"ခင်များအရင်ချိုးပါ ကျွန်တော် ငိုက်နေသေးတယ်။ ခနနားအုံးမယ်"

ခင်များတဲ့ စာတွေိဖွဲ့ပြီး ညီးညူမနေတော့ဘူး။ အချိန်တစ်ခုထိတော့ ပေးဆပ်ရအုံးမယ်လို့သာ ရင်ထဲ မြဲမြဲ  မှတ်သားလိုက်တော့မယ်။

"ဒါဆို ကိုယ်္အရင်ချိုးပြီနော်"

ဘာစကားသံမှ ပြန်မရပေမဲ့ ကျွန်တော် ကျေနပ်တယ်။ အခု ကျွန်တော် ခလေးနဲ့ အတူတူရှိနေတာပဲ ထပ်မံကြိုးစားတာပေါ့။

Xiao Zhan ရေချိုးခန်းထဲ ဝင်သွားတော့ ရွေးပေးနေကြ ညဝတ်လေးကို ထရွေးဖို့ Yiboကိုယ်တိုင်မသိပဲ ထလုပ်မလို့ ရပ်နေလေသည်။

"ငါဘာလုပ်ဖို့ ကြံနေတာလဲ ငါရူးနေတာလား? 5နှစ်ကျော်ခဲ့ပြီ သူနဲ့ပြန်တွေ့မှ ဒီအကျင့်က ပေါ်လာတာတဲ့လား? Lan Yibo မပီသလိုက်တာ"

Yibo စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်ကို ဆွဲဖွပြီး ကုတင်ပေါ် ခန္ဓာပစ်တင်လို့ စိတ်ငြိမ်အောင် အိပ်ပလိုက်လေသည်။

အိပ်ပျော်သွားတာပဲကောင်းတယ်။ ဒီလိုသာဆို ဘာမှတွေးစရာမလိုသလို ဘာမှလည်း နာကျင်စရာမလိုတော့ဘူး။

ကြိုးစားမျက်လုံးမှိတ်ရင်း Yiboကိုယ်တိုင်က အိမ်မက်ကမ္ဘာဆီသို့~~~။

ကျွန်တော်  ရေချိုးပြီးထွက်လာတော့ ခလေးက အိပ်ယာပေါ်မှာ ပက်လက်ကလေး အိပ်ပျော်နေလေရဲ့။

ကျွန်တော် သတိမထားမိချိန်မှာပဲ ကျွန်တော်က ခလေးရဲ့ ကုတင်နားရောက်နေလေပြီ။

ကြည့်ပါအုံး ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ခလေးလေးလဲ။ မျက်ခွံမို့မို့လေးကလည်း မြတ်နိုးစရာ နှာခေါင်းလုံးလုံးလေးရော ပြီးတော့ ဒီ နှုတ်ခမ်းဖူးဖူးလေးရောပဲ။ ပြီးပြည့်စုံတယ် ဆိုတာ ဒီခလေးမှာ လာရောက်စုပြုံထားလေသလားပဲ။ ပြီးတော့ ဒီပါးဖောင်းလေးကလည်း ဖိကပ်နမ်းလိုက်ရင် နစ်ဝင်သွားမဲ့ ဖြစ်ခြင်းပဲ။

ဒီလူက ကျွန်တော် ပိုင်ဆိုင်ဖူးတဲ့လူတဲ့။ သူ့အချစ်အလုံးစုံကို ကျွန်တော်ရဖူးခဲ့တာတဲ့။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် ရက်ရက်စက်စက် နင်းချေခဲ့ဖူးတာတဲ့။ လက်စားချေချင်စိတ်တစ်ခုတည်းနဲ့လေ။

Triangle {Completed}Where stories live. Discover now