Part-36

4.3K 351 21
                                    

Unicode

သိပ်ကို လွမ်းရတဲ့ ကိုယ်လုံးသေးသေးလေးရယ်၊ ကိုယ်သင်းနံ့ မွှေးမွှေးလေးရယ် အခုတော့ ကျွန်တော့်ရင်ခွင်ထဲ ရောက်နေပါပြီ။

ဘယ်တော့မှ လက်မလွှတ်တော့ဘူး။

"အ့ Xiao Zhanခင်များ ဘာလုပ်တာလဲ! လွှတ်စမ်း!"

"အိမ်မက် မဟုတ်ဘူးမလား ခလေး ခလေး တကယ်ပြန်လာတယ်မလား အိမ်မက်မဟုတ်ဘူး"

"လွှတ်စမ်းလို့!"

ခွပ်!!

အားပြင်းပြင်းတွန်းလှန်မှုနောက်မှာတော့ Xiao Zhanရဲ့ ပါးပြင်တစ်ဖက်ဟာ ချက်ချင်းပူထူသွားရလေသည်။

"ရူးနေတာလား! ကျွန်တော်က ခင်များခလေးမဟုတ်ဘူး! မူးနေရင်လည်း ကိုယ့်ဘာသာအေးဆေးနေ! ပြီးတော့ မှတ်ထားကျွန်တော်က ယောက်ျားလေး ယောက်ျားတွေကို စိတ်မဝင်စားဘူး!"

Yiboတစ်ယောက်တော့ ဒေါသကြောင့် လည်ပျင်းကျောတွေထောင်လာပြီး သူ့အဝတ်ကိုသေချာဆွဲပြီး အခန်းထဲကနေ ဝုန်းဒိုင်းကျဲထွက်သွားလေသည်။

Xiao Zhanတစ်ယောက်တော့ နာနေတဲ့ ပါးပြင်ကို ထိတွေ့ရင်း သူ့ကိုပြောသွားတဲ့ Yiboရဲ့ စကားသံကိုကြားယောင်ပြီး အဝတ်တွေ သေချာပြင်လို့ ဒေါသတစ်ကြီးနဲ့ ထွက်သွားတဲ့ Yiboရဲ့ ပုံရိပ်ကိုသာ တွေးပြီး  မျက်ရည်တွေ ကျနေလေသည်။

ကျန်းချန်တစ်ယောက် ဒေါသတစ်ကြီးနဲ့ ထွက်သွားတဲ့ Yiboကို တွေ့တာကြောင့် သူအမြန်ပဲ ရုံးခန်းထဲပြေးဝင်တော့ တွေ့ရတဲ့ မြင်ကွင်းကြောင့် လူက ပူထူသွားရလေသည်။

ကြမ်းပြင်မှာ ဒူးထောက်လို့ လက်ဖဝါးမှာ မျက်နာအပ်ပြီး ငိုနေတဲ့ Xiao Zhanကို တွေ့ရတော သူ့မှာ အမြန်ဆွဲထူလိုက်ရလေသည်။

"Xiao Zhanစိတ်ထိန်းပါကွာ သေချာပေါက်နည်းလမ်းရှိလာမှာပါ"

"သူ  သူ ငါ့ကို မုန်းသွားပြီ ကျန်းချန် သူငါ့ကို မုန်းသွားပြီ ဟင့်~ ငါဘယ်လိုလုပ်ရမှာလဲ"

Xiao Zhanမပီသစွာပဲ Xiao Zhanဟာ ကြမ်းပြင်ပေါ်ပုံ့ပုံ့လေးလဲကျလို့ ရှိုက်ကြီးတငင်ကို ငိုကြွေးနေလေသည်။

ကျန်းချန်ကတော့ ဘာမှမတတ်နိုင်တာကြောင့် Xiao Zhanကို သနားနေရုံကလွဲ သူတကယ် ဘာမှ မလုပ်နိုင်တော့။

Triangle {Completed}Where stories live. Discover now