ယူရှောင်းမိုက ဘာပြောရမလဲမသိတော့ချေ၊
ထျန်ရှင်းက ဆယ့်ကိုးနှစ်ပဲရှိသေးတာကို
သူသိတယ်၊ သူ့လိုနှစ်ဆယ့်နှစ်နှစ်က
သူမကိုအစ်မကြီးလို့ခေါ်ရမယ်ဆိုရင်.....
ကြက်သီးတောင်ထတယ်။

ဒါပေမယ့် အဲ့ဒီ့အခိုက်အတန့်မှာပဲ သူ့ရဲ့ကယ်တင်ရှင်
ကပေါ်လာတော့တယ်၊ သူ့ဘေးမှာထိုင်နေတဲ့
လင်းရှောင်က သူ့မျက်လုံးကိုအနဲငယ်ဖွင့်လိုက်ပြီး
ထျန်ရှင်းကိုမကြည်သည့်အကြည့်တစ်ချက်ပေး
လိုက်ကာ ပြောလိုက်၏၊ "ကံစမ်းမဲစနစ်နဲ့ဆိုင်တာ"

"အာ၊အဲ့လိုကိုး!"

စာတစ်ကြောင်းတည်းနဲ့ ယူရှောင်းမိုသဘောပေါက်
သွားတော့တယ်၊ လူသုံးယောက်က
တူညီတဲ့တစ်ယောက်တည်းကိုပဲစိန်ခေါ်ခဲ့မယ်ဆိုရင်
စင်မြင့်မှာ ကျပန်းမဲနှိုက်မယ်ဆိုတဲ့
စည်းမျဉ်းရှိတယ်လေ။ မဲရွေးခံလိုက်ရတဲ့သူကပဲ
တိုက်ခိုက်ခွင့်ရှိတယ်။

ဒီလူတွေက သူတို့ကိုဘယ်သူစိန်ခေါ်ထားလဲဆိုတာ
သိခဲ့ရင် သူတို့ကိုစိန်ခေါ်ယောင်ဆောင်ဖို့
လူခေါ်လို့ရတယ်လေ။ လူများလေလေ၊
ယူရှောင်းမိုတို့အရွေးခံရဖို့နည်းလေလေပဲ။

ထျန်ရှင်းက နှုတ်ခမ်းစူလိုက်ပြီး လင်းရှောင်ကို
အပြစ်တင်သလိုကြည့်လိုက်သည်၊
"ဒါပေမယ့်လည်း ဒါကစည်းမျဉ်းချိုးဖောက်တာ
ဖြစ်ပြီးတော့ ရှောင်ယောင်တက္ကသိုလ်က
တွေ့သွားရင်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရ
မှာကြောင့် သိပ်တော့မလုပ်ကြပါဘူး။
အပြစ်ကအရမ်းကြမ်းတာကြောင့်
သူတို့တွေသဲလွန်စမချန်မိတာ
မသေချာရင် ဘယ်သူကမှချိုးဖောက်မှာ
မဟုတ်ဘူး"

ယူရှောင်းမိုကတွေးနေတယ်၊ သူအဲ့လောက်ထိတော့
ကံမဆိုးလောက်ဘူးမလား?
သူကအထပ်ခြောက်ဆယ်ကိုသွားဖို့
ဒီအခွင့်အရေးသုံးခုကိုသုံးချင်တာလေ။

ခဏကြာတော့ စိန်ခေါ်ပွဲတွေစတော့တယ်။

ကျောက်စိမ်းပြားပေါ်မှာ ပထမပွဲစဉ်အတွက်
ပြိုင်ပွဲဝင်အယောက်နှစ်ရာပေါ်လာတယ်၊
ယှဉ်ပြိုင်သူအရေအတွက်က အထပ်နိမ့်တွေထက်
ပိုနည်းတာကြောင့် ယန်ဟွေ့၊ထျန်ရှင်းနဲ့
ကျန်းလန်ယွီတို့ရဲ့နာမည်အားလုံးလဲ
စာရင်းမှာပါနေတယ်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Opowieści tętniące życiem. Odkryj je teraz