Part-18

4.2K 363 30
                                    

Unicode

Hae ကဒီနေ့မှအရမ်းငြိမ်လွန်းနေတာကို
Yibo သိပ်အလိုမကျ။
သူ့မှာသူငယ္ချင်းဆိုလို့ ဒီကောင်မလေးတစ်ယောက်ပဲ ရှိတာမလား??

"Hae တစ်ကယ်နေကောင်း
ရဲ့လား? ဘာလို့ ငိုင်တွေနေတာလဲ?"

Yibo ပြောပြောဆိုဆိုနဲ့
Haeရဲ့ လက်ဖဝါးကို ကိုင်ကြည့်နေပြန်သည်။

သူကတော့ သဘောရိုးနဲ့ စိတ်ပူနေပေမဲ့
Haeကတော့ ရင်ခုန်ရလွန်းလို့
လက်ပါတုန်ချင်လာလေသည်။

ထိုအရာကို သဘောကျပုံမရတဲ့
Xiao Zhanကတော့ သူသတိမထား
မိတဲ့ အချိန်မှာပဲ သူ့လက်ထဲက ကိုင်ထားတဲ့
Penလေး ကျိုးသွားရလေသည်။

ဂျွတ်

Hae Yeonမှာ ရင်ခုန်လို့မဆုံးသေး
Yiboကလည်း ပူထူနေတုန်း
ဂျွတ်! ဆိုတဲ့ အသံကြောင့်
နှစ်ယောက်သား ကြောင်နနလေးနဲ့
Xiao Zhanဘက် ပြိုင်တူလှည့်ကြည့်လာလေသည်။

ဂလု!

နှစ်ယောက်သား ပြိုင်တူ
တံတွေးမြိုချမိလေသည်။
မသိရင် သူတို့ အမဲဖျက်ခံရတော့
မည့်ပုံစံမျိုး ဖြစ်နေပြီမလား။

"Xiao Xiao Zhan~~~"

Yiboရဲ့ အသံတုန်တုန်လေး
နောက်မှာတော့ Xiao Zhanက
ဘာမပြော ညာမပြောပဲ
Yibo လက်ကောက်ဝတ်ကို
ဆတ်ခနဲ ကောက်ဆွဲလို့
အားကြီးနဲ့ အခန်းထဲကနေ
ဝုန်း ဒိုင်း ကျဲ ထွက်သွားလေသည်။

"Xiao Xiao Zhan ခဏ အ့ နာတယ်
ငါ့လက်ကိုလွှတ်"

Xiao Zhan Yiboကို
အတင်းဆွဲခေါ်လာပြီး ကျောင်းရဲ့
အကွယ်တစ်နေရာရောက်မှ
နီရဲနေတဲ့ Yiboရဲ့လက်ကို
လှွတ်ပေးလေသည်။

"နောက်ဆို အဲ့ဟာမ နားမှာ
မနေနဲ့!!"

သူဘာမှ မလုပ်ရသေးခင္
ထွက်လာတဲ့ Xiao Zhan
စကားကြောင့် Yibo ပါးစပ်
အဟောင်းသား ဖြစ်သွားရလေသည်။

"ခင်များဘာဖြစ်နေတာလဲ
Xiao Zhan သူက
ကျွန်တော့် သူငယ်ချင်းလေ
တစ်ဦးတည်းသော သူငယ်ချင်း"

Yibo စကားကြောင့် Xiao Zhan
ဟက်ဟက်ပက်ပက်ရယ်ပြီး~~~

"မင်းဘက်ကတော့ သူငယ်ချင်းပေါ့
သူကတော့ မင်းကို
ဆွဲစားချင်နေတာလေ!"

Triangle {Completed}Where stories live. Discover now