Yibo သူ့ရှေ့က လူကို မြင်တော့ နောက်ပြန်ဆုတ်ဖို့ လုပ်ခဲ့မိသေးပေမဲ့ ဘာမှ မသက်ဆိုင်တော့ပဲ ဘာရင်မှလည်း ခုန်နေစရာမလိုတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အသိပေးရင်း ဓာတ်လှေကားထဲ ဝင်လိုက်လေသည်။

"အင့်"

လူပိနေတဲ့ ဓာတ်လှေကားမှာ အများသူငါ တိုးဝှေ့တော့ Yibo မရည်ရွယ်ပါပဲ ဘေးနားက လူရဲ့ ရင်ခွင်ထဲ တန်းတန်းမတ်မတ်ရောက်သွားလေသည်။

အားလုံးထွက်သွားကြပေမဲ့ အကြည်စိုက်နေသေးတဲ့ CEO နှစ်ယောက်က အေးဆေးပင်ဖြစ်သည်။

"ခင်များ လွှတ်! ကျွန်တော့်အသားကို မထိနဲ့ဖယ်!"

စိတ်လွှတ်နေတာ နှစ်ယောက်လုံးဆို အရင် အသိဝင်တာ မင်းဖြစ်ပေလိမ့်မယ်။ အသိကပ်တာနဲ့ ကိုယ့်ကို အတင်းတွန်းလို့ မင်းက ကိုယ့်ကို ရွံစရာ သတ္တဝါတစ်ကောင်လို ကြည့်လာတယ်။

"ကောင်း ကောင်းပြီ ခလေး ထိခိုက်သွားသေးလား ဘယ်နားနာသေးလဲ"

"ရူးနေလား ခင်များ ဖယ်!"

ကိုယ့်ကို စိတ်ပျက်သလို မျက်မှောင်ကျုံ့ကြည့်ပြီး မင်းက ဦးစွာ ထွက်သွားတယ်။

ကိုယ်အရေးစိုက်တာခံရလို့ မျက်လုံးလေးဝိုင်းဝိုင်းလေးနဲ့ ကိုယ့်ကို ပြုံးပြလာတဲ့ မင်းမျက်နှာလေးကို ကိုယ်တစ်ဖန် ပြန်မြင်ရလို့ မဖြစ်တော့ဘူးလား ခလေးရယ်။ ကိုယ့်အပြစ်က တကယ်ပဲ ခွင့်လွှတ်ပေးလို့မရတော့ဘူးလား။

~~~~

"CEO~~~"

ခြေလှမ်းကျဲတွေနဲ့ ဓာတ်လှေကားကနေ ထွက်လာတဲ့ CEOက ဒေါသကြောင့်လား ဝမ်းနည်းမှုကြောင့်လား မသဲကွဲစွာ မျက်နှာတစ်ခုလုံး နီရဲ နေပြီး အရှိန်အဟုန်တစ်ခုနဲ့ လမ်းလျှောက်နေတာကြောင့် ယန်လီ စိတ်ပူပြီး ဘေးနားကနေ ခပ်သွက်သွက်လျှောက်လိုက်ရလေသည်။

"CEO"

"ကျွန်တော် ဘာမှမ​ပြောချင်သေးဘူးကျဲ"

"ဟုတ် ဟုတ်ကဲ့"

Yiboရဲ့ အမိန့်တစ်ခုအောက်မှာ ယန်လီ နှုတ်ပိတ် အသံဆိတ်လို့ သူ့နောက်ကိုသာ စကားမပြောပဲ ရောက်သွားလေသည်။

Triangle {Completed}Where stories live. Discover now