Part-40

4.1K 333 28
                                    

Unicode

"ခလေး ခလေး ထတော့ ရောက်ပါပြီ ခလေး"

"အင်း"

တစ်လမ်းလုံးအိပ်ပျော်လာတဲ့ ခလေးက ကျွန်တော်တို့ ဟိုတယ်ရောက်လာသည့်တိုင် နိုးမလာခဲ့။ ကျွန်တော် အသာလေးလှုပ်နိုးတော့မှ အင်း ဆိုတဲ့ အသံပီစိလေးနဲ့အတူ မျက်လုံးမှေးမှေးလေးနဲ့ ကျွန်တော့်ကို ကြည့်လာတယ်။

"ခင်များ ဘာလုပ်တာလဲ ဖယ်!"

"အင့်!"

Yibo နိုးလာတော့ သူ့ကိုယ်ပေါ် အုံ့မိုးသလို ဖြစ်နေတဲ့ Xiao Zhanကို မြင်တော့ လန့်သွားတာနဲ့ Xiao Zhanကို အားစိုက်တွန်းမိသွားလေသည်။

အနောက်သို့ အနည်းငယ်လန်ကျသွားရပေမဲ့ Xiao Zhan အပြုံးမပျက်ခဲ့။

"ကိုယ်က ခလေးကို နိုးလိုက်ရုံပါ ဟိုတယ်ရောက်နေပါပြီ"

"သြော် အင်း"

ခလေး အနေခက်မှာစိုးလို့ ကားပေါ်အမြန်ဆင်းလို့ အရင်ဦးအောင် ရပ်စောင့်လိုက်မိတယ်။ ခလေးအနေရခက် စေတာမျိုး ကျွန်တော်မလုပ်ချင်ဘူး။

ခလေး ကျွန်တော်ဘေးမှာ ရှိနေတယ် ဆိုတာနဲ့တင် အရာရာ ဟာပြည့်စုံပြီးသား။

~
~
~

"အားတော့နာပါတယ် ဧည့်သည် ကျွန်မတို့ဘက်က တစ်ကယ်ပဲ တစ်ခန်းပဲ ရှိတော့လို့ပါ။"

Xiao Zhanတကယ်မတတ်နိုင်တော့  အခုက အခန်းက တစ်ခန်းတည်း ရွာမြို့ဆိုတော့ တည်းခိုခန်းက ဒီတစ်ခုတည်းရှိနေတော့ သူလည်းမတတ်နိုင်တော့။

သူကတော့ Yiboနားနေချင်ပေမဲ့ Yiboက သူ့နားမနေချင်မှာစိုးရိမ်စိတ်နဲ့ Xiao Zhan တကယ် မသက်မသာလှ။

အနေခက်တဲ့ပုံရတဲ့ Xiao Zhanကြောင့် Yiboကပဲ သက်ပြင်းတစ်ချက်ချရင်း~~~

"ကျွန်တော်တို့ နှစ်ယောက် အတွက် စီစဥ်ပေးပါ"

Yibo စကားလည်း ကြားရော Xiao Zhan ဝမ်းနည်းဝမ်းသာနဲ့ ငိုချင်စိတ်ပေါက်လာလေသည်။  အခုမှ လူလည်း အထိအခိုက်မခံနိုင်တဲ့ ကြွေခွက်လေးလိုပဲ။

"ခလေး ရေအရင်ချိုးမလား "

အဝတ်တွေကိုနေရာတကျ ချရင်း
Xiao Zhanမေးတော့ Yibo က ~~~

Triangle {Completed}Where stories live. Discover now