"တ တကယ်လား ခလေး တကယ်လား"

ဝမ်းသာအားရနဲ့ သူ့လက်ခလ​ေးကို ကိုင်လို့ ခုန်ပေါက်မြူးထူးနေတဲ့ Xiao Zhanက အပြစ်ကင်းစင်လွန်းလှသည်။ ခလေးလေးတစ်ယောက်လို ပြစ်ရက်စရာတစ်စက်ကလေးမှ ရှိမနေခဲ့။

"ခင်များ ထပ်ခါ ထပ်ခါမေးနေရင် ကျွန်တော် စိတ်ပြောင်းလိုက်ရမလား"

Yibo စကားလည်း ပြီးရော Xiao Zhan ပြာပြာသလဲလဲ နဲ့ ပါးစပ်ကို လက်နဲ့ အုပ်ပြီး သူမပြောတော့ဘူး ဆိုတဲ့ ပုံစံနဲ့ ခေါင်းခါပြလာလေသည်။

"လာလေ ကားပေါ်တက်မယ် "

ခေါင်းလေးအသာခါလို့ မင်းပြုံးလိုက်တာလားပဲ။ ဖြူစင်လိုက်တာ အချစ်ရယ်။

~~~~

ရွာက ထမင်းဝိုင်းလေးက အရမ်းမြိန်တာပဲ သေချာပေါက် မင်းပါနေ၍လား။

ရွာရဲ့ လေ​ေပြလေးက အေးချမ်းတယ် သေချာပေါက် မင်းရှိတဲ့ အရပ်ပေမို့ ထင်တယ်။

ရွာမှာ သာတဲ့လနဲ့ မှိတ်တုတ်မှိတ်တုတ်ကြယ်ပွင့်လေးတွေက သိပ်လှတယ် သေချာပေါက် မင်းကတော့ သူတို့ထက်ပိုလှတယ်။

ဘဝမှာ ပြည့်စုံပြီဆိုတဲ့ ခံစားချက်ကို ကိုယ်ခံစားနေရသလိုပဲ ။ သေချာပေါက် ဒီဘဝကြီးရဲ့ ကွက်လပ်မှာ ဖြည့်ပေးဖို့ မင်းပဲ လိုတာပါ။

~~~~

ဟိုတယ်ရဲ့ မနက်ခင်း အစားအစာက ညလိုပဲ သိပ်စားလို့ကောင်းသည်။ ဒီနေ့ရက်ရဲ့ အိမ်အပြန်လမ်းက အလာခရီးလို အေးစက်မနေပဲ ရယ်မောသံမပါပေမဲ့ နွေးထွေးလို့။

~~~~

"မြေးလေး အဖွား အခန်းထဲ ဝင်လာမယ်နော်"

Yibo ကြာပန်းခင်းထဲက ရိုက်ထားတာလေးတွေကို ပြုံးပြုံးလေးနဲ့ ပြန်ကြည့်နေတုန်း အဖွားဖြစ်သူရဲ့အသံကြောင့် Computerကို အမြန်ပိတ်လို့~~~

"ဟုတ်ကဲ့အဖွား"

"အဖွား ဘာကိစ္စ ရှိလို့လဲ သားကို ခေါ်လိုက်တာ မဟုတ်ဘူး အဖွားကတော့"

သခင်မကြီးလန် မြေးဖြစ်သူရဲ့ ကုတင်ပေါ်ထိုင်ချပြီး~~~

"မြေးလေးကို အဖွားပြောစရာရှိလို့ မြေးလေးရဲ့ မြေးလေးဘဝအတွက် အရမ်းအရေးကြီးတဲ့အရာလေ "

Triangle {Completed}Where stories live. Discover now