Part-21

4.3K 357 78
                                    

Unicode

Xiao Zhanတစ်ယောက်ကတော့
သူ့ရဲ့ ချစ်သူအသစ်စက်စက်ကလေးကို
ရင်ခွင်ထဲထည့်သွင်းလို့ ကမ္ဘာကြီးကို အပိုင်ရလိုက်သလို အပျော်ကြီးပျော်နေလေသည်။

"အခုတော့ မင်းနှလုံးသားက
ငါ့ချစ်သူဖြစ်ပြီ Angle" ဆိုတဲ့
စကားကို Xiao Zhanက Yiboရဲ့
နှုတ်ခမ်းကိုသိမ်းပိုက်ရင်းနဲ့
စိတ်ထဲ ကြိမ်းဝါး၏။

သူ့ကိုပြုံးပြနေတဲ့ Yiboရဲ့ မျက်ဝန်းတောက်တောက်လေးကို ငေးကြည့်ရင်း
သူခိုးကြည့်ဖူးတဲ့ မျက်ဝန်းနက်နဲ့
လူသားလေးကို သတိရ၏။

တောင်းပန်ပါတယ် Yibo
မင်းကို အသုံးချခဲ့မိလို့။

~အချစ်တဲ့ လူတွေကို ကြည်နူးမှုပေးသ
လောက် ရင်ကိုပူလောင်စေတာကလည်း
အချစ္ပါပဲ။

Hae Yeonတစ်ယောက်  သူမရဲ့လက်ကောက်ဝတ်ကို ဖွဖွလေးကိုင်ကြည့်နေမိလေသည်။

အထူးသဖြင့် Yibo ဆုပ်ကိုင်သွားတဲ့
လက်တစ်ဖက်။

ချစ်မိသူပေမို့လား ခဏတာ
ရလိုက်တဲ့ လှုံခြုံမှုပေမဲ့ ကျွန်မ
ခိုလှုံချင်မိတယ်။

မျက်ရည်နွေးနွေးတို့က
မျက်နှာထက် ဖြတ်ပြေးစီးဆင်းတယ်
ပျော်လွန်းလို့ ကျခဲ့တာတွေပါ။

ချစ်ရသူပျော်တာကို မြင်ရတာ
ဘယ်သူက မ​ပျော်ပဲနေမလဲ။

အညိုးကြီးလိုက်တဲ့ Xiao သခင်လေး
ပြန်လည်တုံ့ပြန်ချက်က ပြင်းလွန်းတယ်။
သူ့စွဲလမ်းစိတ်က ကြောက်ဖို့ကောင်းလိုက်တာ။ Yiboရယ် စိတ်ပူလိုက်တာ။

သူမထိုင်ခုံကနေ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း အတွေးတို့ နယ်ချဲ့နေမိလေသည်။

တစ်နေကုန် အခန်းထဲ ပြန်ရောက်မလာတဲ့
နှစ်ယောက်က စာတွေကို ပျော်ပျော်ကြီး
အလွှတ်ခံလိုက်ပုံရသည်။

ဟုတ်ပါတယ်လေ။ ခုမှဖူးပွင့်ခါစအချစ်တွေဆိုတော့ ကြည်နူးနေမှာပေါ့။ မနေနိုင်တဲ့ ကိုယ်ကပဲ Yiboစာအုပ်ကို ထုတ်လို့ စာကူးပေးမိတဲ့ သူ့ကိုယ်သူကို Hae Yeonအနည်းငယ်တော့ ရယ်လိုက်မိလေသည်။

သြော် လူတွေ ဖြစ်မှ ဖြစ်ရလေ။

"Xiao Zhan ကျွန်တော်တို့ အခန်းပြန်ရအောင်"

Triangle {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ