နောက်ပိုင်းတွင် ခေါင်းဆောင်ဟောင်းသိသွား
သည့်အခါ သူ့ကိုခေါ် သွားတော့သည်။

သို့ပေမယ့် ရှုန်းရှောင်က ဖုန်းချီယွင်ကိုပင်မမိသားစုရဲ့
အကျဉ်းထောင်ထဲမှာခတ်ထားတာမဟုတ်ကြောင်း
သိရှိနိုင်ခဲ့သည်၊ ထိုအကျဉ်းထောင်၌ခတ်ထားခံ
လိုက်ရလျှင် ပြန်ထွက်လာနိုင်ဖို့အခွင့်အရေးက
မရှိသလောက်ပင်ဖြစ်သောကြောင့်ဖြစ်သည်။

ခေါင်းဆောင်ဟောင်းက ဖုန်းချီယွင်ရဲ့နေပုံထိုင်ပုံကို
အကျဉ်းချမထားပေ၊ သို့သော်လည်း
သူက ပင်မအိမ်တော်တွင်သာနေရ၏။

ပင်မမိသားစုဘယ်မှာနေလဲဆိုတာ သူတို့မသိနိုင်ဘူး
လို့တွေးပြီး ရှုန်းရှောင်ကမြေပုံတစ်ခုလဲ
ပေးလိုက်သည်။

သူ့ရှောင်ရှစ်တိရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့
သွေးစွေးနီကလန်ကတစ်ယောက်ယောက်ကို
ရက်အနည်းငယ်အတွင်းလွှတ်လိမ့်မယ်လို့လဲ
ဖော်ပြထား၏။ ဘယ်သူလဲဆိုတာတော့
သူမသိပေမယ့် အဆင့်အတန်းကတော့
အရမ်းနိမ့်မည်မဟုတ်ပေ။

ရှုန်းရှောင်ရဲ့ဆရာက သူတို့ရှောင်ရှစ်တိကို
အလွန်ချစ်ခင်ကြောင်းမှာကျော်ကြားပြီး
တောင်ပိုင်းတိုက်မကြီးရဲ့အင်အားစုကြီးများထဲမှ
တစ်ခုဖြစ်တာကြောင့် သွေးစွေးနီကလန်က
မည်မျှပင်တစ်ဘို့တည်းကြည့်တတ်ပါစေ
သူတို့ဆရာကိုမျက်နှာသာပေးရမည်ဖြစ်သည်။
ထို့ကြောင့် တက်ရောက်မည့်သူမှာ
ခေါင်းဆောင်ဟောင်းမဟုတ်လျှင်
သူ့သားတစ်ယောက်ဖြစ်မည်ဖြစ်သည်။

" ခေါင်းဆောင်ဟောင်းရဲ့အဆင့်က
ဘယ်လောက်ရှိလဲ?" ယူရှောင်းမိုကမေးလိုက်တယ်။
သွေးစွေးနီကလန်က ကြွယ်ဝသည့်အခြေခံရှိရာ
၎င်းမှာ ရှေးကာလကတည်းကဆင်းသက်လာသော
မိသားစုကြီးတစ်ခုဖြစ်သည်ကိုသက်သေပြနေ၏။
ပင်မမိသားစုကိုဖောက်ဝင်ပြီး ဖုန်းချီယွင်ကို
ကယ်ဖို့က လွယ်မှာမဟုတ်ပေ။

လင်းရှောင်ကပေလွှာပေါ် ကအကြောင်းအရာတွေကို
ဖတ်နေရင်း ပြန်စဉ်းစားလိုက်တယ်
" သူက ချန်မဟာမိတ်ခေါင်းဆောင်နဲ့အဆင့်တူ
လောက်မှာရှိမယ်၊ သူဘယ်လောက်သန်မာလဲ
မင်းပြောကြည့်လေ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now