"Hae သူ သူမ အခု ဘယ်မှာလဲ"

Yibo အမေးစကားကြောင့် Seoun Younမျက်နှာပျက်သွားလေသည်။ သူကိုယ်တိုင်လည်း သိချင်နေတာမလား။ ဒါပေမဲ့ သူမှမသိဘဲ။

"ငါလည်းမသိပါဘူး မင်းကို ရှာတာ တစ်နှစ်လည်းပြည့်ရော သူဒီမှါမနေတော့ဘူး ဆိုပြီး လာနှုတ်ဆက်ပြီးနောက် ငါတို့ ထပ်ကို မတွေ့တော့တာ။ ရှင်းရှင်းပြောရရင်တော့ 4နှစ်ကျော်ခဲ့ပါပြီ"

"ဗျာ"

~~~~

အချစ် တခါတလေတော့လည်း
လူတွေကို ညင်းပန်းနှိပ်စက်လွန်းနေပါရောလား?

~~~~

"ငါတို့ အဲ့လိုလုပ်လို့ ဖြစ်မလား"

"ဖြစ်မှာပါကျဲ ဒီမြေပိုင်ရှင်က ဒေါသကြီးတယ်တဲ့ ကျွန်တော်တို့ ညှိလို့လည်း ဖြစ်မယ် မထင်ပါဘူး။ CEO နှစ်ယောက်ကို လွှတ်ကြတာပေါ့ဗျာ"

"ငါတို့ အပြစ်မရလောက်ပါဘူးနော္"

"စိတ်ချ ပါကျဲ"

~~~~

အတွင်းရေးမှူးနှစ်ယောက်ရဲ့ စနက်ကြောင့် CEO နှစ်ယောက် ကားအတူတူစီးရင်းပဲ ခရီးတစ်ခုကို အတူတူ ထွက်ခွါခဲ့ရလေသည်။

CEO Xiaoက ပြုံးနေသလောက်  CEO Lanကတော့ ပြုံးလည်းမပြုံးသလို ဒေါသထွက်နေသလိုလည်းမဟုတ်ခဲ့။ ပကတိငြိမ်သက်နေတဲ့ မျက်နှာက အေးစက်စက်။

မောင်းသူနေရာမှာ CEO Xiao ဆိုရင် Lover seat မှာကတော့ CEO Lan ထိုင်နေတာဖြစ်သည်။

ရွာငယ်လေးမှာ ပရောဂျက်လုပ်ဖို့ ဆိုတာ ရွာသူ ရွာသားတွေ လက်ခံဖို့ ခက်ခဲမှာ အမှန်ပေမို့ CEO ကိုယ်တိုင် သွားရောက် ​ဆွေးနွေးရခြင်းဖြစ်သည်။

~~~~

Xiao Zhan တစ်ယောက် Yiboနဲ့ ခရီးထွက်ရတာကို ပျော်ပေမဲ့ ငြိမ်သက်လွန်းတဲ့ Yiboကြောင့် ဝမ်းနည်းရပြန်သည်။

ခန္ဓာကိုယ်နီးနေပါရက်နဲ့ နှလုံးသားတွေက
ဝေးနိုင်ရက်လွန်းတယ်။

"ခလေး~~~"

Xiao Zhan Yiboနဲ့ စကားပြောမယ်ကြံတော့
Yibo အိပ်နေတာကို  တွေ့ရလေသည်။

တကယ်အိပ်ပျော်နေတာလား? တမင်တကာများ အိပ်ချင်ယောင်ဆောင်နေတာလား? သဲကွဲစွာမသိခဲ့ရပေမဲ့ တကယ်လည်းအဆင်ပြေသလို ပုံရိပ်ယောင်လည်း အဆင်ပြေတာမို့ ကားကို လမ်းဘေးခဏရပ်ပြီး ယူလာတဲ့ စောင်အပါးလေးကို ဆွဲယူလို့ Yiboကိုယ်လေးပေါ် ခြုံပေးလိုက်လေသည်။

Triangle {Completed}Where stories live. Discover now