Part-34

4.5K 360 53
                                    

Unicode

ရာသီအသစ်တစ်ခု ထပ်မံကုန်သွားပြန်ပြီခလေး~~~ 5နှစ်ဆိုတဲ့ အချိန်ကာလက နည်းလွန်းနေသေးလို့လား။ ခလေးဘာဖြစ်လို့ ကိုယ့်ဆီ ပြန်ရောက်မလာသေးတာလဲ။

"မင်းကလည်း သူတို့လိုပဲ" ကိုယ်မပြောရက်ခဲ့ပါဘူး။ ကိုယ့်အမှားကြောင့် ခလေးထွက်သွားတာမလား။ ဒါပေမဲ့လေ ကိုယ့်ဆီကို လာပြီးပေါက်ကွဲပစ်လိုက်၊ ဒေါသထွက်ပစ်လိုက်လို့ရတာပဲ။ ဒါပေမဲ့ ခလေးဒီလိုတော့ ထွက်မသွားပါနဲ့လား။

ကိုယ်အရမ်းလွမ်းလွန်းလှပြီခလေးရယ်။ ကိုယ်ရူးပါတော့မယ်။ 

Weiboမှာကော Wechatမှာပါ ပျောက်ကွယ်နေတဲ့ မင်းက Instagramမှာလည်း ပေါ်မလာခဲ့ဘူး။ Onlineလောကမှာရှိမနေခဲ့သလို အပြင်လောကမှာလည်း 5နှစ်လုံးလုံး လူအင်အားကော ငွေအင်အားပါ သုံးလို့ရှာခဲ့ပေမဲ့ မင်းကို ဘာလို့မတွေ့ခဲ့ရတာလဲ။

လူတွေပြောသလို ပုန်းကွယ်ချင်တဲ့သူကို ရှာရခက်တယ်ဆိုသည့်အလား မင်းက ကိုယ့်ဘဝထဲတင်မက ကိုယ့်မျက်စိရှေ့ကပါ ပျောက်ကွယ်ပစ်ခဲ့တယ်။

ကိုယ့်နှလုံးသားထဲမှာတော့ မင်းပျောက်မသွားနိုင်ဘူးဆိုတာ မင်းလေး သိပုံမရခဲ့ဘူးထင်ပါတယ်။

Xiao Zhan သူ့ဘေးက ခေါင်းအုံးလေးကို ဆွဲယူနမ်းရှိုက်ရင်း မျက်ရည်တို့ အသွင်သွင်ကျဆင်းနေလေသည်။

ကိုယ့်မနက်ခင်းလေးက မျက်ရည်နဲ့ မလွှတ်ကင်းနိုင်တာ 5နှစ်တာရှိရောပေါ့။ ဒီမျက်ရည်တွေက မင်းလာမှ ရပ်တန့်ပေးမဲ့ပုံရတယ်။

အမြန်ပြန်လာတော့အချစ်ရယ် မင်းအိမ်ပြန်လာချိန် တန်ပြီလေ။

"ခင်များ ငိုနေပြန်ပြီလား ကျွန်တော် အလုပ်သွားတော့မယ် ခင်များ အလုပ်သွားမယ်ဆို သော့ခတ်သွားလိုက်"

ခလေးသိလား ခလေးရဲ့အစ်ကိုက ထင်သလောက်လဲ မဆိုးပါဘူး။ အစကတော့ ကိုယ့်ကို ပစ်ပစ်ခါခါမုန်းခဲ့ပေမဲ့ အခုတော့ ကိုယ့်ကို ခလေးအခန်းထဲ လာအိပ်ခွင့်ပေးတယ်။ ကိုယ်5နှစ်လုံး အိမ်မပြန်ဖြစ်ဘူးခလေး။ မင်းသာပြန်လာရင် ကိုယ်ချက်ချင်းတောင်းပန်နိုင်အောင်လို့လေ။

Triangle {Completed}Where stories live. Discover now