!"

Xiao Zhan Yiboကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းတော့ သတိမေ့နေတဲ့ Yiboက သူ့ရင်ခွင်ထဲ ပြိုကျလာလေသည်။

အသိစိတ်ကင်းမဲ့နေတဲ့ Xiao Zhan​က
သူကိုယ္တိုင်ပဲ Yiboကို ဆေးရုံရောက်သည်ထိ ပွေ့ဖက်နေတာ သတိမထားမိသလို မျက်ရည်တွေ တာကျိုးသလို ကျဆင်းနေတာကိုလည်း သူသတိမထားမိတော့။

တောင်းပန်ပါတယ်လို့သာ အခေါက်ခေါက်အခါခါရေရွတ်နေတာက
တကယ် အရူးတစ်ယောက်လိုပင်။

ခွဲစိတ်ခန်းရှေ့မှာရပ်လို့ Xiao Zhanမှာ
ဟိုလျှောက်ဒီလျှောက်နဲ့ တကယ်ကို စိတ်မငြိမ်နိုင်ဖြစ်နေရလေသည်။

"ခလေး ကိုယ်တောင်းပန်ပါတယ် တကယ် မရည်ရွယ်ခဲ့ပါဘူး။ ခလေး ဘာမှ မဖြစ်လိုက်ပါနဲ့"

နှုတ်မှာလည်း Yiboအတွက် တစ်တွတ်တွတ်ရေရွတ်ဆုတောင်းနေသလိုလက်နှစ်ဖက်ကိုလည်း အချင်းချင်းပွတ်သပ်လို့ သူ့ရဲ့ မတည်ငြိမ်ကို စိတ်ကို အတင်းတွေ ဖိချုပ်နေရလေသည်။

"Yibo Yibo! "

လူကိုတောင်မတွေ့ရသေးပဲ စိုးရိမ်တကြီးအသံနဲ့ရောက်လာသူ Seoun Youn။

"Yibo~~~"

"Seoun Youn shi"

"Xiao Zhan ညီက ဘယ်လိုဖြစ်တာလဲ? ဘာလို့ ဒီအခြေအနေထိ ရောက်သွားရတာလဲ?"

မဖုံးကွယ်လိုတော့တဲ့ Xiao Zhanက Seoun Younကို အစကနေအဆုံး ပြောပြတော့ ဒေါသမထိန်းနိုင်တော့တဲ့ Seoun Younက~~~

ခွပ်!!!

ခွပ်ခနဲ မြည်သံနဲ့အတူ Xiao Zhanလည္း
နောက်သို့ တစ်ချက်ယိုင်သွားရလေသည်။

အဆိုးဆုံးအခြေအနေထိ တွက်ထားပြီးသားမို့ Xiao Zhan က ကျေနပ်နေပုံတောင် ထွက်နေလေသည်။

"မင်းထွက်သွား! မဟုတ်ရင် မင်းငါ့လက်နဲ့ သေတော့မယ်~~~ မင်းမလို့! မင်းမလို့ သူ့ကို လုပ်ရက်တယ်။ သူ့အချစ်ကိုမှ ကစားစရာအဖြစ် ဟက်! မင်းသိပ်မိုက်တယ် Xiao Zhan! သိပ်ကို ဖြူစင်လွန်းတဲ့ အဲ့ဒီကလေးကိုလေ မင်းမို့လို့ ကစားရက်တယ်!!
မိန်းခလေးတစ်ယောက်ကြောင့်နဲ့လေ သူ့ရဲ့အချစ်ကို မင်းကစားတယ်။

Triangle {Completed}Where stories live. Discover now