Part-44

3.8K 296 49
                                    

Unicode

"ခလေး ကိုယ်တစ်ခုလောက် တောင်းဆိုပါရစေလား"

ဘာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်လာတဲ့ Yiboကြောင့် Xiao Zhan အရဲစွန့်ပြီး~~~

"ကိုယ်တို့ အရင်လို ပြန်ဖြစ်လို့မရတော့ဘူးလား"

သူ့ ရဲ့ လက်ကို အသာဆွဲယူပြီး ထိုသို့ပြောလာတဲ့ Xiao Zhanကြောင့် Yibo အလန့်တကြားနဲ့ လက်တွေ ပြန်ရုတ်ဖို့ လုပ်ခဲ့လေသည်။ ဒါပေမဲ့ သန်မာတဲ့ထိုလက်တွေကြား သူမလွှတ်ခဲ့။

"ခင်များ ဒါဘာလုပ်တာလဲ ကျွန်တော့်လက်ကို လွှတ်!"

"ကိုယ်တောင်းပန်ပါတယ် ကိုယ္တို့ အရင်လို ပြန်ဖြစ်ကြရအောင်လေနော် ခလေးနော်"

သူရှေ့မှောက်မှာ ဒူးထောက်ချလို့ တောင်းပန်စကားဆိုလာတဲ့ Xiao Zhanကြောင့် Yibo ရင်ထဲ အမည်မသိတဲ့ ခံစားချက်က လှိုက်တက်လာလေသည်။

မာန်မာန ထောင်လွှားပါချည်ရဲ့ ဆိုတဲ့ Xiao သခင်လေးက သူ့ရှေ့မှာ ဒူးထောက်နေတာလားပေါ့။

ကျွန်တော့်ကိုမော့ကြည့်လာတဲ့ ထိုမျက်ဝန်းနက်တွေကို ကျွန်တော် မကြည့်ချင်ဘူး။
သူတို့က ကျွန်တော့်ကို ကျဆုံးစေတဲ့ စက်ဝိုင်းတွေအကုန်ပဲ။

"ခလေး"

"ခင်များ ထတော့ ကျွန်တော် ခင်များ ဘာပြောနေတာဆိုတာ နားမလည်ဘူး"

"မဟုတ်ပါဘူး ဘယ်လောက်ပဲ ဖုံးဖိနေစေတော့ ခလေးက Wang Yiboဆိုတာ သေချာနေပြီ။ ကိုယ့်နှလုံးသားကလာတဲ့အဖြေမို့ လုံးဝမမှားဘူးလို့ ကိုယ်ယုံတယ်"

"ခင်များ~~~"

Yibo ဘာစကားမှ ဆက်မဆိုဖြစ်တော့ ရှေ့တိုးမရ နှုတ်ဆုတ်လို့လည်း မရတဲ့အခြေအနေမှာ သူXiao Zhanစကားကို ဖြေကိုဖြေရမဲ့ အခြေအနေဖြစ်နေလေသည်။

"ကိုယ်တောင်းပန်ပါတယ် အရင်လိုပြန်ဖြစ်ရအောင်နော် ခလေးနော်"

"အာ ရှုပ်တာဗျာ ကျွန်တော် စဥ်းစားပေးမယ် ဟုတ်ပြီလား ဖယ်တော့ ကျွန်တော့်အပေါ်ကနေ"

ပြောရင်းဆိုရင်း သူ့အပေါ် အုံ့မိုးတော့မတတ် ဖြစ်လာတဲ့ Xiao Zhanက Yibo စကားကြားတာနဲ့ မျောက်အုံးသီးရသလို မျက်နှာနဲ့ ပီတိဖြာလျက်နဲ့ သူ့ပေါ်ကနေ ကုန်ရုန်းထလေသည်။

Triangle {Completed}Where stories live. Discover now