~~~~

မလာစဖူး လက်ဆောင်လေးက မင်းမင်္ဂလာပွဲမရောက်ခင် တစ်ညအလိုမှာ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။

လက်မှတ်ထိုး လက်ခံလို့ ယူကြည့်လိုက်တော့ From Wang Yiboတဲ့ Lan Yibo မဟုတ်လို့ ကိုယ်ပြုံးမိသေးတယ်။ ရူးရူးမိုက်မိုက်ပါပဲ Wang Yiboနဲ့ Lan Yibo သာ တစ်ယောက်တည်းမဟုတ်ခဲ့ရင် အကောင်းသားလို့ ကိုယ်ရူးပြီး တွေးခဲ့ဖူးပြီ။

္ဒီအခါသမယမှာလေ Xiao Zhan မပီသစွာပဲ လက်ဆောင်ဖွင့်ကြည့်ဖို့ အရေး လက်တုန်ရပါတယ်။ မင်းဆီက ဆိုတဲ့ အသိကြောင့်လား လက်တွေပါ တုန်လို့ ရင်တွေလည်း ခုန်ရပါတယ်။

မင်းနဲ့ တွေ့မှ ကိုယ်လည်း ချိန်ကိုက်ဗုံးလိုပဲ ထိလိုက်တာနဲ့ပဲ ပေါက်ကွဲတော့ မလိုလို။

ကြိုးကြိုးစားစား ဖွင့်ပြီးကြည့်လိုက်တဲ့ ချိန်မှ အ့ံသြသွားမိတဲ့ အဖြစ်ရယ်ပါ။ အဖြူရောင် ဝတ်စုံတစ်စုံက သန့်ပြန့်နေလိုက်တာ။ စာခေါက်ကလေးက ဘာတဲ့ "ဒီဝတ်စုံလေး ဝတ်ပြီး ကျွန်တော့်ပွဲကို တက်ပေးပါလား"တဲ့။

ဝတ်စုံကို တစ်ချက်ကြည့်လိုက် စာကို တစ်ချက်ကြည့်လိုက်နဲ့ ပါးစပ်က ဟနေပေမဲ့ ကိုယ်ဘာမှ မပြောထွက်တော့ဘူး။

ရင်ထဲ တင်းကြပ်နေပေမဲ့ ဖွင့်ဟဖို့က မဖြစ်နိုင်ဘူး။ ပါးစပ်ကို လက်နဲ့ ခပ်တင်းတင်းအုပ်လိုက် ရှိုက်ငိုပြစ်လိုက်တယ်။

အသံမထွက်ပဲ ငိုမိ၍လား ရင်ဘတ်ကပါ နာလာတယ်။ တကယ်သာဆို ကျွန်တော်ပြိုလှဲနေတာကို ကိုယ်စောင့်နတ်တောင် သိစေချင်တာ  မဟုတ်ဘူး။

~~~

မင်္ဂလာနေ့ရက်မှာ သူပို့ပေးထားတဲ့ ဝတ်စုံလေးကို ထုတ်ဝတ်တော့ နက်ခ်တိုင်ကစ ဖိနပ်အဆုံး အဖြူရောင်ချည်းသာဖြစ်သည်။

မင်းပေးတဲ့ ဒီဝတ်စုံနဲ့သာဆို မင်းကို လက်ထပ်ခွင့်သာ တောင်းပလိုက်ချင်တယ်။

ကတီပါဗူးနီလေးထဲက လက်စွတ်နှစ်ကွင်းကို အသာဆွဲထုတ်လို့ လက်သူကြွယ်မှာ ထပ်စွပ်လိုက်တယ်။ မပေးလိုက်ရတော့ပေမဲ့ ဒီလက်စွပ်လေးနှစ်ကွင်းကိုတော့ မကွာကွင်းစေလို။

Triangle {Completed}Where stories live. Discover now