Part-13

5.1K 447 32
                                    

Unicode

သူတို့ ကားမောင်းထွက်လာတာ
ကြာနေပြီဖြစ်တာကြောင့် Yibo ရင်ထဲ
ကြောက်စိတ်တွေ ပိုလာလေသည်။
ပြီးတော့အိမ်မှာလဲHaeတစ်ယောက်ထဲကျန်ခဲ့တာလေ

"Xiao Zhan မင္းငါ့ကို ဘယ္ကို
ခေါ်သွားမလို့လဲ? ငါ့ကို အိမ်ပြန္ပို့ပေး"

Xiao Zhan သူ့ဘေးက Yiboကို
ဂရုမစိုက် သူသွားလိုရာကိုသာ
ဆက်၍ မောင်းနေလေသည္။

"ငါမေးနေတယ်လေ Xiao Xiao Zhan!"

Yibo စိတ်မထိန်းနိုင်ပဲ
အော်ချလိုက်တော့မှ Xiao Zhan
နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး~~~

"ငါတို့ရဲ့ အမှတ်တရတွေကို ဖန်တီးရအောင်ပါ"

"ဟင်"

နားမလည်နိုင်စွာ
ပါးစပ်အဟောင်းသားနဲ့
ကြောင်အမ်းအမ်းဖြစ်သွားတဲ့
Yiboကို လှည့်ကြည့္ရင္း Xiao Zhan
ခပ်ဟဟရယ်လို့ ကားကိုသာ
ဂရုစိုက်မောင်းနေလေသည်။

"နောက်ကျနေပြီ ငါ့ကို ပြန်ပို့ပေး"

ကားပေါ်ရောက်ကတည်းက
ပြန်ပို့ပေးဖို့သာ ပြောနေတဲ့ Yiboကြောင့်
Xiao Zhanရဲ့အပျော်တို့က
ကွဲအက်အက် ဖြစ်သွားသလိုပင်။

"ဒီမယ် Yibo မင်းက ဘာလို့
အဲ့လောက်ပြန်ချင်နေတာလဲ။
အဲ့ဟာမကြောင့်လို့တော့ မပြောနဲ့နော်"

Yibo မရည်ရွယ်ခဲ့ပေမဲ့ Xiao Zhan
စကားကို တုံ့ပြန်ဖို့နဲ့~~~

"ဟုတ်တယ် Haeကြောင့်
ငါပြန်ချင်တာ! ငါပြန်တာနောက်ကျရင်
Hae က စိတ်ပူနေမှာ ပြီးတော့သူတစ်ယောက်တည်းအိမ်မှာ"

Yiboစကားကြောင့် Xiao Zhanရဲ့
ခုဏက နူးညံ့နေတဲ့ ပုံစံက
ချက်ချင်းပြောင်းသွားပြီး
သားကောင်ကို သတ်တော့မဲ့
ဖြတ်တော့မဲ့ ကျားတစ်ကောင်လို
မာန်မဲလာတာနဲ့ သူတို့ရဲ့ကားက
လမ်းဘေးတစ်နေရာမှာ ထိုးရပ်သွားလေသည်။

မြို့ပြင်ရောက်ပြီမို့ လမ်းမှာ သူတို့ကားလေးသာ ရပ်နေလေသည်။

"မင်းအဲ့ဟာမ နာမည်ကို တရဲတယ်ပေါ့!
သူက ဘယ်လောက်ကောင်း
ဘယ်လောက်တော်နေလို့လဲ!
မင်းမစဥ်းစားရဘူး! မင်းသူ့နာမည်ကို မတရဘူး! မင်းသူ့ကို ဂရုမစိုက်ရဘူး!
မင်းမလွမ်းရဘူး! မင်းကြားလား!"

Triangle {Completed}Where stories live. Discover now