Part-49

4.7K 323 114
                                    

Unicode

  အခု ကျွန်တော်ဟာ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ ထမင်းဝိုင်းမှာ ထိုင်လို့ ဟန်ဆောင်အ​ပြုံးလေးတွေနဲ့ စားသောက်နေခဲ့တယ်။

ချစ်ရသူရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေရတဲ့ ကျွန်တော်ဟာ ချစ်ရသူဘေးနားက မိန်းခလေးငယ်လေးလောက်တော့ အရေးပါမနေခဲ့။

မြင်နေပါရက်နဲ့ ဆုပ်ကိုင်လို့မရတဲ့ ရေအိုင်ထဲက လရိပ်လို ငေးကြည့်လို့ရပေမဲ့ ဆုပ်ကိုင်လို့တော့ မရခဲ့။

ထမင်းဟင်းတွေ ခူးခတ်ပေးနေကြတဲ့ ထိုလူသားလေးတွေဟာ အပြင်ဘက်ကသာ ကြည့်ပါလျှင် သိပ်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးပေါ့။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲ ဝင်ကြည့်ခဲ့ရင်တော့ သိပ်ကို လောင်မြိုက်လွန်းနေပါတယ်။

မဆိုင်သလို အပိုလူသက်သက် ဖြစ်ခဲ့ရတဲ့ ခံစားချက်ကို ခုတော့ ကျွန်တော် ကောင်းကောင်းခံစားလိုက်ပါပြီ။

တစ်ချိန်တုန်းက မင်းခံစားရတာကို ကိုယ်စာနာတတ်ပါပြီ ခလေးရယ်။ ဒါပေမဲ့ ကိုယ်အသိရှိလာချိန်မှာတော့ မင်းက ရှိမနေတော့ဘူး။

ချစ်တယ်လို့ နေ့တိုင်း တစ်ဖွဖွ ပြောချင်ခဲ့ပေမဲ့ ခုတော့ မဖြစ်နိုင်တော့ဘူး။ လူတွေ အသိပေး ပြောစကားလေးတစ်ခွန်းရှိတယ် "နောက်မှ နောင်တရမယ်"တဲ့။ ခုတော့ကိုယ်လေ အချိန်လွန်နောင်တတွေထဲ ပိတ်မိနေပါပြီ။

တကယ် ဘယ်နောင်တကမှ ချိုမြိန်မနေခဲ့ပါလား။

ကားပေါ်တက်ခါနီး ကိုယ့်ဆီအပြေးလေးလာနေတဲ့ မင်းလေး။ စိတ်များပြောင်းသွား၍လား ဆိုပြီး တွေးပျော်မိပေမဲ့ တကယ်တန်း မင်းလေး ကမ်းပေးလာတဲ့ ဖိတ်စာပန်းရောင္နုနုလေးကို လက်ခံမိတဲ့ချိန်မှာတော့ ကိုယ့္ရဲ့ နှလုံးသား ကြေမွနေပြီဖြစ်မှန်း သတိထားမိတော့တယ်။

လုပ်ရက်နိုင်လွန်းတယ်လို့ အပြစ်ဆို လိုက်ချင်ပေမဲ့ ချစ်ရသူက ပြုံးပြလာချိန်မှာတော့ အရာရာဟာ ချစ်ရသူစိတ်တိုင်းကျဖို့ အရေးကြီးသွားပါတယ်။

"ဆက်ဆက် လာခဲ့ပေးပါ"တဲ့ တမြေ့မြေ့နဲ့ လောင်သတ်ဖို့ သူကြံတယ်။ ကျေကျေနပ်နပ်ကြီး လောင်မြိုက်လိုက်ပါ့မယ် မင်းသာ အလိုကျ ရှို့တော်မူလေ။

Triangle {Completed}Where stories live. Discover now