"ကျောက်စိမ်းအပိုင်းတွေမှ အများကြီးပဲ...
ခင်ဗျား သေသေချာချာဂရုတစိုက်နဲ့လုပ်"
ယူရှောင်းမိုက အပိုင်းလေးတစ်ခုယူလိုက်ကာ
လင်းရှောင်လက်ထဲ ထိုးထည့်လိုက်ရင်း
အပြုံးလေးတစ်ခုနဲ့ပြောလိုက်၏။

သို့သော် ထိုကဲ့သို့ပြောပြီးနာရီဝက်အကြာတွင်
သူနောက်ထပ်နောင်တရစရာမရှိတော့ပေ။

'သေသေချာချာဂရုတစိုက်နှင့်လုပ်ခြင်း' ၏
ရလဒ်ကတော့ လင်းရှောင်ခြေရင်းတွင်
စုပုံနေသည့် ကျောက်စိမ်းအစအနများပင်
ဖြစ်တော့သည်။ ထိုအပုံကြီးမှာ တစ်စင်တီမီတာ၊
နှစ်စင်တီမီတာလောက်ရှိပြီဖြစ်ပြီး
ကျောက်စိမ်းအပိုင်းလေး နှစ်ဆယ့်သုံးခုလောက်
အလကားဖြစ်သွားပြီဖြစ်သည်။

တည်ငြိမ်အေးဆေးနေသည့်လင်း​ရှောင်က
သူ့လက်ပေါ် ကကျောက်စိမ်းအစအနများကို
မှုတ်ထုတ်လိုက်ကာ အသစ်တစ်ခုယူလိုက်၏။

ယူရှောင်းမိုက သူ့လက်ကိုတားလိုက်ပြီး
စူးရှသည့်အကြည့်နဲ့ကြည့်လိုက်သည်၊
"မှန်မှန်ပြော ၊ အဆောင်တစ်ခုမအောင်မြင်သေးခင်
ဘယ်လောက်ထိဖြုန်းရဦးမှာလဲ?"

မေးကိုသပ်လိုက်ရင်း လင်းရှောင်
စဉ်းစားကြည့်လိုက်သည်၊ "အခုငါးရာလုံး
သုံးရင် တစ်ခုလောက်တော့ရမယ်ထင်တယ်"

ယူရှောင်းမိုမှာ ရှူးရှူးရှဲရှဲဖြစ်သွားတော့သည်၊
"အသုံးဖြန်းကြီးတဲ့လူကြီး.... ခင်ဗျားကို
သေတဲ့ထိလက်သီးနဲ့ထိုးမယ်"

နယ်မြေပြောင်းအဆောင်လက်ဖွဲ့တစ်ခုကို
စွမ်းအင်ကျောက်တုံးဆယ်သန်း ၊
ရှုန်းရှောင်ဆီကဝယ်လိုက်လဲရတာပဲ၊
အနဲဆုံးတော့ လျှော့ဈေးတောင်ရရင်ရဦးမယ်။

"စိတ်မတိုပါနဲ့ဦး ၊ ကိုယ်ပြောတာနားထောင်"
လင်းရှောင်က သူ့ကိုလှမ်းဆွဲပြီးဖက်ထားလိုက်သည်၊
"စဉ်းစားကြည့်လေ ၊ လက်ဖွဲ့တစ်ခု
မလုပ်နိုင်ခင် ကျောက်စိမ်းအပိုင်း
တစ်ရာနှစ်ရာလောက်သုံးရမယ်လို့ပြောလဲ
မင်းမခံစားရဘူးလား? ငါးရာလို့ပြောလိုက်ရင်
မင်းပိုခံစားရမှာလား ၊ မဟုတ်ဘူးလေ?"

"ဒါဆို ၊ ခင်ဗျားကြီးက ကျွန်တော်ပိုခံစားရအောင်
လုပ်တာပေါ့?" ယူရှောင်းမိုမှာ ပါးစပ်တွန့်
သွားလေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now