အဲ့ဒီ့အချိန်ကျမှပဲ လက်ဆောင်ပြင်လာဖို့
မေ့သွားတာကို ယူရှောင်းမိုသတိရသွားလေသည်။

ပထမတော့ ဖုန်းချီယွင်ကိုကယ်ဖို့
သွေးစွေးနီကလန်ရဲ့ပိုင်နက်ဆီ အလောတကြီး
သွားနေခဲ့ရပြီး ပွဲတက်၊ မတက်ကို
မစဉ်းစားရသေးတာကြောင့် လက်ဆောင်
အကြောင်းမေ့သွားခဲ့သည်။

ယူရှောင်းမိုက သူ့နယ်မြေထဲမှာဘာရှိလဲ
ဆိုတာ မြန်မြန်တွေးကြည့်လိုက်၏။

သူ့နယ်မြေထဲက အဖိုးတန်ဆုံးပစ္စည်းမှာ
စိတ်စွမ်းအင်ရေဖြစ်သည်၊ ဒါပေမယ့်
သွေးစွေးနီကလန်ကလူတွေရှိနေခြင်းကြောင့်
ထုတ်လို့မရ။ စိတ်စွမ်းအင်ရေက နယ်မြေထဲကဆိုတာ
ကိုသာ သူတို့သိသွားရင် တောင်ပိုင်းတိုက်မကြီး
ကနေ အသက်ရှင်လျက်ထွက်သွားနိုင်မှာ
မဟုတ်လောက်ဘူး။

ဒုတိယအဖိုးတန်ဆုံးက မှော်ဆေးလုံးတွေ၊
ဒါပေမယ့် မှော်ဆရာအစည်းအရုံးက
သက်တန့်ဆေးလုံးနဲ့ဆိုရင် သူ့ရဲ့
အဆင့်တစ်ဆယ်ဆေးလုံးတွေကို ပေးလို့
မရတော့ဘူး။

မှော်ဆေးပင်ဆိုရင်လဲ အနဲဆုံးအဆင့်တစ်ဆယ်နဲ့
အထက်လောက်ဖြစ်မှရမှာဆိုတော့
ဒါလဲ မရဘူး။ သူ့မှော်ဆေးပင်စိုက်ခင်းမှာ
အဆင့်တစ်ဆယ်နဲ့အထက်ဆေးပင်တွေတော့
ရှိပါရဲ့၊ ဒါပေမယ့် အဆင့်ဆယ့်တစ်ဆေးပင်က
ကြီးထွားဖို့ကြာလွန်းတယ်၊ သူ့ဆေးပင်တွေက
လသားအရွယ်ပဲရှိသေးတာကြောင့်
ဘယ်တစ်ခုမှမရင့်မှည့်သေးဘူး။
မရင့်သေးတဲ့ပင်စည်ကိုလဲ လက်ဆောင်
ပေးလို့မရဘူး၊ အဲ့လိုဆိုရင် အရမ်းဈေးပေါပြီး
သူများတွေကရှုတ်ချကြလိမ့်မယ်။

ယူရှောင်းမိုက ထပ်စဉ်းစားလိုက်ပြီးနောက်
လက်ဆောင်ပေးလို့ရတဲ့အရာ ဘာမှမရှိတာကို
သိသွားသည်။

လူတိုင်းက လက်ဆောင်ပေးဖို့ထသွားနေကြတာကို
ကြည့်ရင်း ယူရှောင်းမိုမှာ ချွေးအေးများ
ပြန်လာတော့သည်။ လင်းရှောင်နားကို
တိတ်တိတ်လေးရွှေ့သွားလိုက်ပြီး
သိပ်တော့မျှော်လင့်မထားတဲ့အသံနဲ့
မေးလိုက်သည်၊
"ခင်ဗျား လက်ဆောင်ပြင်လာခဲ့လား?"

လင်းရှောင်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်၊
"ဘယ်လိုထင်လဲ?"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now