"ခလေးမ"

"အင့်"

Hae ကိုယ်တိုင်လည်း ရုတ်တရက်မို့ ဘာမှ မစဥ်းစားနိုင်တော့ပဲ Seoun Younရင်ခွင်ထဲမှာတင် မျက်လုံးလေးပြူးလို့ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

တစ်ချို့အချစ်တွေက ဖော်ပြရခက်သည်။
သူရှိနေတယ်လို့ ပြောပြမနေပဲ တည်ရှိပေးနေတတ်တာမျိုး။

~~~~

"ဒါဆို အစ်ကိုလည်း သူနဲ့ အဆက်အသွယ်မရဘူးပေါ့"

"အင်း"

ညစာစားဝိုင်းမှာ အရမ်းလွမ်းခဲ့ရတဲ့ အကြောင်းတွေ ဖွင့်ရခွင့်မရခဲ့ပေမဲ့ ကျွန်တော်တို့ မရပ်မနား စကားပြောနေမိတယ်။ သေချာပေါက် သူမ သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ သွေးသောက်ညီငယ်လေး အကြောင်းဖြစ်တယ်။

သူမ ဖွင့်ဟသမျှစကားလုံးကို နားနဲ့ နားထောင်လို့ နှလုံးသားနဲ့ မှတ်ယူတယ်။ ကိုယ့်အတွက် မဟုတ်ပေမဲ့ သူမရဲ့ မြတ်နိုးရာဖြစ်တယ်။

ကျွန်တော် သူမကို ဘယ်ချိန်ကတည်းက ချစ်တာလည်းဆိုတာ ကျွန်တော် မသိဘူး။ ကိုယ့်ကိုယ်နားလည်ချိန်မှာတော့ နှလုံးသားက သူမကို ရွေးချယ္သွားခဲ့နင့်ပြီ။

~~~~

"ဟင်ဟိုမှာ လူတစ်ယောက် ရေနစ်နေတာလား"

"ဆင်းကူကြလေ"

"ဟာ ရေက ကြမ်းတယ်"

မြေပိုင်ရှင်နဲ့ ဘယ်လိုညှိညှိ ညှိမရတာကြောင့် Yiboနဲ့ Xiao Zhan စိတ်ညစ်ညစ်နဲ့ ချောင်းဘေးမှာ လမ်းလျှောက်ကြည့်နေတုန်း လူသံတွေကြောင့် အထူးအဆန်း လုပ်ပြီး နှစ်ယောက်သား ကြည့်လိုက်တော့ ချောင်းထဲမှာ ကလေးမလေးတစ်ယောက် မြုပ်လိုက်ပေါ်လိုက်ဖြစ်နေပေမဲ့ ဘယ်သူမှလည်း ဆင်းမကယ်ရဲ။

"ကျစ်! ခလေးသေတော့မှာပဲ"

ဗွမ်း!!

"ဟယ် ဟိုကောင်လေး!"

"ခလေး!"

ခလေးသေမည်စိုးသဖြင့် ကိုယ့်အရပ်ဒေသမဟုတ်ပေမဲ့ Yibo တွေးမနေပဲ ရေထဲခုန်ဆင်းလို့ ခလေးမဆီ ကူးသွားလေသည်။

အားလုံးအထိတ်ထိတ်အလန့်လန့် ဖြစ်နေချိန်မှာ  Xiao Zhanကိုယ်တိုင်လည်း တုန်ရီနေမိသည်။ သူကိုယ်ဝင်ကူချင်ပေမဲ့ ခြေထောက်တို့က လှုပ်လို့မရ။

Triangle {Completed}Where stories live. Discover now