ငယ်ငယ္ကတည်းက အမြဲအလိုလိုက်ခံရတဲ့
Hae Yeon တစ္ယောက္ သူမအဖေဖြစ်သူ ခေါင်းမညိတ်မချင်းကို မရမက ချွဲနေလိုက်တော့သည္။

အဖေဖြစ်သူရဲ့ လက်မောင္းကိုဖက်ပြီး ခေါင်းလုံးလုံးလေးနဲ့ ထိုးခွေ့နေသည်မှာ ကြောင်ဆိုးလေးတစ်ကောင်လိုကို ဖြစ်လို့။

"နော် Appaနော်"

လာနေပါပြောတုန်းကလည်း အတင်းကို မနေဘူး။ ရောက်လည်းရောက်လာရော ပြန်ကို မပြန်ချင် ဖြစ်နေတဲ့ သမီးဖြစ်သူကို Mr.Kim မနိုင်တော့။

"ကဲပါ မင်းသမီးလေးရယ် မင်းသမီးလေး သဘောအတိုင်းပါဗျာ တစ္ပတ်နေပြီးရင်တော့ Chinaကို ပြန်တော့"

"ဟီး ဒါကြောင့် Appaကို ချစ်နေရတာ ဟီးဟီး"

Hae Yeon အဖေဖြစ်သူကို ချွဲ ပြီး ထိုသို့ဆိုတော့ သူမအဖေက သူမခေါင်းလေးကို ဖွလို့ ပြန်စလိုက်လေသည်။

သူမကိုယ်တိုင်ကိုက Kim အိမ်တော္ရဲ့ အချစ်တော္လေးပဲမဟုတ်လား။

~~~~

"ကျဲ ဒါဆို ကျဲရဲ့ CEO နာမည်အစစ်က Wang Yibo ပေါ့ ဟုတ်လား"

"ဟုတ်တယ်လေ မောင်လေးရဲ့ ဒါနဲ့ အစကနေအဆုံး မမကိုရှင်းပြအုံး Yiboလေးနဲ့ နင့်CEOရဲ့ ပတ်သက်မှုကိုလေ။ မမသူတို့ကို ကြည့္ပြီး စိတ်မသက်မသာအရမ်းဖြစ်နေလို့"

ကျန်းချန် အစ်မဖြစ်သူ ချပေးလာတဲ့မုန့်
ပန်းကန်ကို ဆွဲယူလို့ မုန့်ကို တမြုံ့မြုံ့ဝါးရင္းနဲ့ သူ့အစ်မကို ထောက်ခံသလို ခေါင်းတငြိမ့်ငြိမ့်ကို ဖြစ်လို့။

"မမက စိတ်မသက်မသာပဲ ဖြစ်တယ္ ကျွန်တော္ကတော့ သူတို့ကြားမှာနေပြီး ရူးတော့မလိုကို ဖြစ်နေတာ ကျဲရဲ့"

ယန်လီကတော့ မိန်းခလေးပီပီ ကျန်းချန်စကားကို ကြားတာနဲ့ ကျန်းချန်အနားကိုတိုးကပ်လို့ သိချင်စိတ္နဲ့အတူ မျက်ဝန်းလေးတစ်လက်လက်ကို ဖြစ်လို့။

"ကျဲကိုပြောပြပါအုံး မောင်လေးရဲ့"

"မုန့္ကုန်သွားပြီကျဲ"

"သေနာလေး စားနေတာ မွေးကတည်းက ဝကိုမဝတတ်တော့ဘူးလား! ဟင့်"

ယန်လီတစ်ယောက် သူမမှာတော့ မျှော်လင့်တကြီး နားထောင်ဖို့စောင့်နေပေမဲ့ မောင္လေးဖြစ်သူက မုန့်ကိုသာတောင်းနေတာကြောင့် စိတ်ပေါက်ပေါက်နဲ့ မုန့်ပန်းကန်ကို ဆွဲယူလို့ မုန့်ထည့်ပေးလိုက်လေသည်။

Triangle {Completed}Where stories live. Discover now