ယူရှောင်းမိုက သူ့လက်ကိုဖယ်ထုတ်လိုက်သည်
" ငါ့အတွက်ပူစရာမလိုဘူး။ သူ့ကိုအနိုင်တိုက်နိုင်မယ်
လို့ခံစားရတယ်။ ဒါ့ပြင် ရှဲ့ချုံးကလဲ
အပေါ် ထပ်မှာတင်လေ။ အောက်ထပ်မှာဒီလောက်
ကြီးတဲ့ရန်ပွဲကြီးဖြစ်နေတာ သူသိပြီးတာကြာ
လောက်ပြီ။ အခုအပေါ် ထပ်ကနေ
ကြည့်နေတာတောင်ဖြစ်နိုင်တယ်"

" တစ်ရာရာခိုင်နှုန်းအာမခံချက်မရှိဘူး။
မစွန့်စားတာကောင်းမယ်"

ဒီမတိုင်မီက ယူရှောင်းမိုကအဆင့်တစ်ဆယ်မှော်ဆရာ
တစ်ယောက်ဖြစ်နေပြီဆိုတာကို ရှောင်ဟိန်မသိပေ။
သို့သော်ငြားလည်း သူအခုသိသွားတာတောင်မှ
သူ့တုံ့ပြန်မှုကအတူတူပင်ဖြစ်သည်။
ယူရှောင်းမိုသာဒဏ်ရာရသွားခဲ့လျှင် တစ်ခြားသူတွေ
ကိုဘယ်လိုရှင်းပြရမလဲ သူမသိချေ။

" စိတ်အေးအေးထား၊ မသေချာဘဲနဲ့ငါမလုပ်ဘူး"
ယူရှောင်းမိုက သူ့အဝတ်ထဲရှိ ဖီချုံးနှင့်
သတ္တုစားသားရဲလေးကိုမလိုက်သည်
" သူတို့ကိုခေါ် သွားပြီးစောင့်ကြည့်ထား။
နေရာတစ်ခုလုံးပတ်ပြေးခွင့်မပေးနဲ့"

ရှောင်ဟိန်က ထိုနှစ်ကောင်ကိုယူလိုက်ကာ
သူ့ကိုရှုပ်ထွေးသောအမူအရာနှင့်ကြည့်လိုက်၏။
ဘေးကနေပဲ ကြည့်ရတယ်ဆိုတာကိုတွေး
လိုက်ရင် သူကလုံးဝသောက်သုံးမကျတာပဲလို့
ခံစားရတဲ့ပထမဆုံးအကြိမ်ဖြစ်သည်။
ထားလိုက်ပါတော့ သူတို့ကခဏလောက်ပဲ
စိတ်လွတ်သွားကာရှိသေးတယ်၊ သခင်ကသူတို့ရှေ့
အများကြီးရောက်နေနှင့်ပြီးပြီ။

" သိပ်အဝေးကြီးမပြေးနဲ့ဦး။ ဒီကိစ္စပြီးသွားရင်
မင်းတို့ကောင်တွေကိုပေးစရာရှိသေးတယ်"

ပြောရင်းနှင့်ပင် ယူရှောင်းမိုကရှောင်ဟိန်ပြန်ဖြေတာ
တောင်မစောင့်တော့ဘဲ လှေကားရှိရာဘက်သို့
တွန်းလိုက်သည်။ သူနဲ့မျက်လုံးတစ်ဖက်အမာရွတ်
ကြောင့်ဖြစ်သွားသည့်ရုတ်ရုတ်သဲသဲမြင်ကွင်းကလဲ
ငြိမ်သွားပြီဖြစ်၏။ ရင်းနှီးနေသည့်အသွင်နှင့်
သူစိမ်းအဘိုးကြီးနှစ်ယောက်က
သူတို့နှစ်ယောက်ကြားတွင်
မည့်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now