Part-46

4K 320 93
                                    

  UNICODE

"ဟေ့ကောင် မင်း ဘာလို့ ဒီလေါက်တောင် ဖြစ်ရတာလဲကွာ~~~ "

ကျန်းချန် အိပ်ယာထဲ ပက်လက်လှဲနေတဲ့ Xiao Zhanနား ရောက်လာပြီး ပြောတော့ Xiao Zhanက~~~

"သူငါ့ကို ထားသွားပြီ။ ငါတကယ် သူ့ကို ဆုံးရှုံးရပြီ ကျန်းချန်"

"မင်း ဘယ်လို ဖြစ်တာလဲ"

Xiao Zhanအကြောင်းစုံပြောပြလိုက်တော့ ကျန်းချန်ဒေါသတကြီးနဲ့ ထရပ်လို့~~~

"သူဘာလို့ ဒီလေါက်တောင် လုပ်ရက်ရတာလဲ? တကယ်သာဆို သူသိ~~~"

"ဘာကိုလဲ ကျန်းချန် ခလေးဘာသိတာလဲ မင်းသူ့ကို တစ်ခုခုပြောလိုက်တာလား"

နားမလည်သလို ​မေးလာတဲ့ Xiao Zhanကြောင့် ကျန်းချန် ပြောလက်စ စကားကို အမြန်ဖြတ်ပြီး ဘာမှ မဟုတ်သလိုသာ နေလိုက်လေသည်။

"ကျန်းချန်"

"ငါကိစ္စရှိသေးလို့ မင်းလည်း စိတ်ကို ထိန်းထားအုံး အိပ်ယာထဲ လှဲနေရတဲ့ထိက မဟုတ်သေးဘူး။ နောက်မှ သေချာတွေ့ကြမယ် "

ကျန်းချန် ထိုသို့ပြောပြီးတာနဲ့ Xiao Zhanဆီက အဖြေကိုတောင် မစောင့်ပဲ ပြေးထွက်လိုက်လေသည်။

လက်ထဲမှာလည်း ဖုန်းနံပါတ်တစ်ခုကို အသည်းအသန်နှိပ်လို့ တစ်ယောက်ယောက်ဆီ ဖုန်းဆက်လိုက်လေသည်။

~~~~

ခွပ်!!

ခဏ တွေ့ချင်တယ် ဆိုတဲ့ ကျန်းချန်စကားကြောင့် Yibo ရောက်ရောက်ချင်းမှာပဲ ပါးပြင်တစ်ဖက်က ပူထူသွားရလေသည်။

ကျန်းချန် အားသုံးပြီး ထိုးလိုက်တာကြောင့် Yibo နောက်သို့ လန်ကျလို့ နှုတ်ခမ်းကွဲသွားရလေသည်။

နှုတ်ခမ်းထောင့်မှာ စီးကျသွားတဲ့ သွေးစကို အသာတို့ထိလို့ Yibo ကျန်းချန်ကို နားမလည်သလို စိုက်ကြည့်လာလေသည်။

"မင်းငါ့ကို ကြည့်မနေနဲ့! ငါမင်းကို ဘာကြောင့်ထိုးလိုက်တယ် ဆိုတာ မင်းနားမလည်သေးဘူးလား! ဘာလို့လဲ! မင်းသူ့ကို ချစ်နေတာ မဟုတ်ဘူးလား! သူဘာဖြစ်လို့ ဘာတွေကြုံလာလို့ မင်းအပေါ်ရက်စက် ခဲ့မိတာလဲ ဆိုတာ ငါအကုန်ပြောပြ ပြီးပြီလို့ ထင်ပါတယ်။ အဲ့ဒါတေါင် မင်းက သူ့အချစ်အပေါ် ဒီလို တုံ့ပြန်လိုက်တာလား! ဟုတ်လား ! Wang Yibo! မင်းပြောစမ်း!!"

Triangle {Completed}Where stories live. Discover now