EXTRA

4.4K 286 37
                                    

Unicode

"ခလေးလေး လာကိုကို ငါးရိုးနွှင်ပေးမယ်"

"ဟုတ်ကိုကို"

"ခလေးလေး ဒီအသားလေးစား နူးနူးညံ့ညံ့လေးလေ"

"ဟုတ်ကိုကို"

"ခလေးလေး ပုဇွန်စား ကိုယ်အခွံခွါထားပြီးပြီနော်"

"~~~"

"ခလေးလေး ပါးစပ်ဟ  အသားစား"

"ခလေးလေး နံနံပင်"

"ခလေးလေး ကိုလာသောက်"

"ခလေးလေး~~~"

ပျော်ပွဲစားထွက်မယ် ဆိုပြီး အားလုံးက အားတက်တရောနဲ့ ကမ်း​ခြေဘက်ကို ရောက်လာလေသည်။

နေ့လည်ပိုင်း အလာခရီးက အကောင်းဆိုပေမဲ့ ညနေဘက် အစားအစာတွေ ဝိုင်းစားသောက်တဲ့ အချိန်ကျမှာ Xiao Zhanရဲ့ ခလေးချင်းထပ်နေတဲ့ အသံတို့ကြောင့် အားလုံးက အမြင်ကပ်ချင်လာလေသည်။

ချစ်တာက ချစ်တာဟုတ်နေပြီ ဒါပေမဲ့ Xiao Zhanလုပ်နေပုံကိုက ပိုကိုပိုနေသည်။

ပြောရရင် Yibo အသားကင်မှာကို ခလေးလေးလက်ပူမယ် လက်ပူမယ်နဲ့ သူ့ခလေးလက်ကို ဆွဲယူပြီး ထိုင်ခုံမှာ ထိုင်စောင့်ခိုင်းနေတာမျိုး။

သွားဆော့နေပါဆိုလည်း မဟုတ်ပဲ ထိခိုက်မယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်နဲ့ သူက အနုနည်းနဲ့ ပိတ်ပင်နေတာမျိုး။ အကြောင်းကတော့ သူ့ခလေးကို မမြင်ရရင် လွမ်းလို့တဲ့။

ဒါတေါင်မကသေး သူ့ခလေးက အစားအစာတွေဝိုင်းသယ်တော့လည်း ခလေးရဲ့ လက်နုနုလေး နီသွားမယ်တဲ့။

မျက်စိကို လာကန့်လန့်ဖြစ္သွားပြီ။ Faတွေကိုမှ အားမနာ ဂရုစိုက်ပြနေတာ အပျိုကြီးဖြစ်နေတဲ့ ကျန်းချန်တောင် လင်လိုချင်သွားရသည်။

ဟိုကလည်း မွန်းကြပ်မနေဘူးလားမသိ ပြုံးတုံ့ပြုံးတုံ့နဲ့ သူ့လင်လုပ်ပေးသမျှကို ငြိမ်ခံနေတာတဲ့။ အမြင်ကပ်စရာ စောင်Rsတွေ။

"ဒီမှါ Xiao Zhan မင်းရဲ့ ခလေးလေးကို မင်းအဲ့လောက်စိတ်ပူနေရင်လည်း ပါးစပ်ထဲထည့်ပြီး ငုံထားလိုက်ပါလား။ ကြည့်ရတာ ငါအန်ချင်လာပြီ။ မင်းလုပ်နေပုံနဲ့ ကြာရင် Yiboရဲ့ အကြောတွေလည်း သေသွားအုံးမယ်။ မသိရင် Yiboက လူမမာ ကျနေတာပဲ"

Triangle {Completed}Where stories live. Discover now