~~~~

မျက်ရည်တို့ မြေခတယ်။ နာကျင်မှုတို့ကို
အားရပါးရ စာဖွဲ့မယ်။

နောင်တ ဆိုတာ နောင်မှ ရတတ်တယ်တဲ့ ။
ကိုယ်လည်းနောင်တရနေပါပြီ။ ဒီလိုဖြစ်မယ်ဆိုတာ ကိုယ်သာကြိုသိခဲ့ရင်လေ မင်းကို ကိုယ်စမ်းသပ်ခဲ့မှာမဟုတ်ဘူး။ မင်းကို ကိုယ်နှိပ်စက်ခဲ့မှာ မဟုတ်ဘူး။ ကိုယ်မှားပါပြီ ခလေးရယ်။ မင်း ကိုယ့်ကို အခွင့်အရေး တစ်ခေါက်လောက် ပေးလို့မရတော့ဘူးလားကွာ။

~~~~

Yibo ဒေါသတကြီးနဲ့ ရုံးခန်းထဲကနေ ထွက်လာတာကြောင့် ဘယ်ဝန်ထမ်းမှလည်း သူ့ကိုခေါင်းမော့ပြီး မကြည့်ရဲ အလုပ်ကိုသာ ကုန်းလုပ်နေကြလေသည်။

ပကတိ တည်ငြိမ်နေတဲ့ Yiboမျက်နှာက တည်တင်းလွန်း၍လား အေးစက်စက်ဘက်ကိုတောင် ရောက်လာလေသည်။

ခက်ထန်နေတဲ့ မျက်ဝန်းတောက်တောက်လေးဆီက အရည်ကြည်တစ်စက် လွှင့်စင်သွားတာကိုတော့ မည်သူတစ်ဦးတစ်ယောက်မျှ မမြင်လိုက်ရပေမဲ့ လေပြေလေးတွေကတော့ သူတို့ မြင်သွားတယ်လို့ တီးတိုးဆိုနေကြတယ်တဲ့။ သေချာပေါက် ကာရကံရှင်ကိုယ်တိုင်လည်း သိမယ်ထင်ပါတယ်။

companyကနေ ဒေါသတကြီးနဲ့ ပြန်လာတဲ့ သူဌေးလေးက ကားပေါ်ရောက်တာနဲ့ သူမဟုတ်သလို မျက်နှာလေး ညို့မှိုင်းပြီး တွေတွေလေးနဲ့ ကားပြတင်းပေါက်အပြင်ကိုငေးနေတာကြောင့် ယန်လီ မနေနိုင်စွာပဲ။

"CEO တစ်ခုခု လုပ်ချင်လား မဟုတ်လည်း တစ်ခုခုစားချင်လား ကျွန်မ စီစဥ်ပေးမယ်လေ"

5နှစ်လုံးလုံး သူမက ကိုယ့်မောင်လေးလို သားလေးလို ပြုစုလာရတဲ့ ခလေးပေမို့ ယန်လီအမှန်တကယ်ပဲ ဒီသူဌေးလေးအပေါ် ံယောဇဥ်တွယ်မိတာအမှန်။

အေးစက်စက် အသွင်အပြင်နဲ့ ဆိုပေမဲ့ ဒီသူဌေးလေးရဲ့ စိတ်ရင်းက ဘယ်လောက်နူးညံ့ပြီး ဖြူစင်နေမှန်း အနီးကပ်နေရတဲ့ သူမကိုယ်တိုင်က အသိဆုံးဖြစ်သည်။

အခုလည်း ငြိမ်သက်လွန်းနေတဲ့ သူဌေးဖြစ်သူကို မြင်တော့ သူမလည်း စိတ်မကောင်းဖြစ်ရပြန်သည်။

ဒါပေမဲ့ သူဌေးလေးက သူမကို တိတ်တိတ်နေဖို့ လက်ကာပြပြီး အချက်ပေးလိုက်တာကြောင့် သူမ ငြိမ်ငြိမ်လေးသာ ဘေးမှာလိုက်ပါရလေသည်။

Triangle {Completed}Where stories live. Discover now