ယူရှောင်းမိုက စဉ်းစားလိုက်ပြီး
သူတို့နဲ့မငြင်းခုံဖို့ဆုံးဖြတ်လိုက်သည်။

သူ့အတွက်ကတော့ အရင်ဝင်ဝင်၊ နောက်မှဝင်ဝင်
ကိစ္စမရှိပေ။ ဒါ့အပြင် ဒီဟာက
ချန်မဟာမိတ်ရဲ့ပိုင်နက်ဖြစ်တယ်။
သူပြဿနာမရှာချင်ဘူး။

ယူရှောင်းမိုက လင်းရှောင်ဘေးပြန်သွားလိုက်ပြီး
တိုးတိုးလေးပြောလိုက်တယ်၊
"သူတို့က ချီလင်မျိုးနွယ်ကလား?"

လင်းရှောင်က လူငယ်ရဲ့နောက်ကျောကို
ကြည့်လိုက်ပြီး မျက်လုံးမှေးလိုက်တယ်၊
"သူ့ကို အရင်ကမမြင်ဖူးဘူး။
ကိုယ်ထွက်သွားပြီးမှ ပေါ် လာတာဖြစ်မယ်"

"သူကတကယ့်ကိုမောက်မာတယ်"

လင်းရှောင်က ခေါင်းငုံ့လိုက်ပြီး
တစ်ချက်ကြည့်လိုက်တယ် "ချီလင်မျိုးနွယ်က
လူတွေက အမြဲတမ်းမောက်မာလာတာလေ"

ယူရှောင်းမိုက သဘောတူစွာခေါင်းညိမ့်လိုက်တယ်။
သူ့ရှေ့ကလူက အကောင်းဆုံးဥပမာပဲ။

လင်းရှောင်က သူ့နဖူးကိုခေါက်လိုက်တယ်။
သူဘာတွေးနေလဲဆိုတာ လင်းရှောင်
ဘယ်လိုလုပ်မသိဘဲနေမလဲ?

ယူရှောင်းမိုက နဖူးကိုကာလိုက်ပြီး
တိတ်တဆိတ်ကျိန်ဆဲလိုက်တယ်။ အာ့!
ကိုယ့်ဘာကိုယ်တွေးတာတောင်
တွေးလို့မရဘူးပေါ့? ဒီလူက မောက်မာရုံတင်
မဟုတ်ဘဲ အလွန့်အလွန်လဲအထက်စီးဆန်
သေးတယ်!

သို့ပေမယ့် မဝင်ခင်မှာ လူငယ်က
ရုတ်တရက်ပြန်လှည့်လာပြီး သူတို့ကို
အထင်မြင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်၏။

ယူရှောင်းမိုက စုတ်သပ်လိုက်သည်၊
မောက်မောက်မာမာမနေရဘဲ သူများကိုမနှိမ်ရရင်
သေသွားမှာမလို့လား?

ဒီကမ္ဘာကလူတွေက မတရားကိုအငြိမ်မနေ
တတ်ကြတာပဲ!

တံခါးမှာရပ်နေတဲ့ယွီပုက အကုန်လုံးကို
မြင်တယ်။ ချီလင်မျိုးနွယ်က ထုံထျန်းတိုက်မကြီး
ပေါ် က အင်အားစုတွေအားလုံးရဲ့ထိပ်မှာ
ရပ်တည်နေတယ်၊ ဒါ့ကြောင့် ငယ်ရွယ်တဲ့
မျိုးဆက်တွေက အခြားလူတွေပေါ် မှာ
အထင်သေးကြတာက ရှောင်လွှဲလို့မရဘူး။
ယူရှောင်းမိုနဲ့လင်းရှောင်က ဒီကိစ္စကိုအထအန
လိုက်ကောက်မနေတာကိုမြင်တော့
သူ့စိတ်ထဲမှာ သက်သာသွားပြီး
သက်ပြင်းချလိုက်တယ်။
သူတို့အပေါ် သူ့အမြင်ကလဲ ပိုကောင်းလာတော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now