"ကိုယ်တောင်းပန်ပါတယ်"

"မကြားချင်ဘူး ထွက်သွား!"

~~~~~

"Seoun Youn shi ကျွန်မတို့ ဝင်သွားရအောင်ပါ။ Yibo ငိုသံလေ ရှင်ကြားတယ်မလား ဝင်ကြည့်ကြမယ်လေ တစ်ခုခု မလွန်ခင် နော် Seoun Youn shi"

Yiboကို စိတ်ပူပြပြီး သူ့လက်မောင်းကို ဆွဲကိုင်လို့ တောင်းဆိုတဲ့ မျက်ဝန်းနဲ့ ကြည့်နေတဲ့ Haeကို Seoun Younဘာကြောင့်ရယ်မသိ ဆွဲထားချင်မိသည်။

သူများချစ်သူတွေကြား ဝင်ရှုပ်မှာကို စိုးရိမ်လို့လား။ ဒါမှမဟုတ် အပိုလို့ခံစားပြီး Haeနာကျင်မှာ စိုးရိမ်လို့လား။ တစ်ခုခုတော့ စိုးရိမ်နေသည်ဖြစ်သည်။

"ဘယ်သူပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် သူ့ကို ခေါ်ထုတ်သွားပေးပါ!!"

အထဲက အော်ဟစ်သံကြောင့် Seoun Younကော Hae Yeonပါ အထဲသို့ ဒုန်းဆိုင်းပြေးဝင်သွားလေသည်။

သူတို့ အထဲရောက်တော့ နှစ်ယောက်သား သွေးတွေ ဆောင့်တက်တော့မတတ် ဆွံ့အသွားရလေသည်။

Yiboက ဘေးစာပွဲက ပန်းအိုးကို ကိုင်ထားပြီး Xiao Zhanက Yibo ရှေ့မှာ ငူငူကြီး ရပ်နေလေသည်။

"Yibo Yibo ဘာလုပ်မှာလဲ? Yibo ဘာလုပ်ချင်လဲဟင် Haeကိုပြောလေ။ ဒါမဲ့ ပန်းအိုးတော့အရင်ချလေနော်"

"သူ့ကို ခေါ်ထုတ်သွား~~ ကျွန်တော် ဘာမှမလုပ်ခင် ခေါ်ထုတ်သွားတော့! သွား!"

"~~~"

ကျွန်တော်ဘာမှ မပြောမိတော့ဘူး ပါးစပ်ဟနိုင်ပါရက်နဲ့ ကျွန်​ျေတာ် စကားပျောက်ခဲ့ရတယ်။ ခလေးက ကျွန်တော့်ကို တကယ်ပဲ မျက်နှာမမြင်ချင်လောက်အောင် မုန်းသွားတာလား။ ခလေးကလေ ဒါဖြစ်နိုင်သွားတာလား။

Seoun Youn ဆွဲခေါ်သည့်နောက် အသက်မပါစွာပဲ နောက်ဆုတ် ထွက်သွားတဲ့ Xiao Zhanမှာလည်း မျက်ရည်လေးတွေ ရွှဲနေသလို၊ ကုတင်ပေါ်က Yiboမှာလည်း Hae ပန်းအိုးလေးအသာယူသွားတာနဲ့ ခန္ဓာလေးတုန်လို့ အူလိှိုက်သည်းလိှုက်ကို ငိုချလိုက်လေသည်။

~~~~~

ဒါက မှန်သလား မဟုတ်ရင်လည်း မှားနေလား ကျွန်တော်မသိတော့ဘူး။ ကျွန်တော် နာကျင်တာပဲ သိတော့တယ်။ ခဏလောက်ဖြစ်ဖြစ် ကျွန်တော်ထွက်သွားပါရစေ။

Triangle {Completed}Where stories live. Discover now