မဟုတ်သေးတော့ဘူး ဒါက ကျွန်မသိတဲ့ Yiboတဲ့လား ဘာလို့ ဒီလေါက်တောင် တည်ငြိမ်သွားရတာလဲ။ ဖြူစင်တဲ့အပြုံးတွေအစား ဒီလိုအပြုံးတွေက ညို့ချက်ပြင်းလွန်းတယ်။ သူတကယ်ပဲ Yiboကော ဟုတ်ပါရဲ့လား။

သူ့စကားကြောင့် အံ့သြသွားဟန်ရတဲ့ Hae Yeonကြောင့် Yibo တဘောတကျပြုံးပြီး~~~

"ပြန်မမိတ်ဆက်တော့ဘူးလား Miss Mao Xaunli"

"ဟင် မဟုတ်~~~"

ဟင့်အင်း သဘောမကျဘူး ယခု Yiboက အရင်လို မဟုတ်တော့ဘူး။ ဘာတွေများ ကြုံတွေ့ခဲ့ရလေသလဲ Yiboရယ်။

စောင့်ပြီး နားထောင်နေဟန်နဲ့ ပြုံးပြနေတဲ့ Yiboကြောင့် Hae Yeonတစ်ယောက် သက်ပ​ြင်းတစ်ချက်ချလို့~~~

"မင်္ဂလာပါ Kim Groupရဲ့ ဆက်ခံသူ Mao Xaunli လို့ခေါ်ပါတယ်။ တရုတ် ကိုးရီးယား ကပြားမလေးပါ။ အများသိနာမည်ကတော့ Kim Hae Yeonပါ"

"ဟဟ"

ရယ်စရာမပါပါပဲ Yiboကရယ်သည်။ ထူးဆန်းတယ်လို့ ကျွန်မခံစားရတယ်။
ဘာလို့ ဒီလေါက်တောင် ပြောင်းလဲသွားရတာလဲ။

"ကျွန်တော့်ကို မကြောက်ပါနဲ့ Haeရယ် အဖွားပြောတဲ့ မိန်းခလေးက Haeဖြစ်နေမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ Haeဆိုတော့ ကျွန်တော် အရမ်းဝမ်းသာနေတာ။ ဒါပေမဲ့ Hae သဘောကကော အရင်လို ကျွန်တော့်ကို ချစ်သေးရဲ့လား?"

"ရှင်~~~"

ရုတ်တရက်ပေမို့ Hae Yeon တစ်ယောက် ပြောစကားတို့ ​ပျောက်ရှခဲ့ရလေသည်။ တအံ့တသြနဲ့ ပါးစပ်ကလေး ဟသွားခဲ့ပေမဲ့ လက်တွေ့မှာတော့ သူမ ဘာစကားမှ ထွက်ဆိုမလာခဲ့။ Yiboကိုသာ ပျောက်ကွယ်မှာစိုးသည့်အလား စိုက်ကြည့်နေလေသည်။

"Hae ကျွန်တော်နဲ့ လက်ထပ်နိုင်မလား"

အံ့သြလွန်ပြီး သေပါစေလို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောယူခဲ့လေသလား Yiboရယ်။ စက္ကန့်မလပ် ရင်ခုန်အောင် ရှင်ပြုစားနိုင်လွန်းတယ်။

ဒါက အိမ်မက်ဆို မနိုးထပါရစေနဲ့တော့။

သူ့ကိုငေးမောနေဆဲ ဖြစ်တဲ့ Hae Yeonရဲ့လက်ကို အသာဆုပ်ကိုင်ပြီး အဖြေတောင်းလိုဟန်နဲ့~~~~

"Hae~~~"

"Hae အိမ်မက် မက်နေတာလားဟင်?"

မယုံနိုင်သလို အသံတိုးတိုးလေးနဲ့ သူမ ကျွန်တော့်ကို မေးလာတယ်။ ကျွန်တော် ခေါင်းကို ခါလို့ ငြင်းပေးမိတယ်။ အဖွားရွေးပေးထားတဲ့ ကြင်ဖက်က သူမဖြစ်နေလို့ ကျွန်တော် ကံကောင်းတယ်လို့ မှတ်ယူလိုက်မယ်။ သူမနဲ့သာဆိုရင် ကျွန်တော် အဆင်ပြေနိုင်လောက်တယ်မလား။

Triangle {Completed}Where stories live. Discover now