Part-32

4.6K 408 57
                                    

Unicode

ကျွန်တော် ခလေးနားတိုးသွားတာနဲ့ ခလေးက ထိုင်ရင်းနဲ့ကို နောက်ဆုတ်သွားတယ်။

ခလေးရယ်။

ကိုယ့်ကို ဒီလေါက်တောင် မုန်းသွားတာလား။ ခလေးကိုယ်လေ~~~

"ခလေးကိုယ်တောင်းပန်ပါတယ်။ ကိုယ် ကိုယ်ရှင်းပြတာ နားထောင်အုံးနော်"

မျက်ရည်စက်လေးတွေ အသွင်သွင်ကျလို့ ခလေးက ခေါင်းကို အတင်းခါပြတယ်။
ကျွန်တော် ဒီလိုဖြစ်စေချင်တာ မဟုတ်ဘူးလေ။

"ခလေး~~~"

"မခေါ်နဲ့! ခင်များမချစ်ပဲ မခေါ်နဲ့။ ခင်များ မချစ်ပဲ မကစားပါနဲ့တော့ ကျွန်တော် ပင်ပန်းနေပြီလို့! ကျွန်တော်မောနေပြီ!"

"ခလေး ကိုယ်ရှင်းပြတာ နားထောင်ပါအုံး ကိုယ်~~~"

"ထွက်သွား! ထွက်သွားလို့! နားမထောင်ဘူး နားမထောင်ချင်တော့ဘူး! ခင်များလိမ်တယ်  ခင်များညာတယ်! ခင်များ ကျွန်တော့် အချစ်ကို ကစားတယ် အီးဟီး~~~"

ကျွန်တော် ခလေးကို ဖက်မယ်လုပ်တော့ ခလေးက အားကုန်တွန်းထုတ်တယ်။
နားလေးနှစ်ဖက်ကို လက်လေးနဲ့ အုပ်လို့ အသဲအသန်ငိုတော့တယ်။ နာကျင်လိုက်တာ။

"ခလေး ခလေး ကိုယ်ပြောတာ နားထောင်ပါအုံး ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်"

"ဟင့် လွှတ်! ကျွန်တော့်ကို လွှတ်!!"

ငိုယိုနေတဲ့ ခလေးကို ကျွန်တော်မရမက ဆွဲဖက်ပြီး ချုပ်ထားတော့ ခလေးက အတင်းကို ရုန်းကန်လာတယ်။ ကျွန်တော်ဖက်ထားရင် သဘောတကျ ထပ်မံတိုးဝင်တတ်တဲ့ ခလေးက ကျွန်တော့်ကို ရွံစရာ ပစ္စည်းတစ်ခုလို အထိမခံပဲ အတင်းကိုရုန်းထွက်တယ်။

"ခလေး ကိုယ်ရှင်းပြတာ နားထောင်ပါအုံး~~~"

"ဟင့်အင်း နားမထောင်ချင်ဘူး~ နားမထောင်ဘူး~ ခင်များလိုလူရဲ့ပါးစပ်က အလိမ်အညာကလွဲဘာမှ ထွက်လာမှာမဟုတ်ဘူး! ကျွန်တော်မယုံတော့ဘူး ခင်များကို ကျွန်တော် ဘယ်တော့မှ မယုံတော့ဘူး! ထွက်သွား! ခင်များထွက်သွား!!"

"ခလေး~~~"

"ထွက်သွားလို့! ထွက်သွား!"

ချစ်ရသူဆီက ခါးခါးသီးသီးနင်ထုတ်ခြင်းခံရမယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိထားဘူး။ တကယ်ကြုံလာတော့ အရမ်းခံစားရတာပဲ။ နာကျင်တယ် မွန်းကြပ်နေပေမဲ့ ကျွန်တော် ပြောမထွက်ခဲ့ဘူး။

Triangle {Completed}Où les histoires vivent. Découvrez maintenant